ဂန်းနား ဂန္တဝင် ကစားသမားဟောင်း ပေါလ်မာဆင် က ဒီ နေ့ညမှာ ကစားမယ့် မန်စီးတီး အသင်း နှင့် အာဆင်နယ် အသင်း ပွဲမှာ အနိုင်ရမယ့် အသင်းကို ရွေးရမယ် ဆိုပါက မန်စီးတီး အသင်းကို ရွေးရလိမ့်မယ်လို့ ဆိုလိုက်ပြီး အာဆင်နယ် အသင်း ပရိသတ် ဖြစ်နေတာကြောင့် သရေကျဖို့ကို ပိုပြီး မျှော်လင့်တယ်လို့ ပြောကြား လိုက်ပါတယ် ။
ပေါလ်မာဆင်က Sportskeeda မှာ ” အာဆင်နယ် အနေနဲ့ ပြီးခဲ့တဲ့ တစ်ပတ် တော့တင်ဟမ် နဲ့ ပွဲမှာသာ အမှတ်လျော့ခဲ့ရင် ဒီနေ့ပွဲက မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်မယ့် ပွဲပါ ။ ဒါပေမဲ့ အခုတော့ သူတို့ အတွက် မရှုံးရင်ကို ဖြစ်နေပါပြီ ၊ ဒါက ကွာခြားချက်ပါပဲ ။ အာဆင်နယ် ခံစစ်က စပါး နဲ့ ပွဲမှာ အတော်ကောင်း ခဲ့ပါတယ် ၊ မန်စီးတီး နဲ့ ပွဲမှာ အင်တာ ကစားသွားခဲ့ပုံနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ အင်တာက ခံစစ် ကစားပုံကောင်းတာတောင် မန်စီးတီး အခွင့်အရေး ရခဲ့ပါတယ် ။ ”
” ဘယ်လောက်ပဲ ရုန်းကန် ရပါစေ ၊ မန်စီးတီး က အခွင့်အရေးတွေ ဖန်တီးနိုင်စွမ်း ရှိပါတယ် ။ တော့တင်ဟမ်မှာက အဲ့လို စွမ်းဆောင် နိုင်စွမ်း မရှိပါဘူး ၊ ဒါကြောင့် အာဆင်နယ် အတွက် စိန်ခေါ်မှု ပိုမို ကြီးမားပါတယ် ၊ အာဆင်နယ် အနေနဲ့ မိနစ် ၉၀ လုံးလုံး သတိရှိရှိ နဲ့ ကစားဖို့ လိုပါတယ် ၊ အာဆင်နယ် အသင်းဘက်က စီးတီးဘက်ကို တန်ပြန်တိုက်စစ် နဲ့ ထိုးနှက်နိုင်ဖို့လည်း အရေးကြီးပါတယ် ။ ”
” သူတို့ချည်းပဲ အတိုက်ခံနေရတာဆိုရင် ပွဲက တစ်ဖက်စောင်းနင်း ဖြစ်ပီး လိုချင်တဲ့ ရလဒ် ရမှာ မဟုတ်ပါဘူး ။ တော့တင်ဟမ် နဲ့ ပွဲလောက် ကစားရတာ သက်သောင့် သက်သာ ဖြစ်မှာ မဟုတ်သလို ရိုက်စ် ပြန်ကစားနိုင်ပြီ ဖြစ်ပေမယ့် ဂျော်ဂျင်ညိုပဲ ပွဲထွက်လိမ့်မယ်လို့ ခံစားမိပါတယ် ၊ ဂျော်ဂျင်ညို က ဘောလုံး ကို ကောင်းကောင်း ကိုင်ကစားနိုင်ပါတယ် ။ အမ်းမရိတ်မှာ ၁-၀ နဲ့ နိုင်တုန်းက စီးတီး က သူ့ကို ထိလို့ မရလောက်အောင် ကောင်းခဲ့တာပါ ။ ”
” အာတီတာ အတွက် ဂျော်ဂျင်ညို ကို ကစားခိုင်းမလား မကစားခိုင်းဘူးလား ခေါင်းကိုက် စရာပါပဲ။ ဆလီဘာ နှင့် ဂါဘရီယဲလ် က လိဂ်ပြိုင်ပွဲ ရဲ့ အကောင်းဆုံး ခံစစ် အတွဲအဖက်ပါပဲ ၊ ဒါပေမဲ့ သူတို့ ရှေ့မှာ ကစားနေတဲ့သူတွေ ဘယ်လောက်ကောင်းကောင်း ကစားနေကြတယ်ဆိုတာ လူတွေ သိပ်သတိမပြုမိကြဘူးလို့ ခံစားရပါတယ် ။ ပါတေး နှင့် ရိုက်စ် နှစ်ဦးစလုံးက နောက်တန်းကို ကောင်းကောင်း ကာကွယ် ပေးထားတာပါ ။ စတုန်း နှင့် ဒီယက်ဇ် တို့ကိုလည်း ကြိုက်ပေမယ့် အာဆင်နယ် နောက်တန်း အတွဲအဖက်လောက် ခြေစွမ်း တည်ငြိမ်မှု မရှိလှပါဘူး ။ ”
” ဒီဘရိုင်းနား က ဒီပွဲကို လွဲမှာ ဖြစ်ပေမယ့် မန်စီးတီး အသင်း လူစာရင်း က အင်အား တောင့်တင်းပါတယ် ၊ တကယ့်ကို မယုံနိုင်စရာပါပဲ ၊ အယ်ဗာရက်ဇ် က်ု ရောင်းလိုက်တာက မှားယွင်းတယ်လို့ ထင်ပေမယ့် သူတို့ ပိုက်ဆံတွေ အများကြီး ရလိုက်ပါတယ် ၊ ကျနော့် ဦးနှောက်က မန်စီးတီး အနိုင်ရမယ်လို့ ထင်နေပေမယ့် နှလုံးသားက အာဆင်နယ် အသင်းကို သူတို့ အနိုင်မရပါစေနဲ့လို့ ပြောနေပါတယ် ။ဒါပေမဲ့ အနိုင်ရမယ့် အသင်းကို ရွေးပါဆို မန်စီးတီး ကိုပဲ ရွေးပါမယ် ၊ ကျနော်ကတော့ သရေကျမယ့် ပွဲလို့ ထင်ပါတယ် ။ ”
ပေါလ်မာဆင်ရဲ့ ခန့်မှန်းချက် – မန်စီးတီး ၁-၁ အာဆင်နယ်
SM