ဂန်းနား တိုက်စစ်မှူးဟောင်း အီရန်ရိုက် က ဒီနေ့ညမှာ ကစားမယ့် အတ္တလန်တာ အသင်း နဲ့ ချန်ပီယံလိင် အဖွင့်ပွဲစဉ်မှာ လွတ်ခ်မန်း ကို သတိထား ကစားဖို့ လိုအပ်ကြောင်း အသင်းဟောင်း အာဆင်နယ် အသင်းထံ သတိပေး စကား ဆိုသွားခဲ့ပါတယ် ။
လွတ်ခ်မန်း ဟာ ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း အတ္တလန်တာ အသင်း အတွက် စုစုပေါင်း လိဂ် သွင်းဂိုး ၂၄ ဂိုး အထိ သွင်းခဲ့သူ ဖြစ်ပြီး မနှစ်က ယူရိုပါလိဂ် ဖိုင်နယ်မှာ လေဗာကူဆင် အသင်းဘက်ကို ဟက်ထရစ် သွင်းယူ ခဲ့သူ ဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ နွေရာသီမှာ ပီအက်စ်ဂျီ ၊ အာဆင်နယ်တို့နဲ့ သတင်းတွေ ထွက်ခဲ့တဲ့ နိုင်ဂျီးရီးယား လက်ရွေးစင် လွတ်ခ်မန်း ဟာ နောက်ဆုံး ကစားခဲ့တဲ့ ဖီအိုရင်တီးနား အသင်း နဲ့ ပွဲမှာလည်း တစ်ဂိုး သွင်း ၊ တစ်ဂိုး ဖန်တီးမှု လုပ်နိုင် ခဲ့ပါတယ် ။
အီရန်ရိုက် က The Wrighty House အစီအစဉ်မှာ ” ဖီအိုရင်တီးနား အသင်း နဲ့ ပွဲမှာ လွတ်ခ်မန်း ရဲ့ ပထမဂိုး အတွက် ဖန်တီးမှု ကို တွေ့လိုက်ကြလား ၊ တကယ့်ကို လှပတဲ့ ဖန်တီးမှုပါ ၊ ကျနော် ကတော့ သူ့ရဲ့ ခြေစွမ်းကို အားရ ကျေနပ်ပါတယ် ။ ”
” သူနဲ့ ရင်ဆိုင်ရမယ့် အပေါ် စိုးရိမ်မိပါတယ် ။ ဒါပေမဲ့ ကျနော်တို့ အသင်းမှာလည်း အဲ့ဘက်မှာ ဘန်ဝှိုက် ရှိနေတော့ သူတို့ နှစ်ဦး ထိပ်တိုက်တွေ့ရင် တကယ့်ကို အကြိတ်အနယ် နဲ့ ဖျော်ဖြေမှု ပေးနိုင်ပါလိမ့်မယ် ၊ အတ္တလန်တာ အသင်းကလည်း တကယ့် အသင်းကောင်း တစ်သင်းပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM