အာဆင်နယ် အသင်းဟာ ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံး နေ့ရက်မှာ ချဲလ်ဆီး အသင်း ရဲ့ တောင်ပံ ကစားသမား စတာလင် ကို တစ်ရာသီ အငှားနဲ့ စာချုပ်ချုပ် ခေါ်ယူ နိုင်ခဲ့ပါတယ် ။ စတာလင် ဟာ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ဖို့ရာ လစာ လျော့ယူဖို့ ဆုံးဖြတ်ခဲ့သလို ဆော်ဒီ ကလပ် အသင်း တစ်သင်း ရဲ့ မက်လောက်စရာ ကမ်းလှမ်းမှုကိုလည်း ငြင်းဆန် ပယ်ချ ခဲ့ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်း နောက်ခံလူဟောင်း ဖာဒီနန် ကတော့ စတာလင် ဟာ အာဆင်နယ် အတွက် အကျိုးရှိတဲ့ ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ သုံးသပ် သွားခဲ့ပါတယ် ။ ” အခြေအနေ တစ်ခုလုံး က တကယ့်ကို မယုံနိုင်စရာပါပဲ ။ ဒါပေမဲ့ ဒီလို ရှုပ်ထွေးတဲ့ အခြေအနေကနေ စတာလင် အသင်းသစ် ရသွားတဲ့ အတွက် ကျနော် ဝမ်းသာ မိပါတယ် ၊ သူ ကိုယ်တိုင်လည်း သူ ကစားချင်တဲ့ ကလပ် မှာ ကစားခွင့်ရသွားတယ် ဆိုရမှာပေ့ါဗျာ ။ ”
” နောက်ပီး သူ က လစာလျော့ယူပြီး အာဆင်နယ် ကို ပြောင်းလာတာပါ ။ အာဆင်နယ် အသင်းက သူ့အတွက် အငှားကြေးလည်း မပေးရပါဘူး ။ အာဆင်နယ် အသင်း အတွက် ကောင်းမွန်တဲ့ စီးပွားရေးပါပဲ ၊ သူက အာဆင်နယ် ကို ပြောင်းဖို့ လစညယာ ထက်ဝက်ကျော်ကို လျော့ယူ ခဲ့တယ်လို့ ကြားပါတယ် ။ ”
” အာဆင်နယ် ဘက်က ကြည့်ရင် တကယ့်ကို အမြတ်ထွက်တဲ့ ခေါ်ယူမှုပါပဲ ။ ပရီးမီးယားလိဂ် လေးကြိမ် ရထားတဲ့ ၊ ဘာလုပ်ရမလဲ ဆိုတာ ကောင်းကောင်းသိတဲ့ဝါရင့် ဝောာင်ပံ ကစားသမား တစ်ဦးကို ရလိုက်တာပါ ၊ နောက်ပြီး မန်ချက်စတာ ယူနိုက်တက် က လွဲလို့ ဒီနိုင်ငံ ရဲ့ အကောင်းဆုံး အသင်းတွေမှာလည်း ကစားခဲ့ဖူးပါတယ် ၊ အင်္ဂလန် အတွက်လည်း ပွဲ ၈၀ ကျော် ကစားထားသူပါ ၊ ဆုဖလားတွေ ဘယ်လို ယူရမလဲ ဆိုတဲ့ လမ်းကြောင်းကို ကောင်းကောင်း သိပါတယ် ။ ဒါက အဖိုးမဖြတ်နိုင်စရာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM