ဂန်းနား အသင်း ခေါင်းဆောင်ဟောင်း ဖာဘရီဂက်စ် က နည်းပြ အာတီတာ ရဲ့ လက်အောက်မှာ တစ်နှစ်ထက် တစ်နှစ် ပိုမို တိုးတက်ကောင်းမွန်လာတဲ့ အာဆင်နယ် အသင်းဟာ ဒီနှစ်မှာတော့ မန်စီးတီး အသင်း ရဲ့ ကာလရှည်ကြာ လွှမ်းမိုးမှုကို အဆုံးသတ်ပြီး ချန်ပီယံ အဖြစ် အောင်ပွဲ ခံနိုင်လိမ့်မယ်လို့ သုံးသပ် ပြောကြား လိုက်ပါတယ် ။
ဖာဘရီဂက်စ် က Planet Premier League မှာ ” ကျနော် မီခေးလ် ကို အမှန်တကယ် သဘောကျပါတယ်။ သူက တကယ့်ကို ဆာလောင်မှု ပြင်းပြတဲ့ မန်နေဂျာ တစ်ဦးပါ ၊ ပါးနပ် လိမ်မာသလို ထက်မြက်မှုလည်း ရှိပါတယ် ၊ နည်းစနစ်ပိုင်းလည်း ကြွယ်ဝ ပါတယ် ၊ သူ့နားမှာ ရှိနေကြတဲ့သူတွေကလည်း အလုပ်ကို တကယ် ကောင်းကောင်း လုပ်နိုင်ကြသူတွေပါပဲ ။ ”
” မန်စီးတီး နှင့် အာဆင်နယ် နှစ်သင်းမှာ အာဆင်နယ် က လူငယ်တွေနဲ့ ဖွဲ့စည်းထားပြီး အောင်ပွဲ ဆာလောင်မှု အပြည့် ရှိနေတဲ့ အသင်းပါ ၊ တစ်နှစ်ထက် တစ်နှစ် ပိုမို တိုးတက် ကောင်းမွန်လာတဲ့ အသင်းဆိုလည်း မှန်ပါတယ် ၊ သူတို့ တစ်နှစ်ထက် တစ်နှစ် ပိုပို ကောင်းလာတာ ခင်ဗျားတို့လည်း တွေ့မှာပါ ။ ”
” မန်စီးတီး ကကျတော့ သူတို့ ဖလား၃လုံး ရခဲ့တာထက် ၊ လေးနှစ်ဆက် ချန်ပီယံ ဖြစ်ခဲ့တာထက် ပိုကောင်းအောင် လုပ်နိုင်မယ်လို့ မထင်ပါဘူး ၊ သူတို့ အရင်ကထက် ကျလာဖို့ပဲ ရှိပါတယ် ။ သူတို့ ကျရင်ကျ မကျရင် အရင်ပုံစံ အတိုင်းပဲ ရှိနေဖို့ များပါတယ် ၊ ဒါကြောင့်လည်း အာဆင်နယ် အသင်း ချန်ပီယံဆုကို ရယူဖို့ အလားအလာကောင်းတွေ ရှိတယ်လို့ ကျနော် ပြောတာပါ ။ ”
” အရိုးသားဆုံး ပြောရရင် မနှစ်ကလည်း ကျနော် ဒီစကား ပြောခဲ့ပါတယ် ။ အာဆင်နယ် က တစ်နှစ်ထက် တစ်နှစ် ပိုတိုးတက်လာပြီး ဒီနှစ် က သူတို့ရဲ့ နှစ်ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM