လေ့ကျင့်ခန်း ပြန်ဆင်းတဲ့ ဆန်ချို ၊ အပြောင်းအရွှေ့ ရောက်ရှိမှုတွေနဲ့ . . . နောက်ဆုံးရ အားကစား သတင်းများ

အင်္ဂလန် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချို ဟာ မန်ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် နဲ့ တွေ့ဆုံ စကားပြောဆိုခဲ့ပြီးတဲ့ နောက်မှာတော့ အသင်းနဲ့ ပြန်လည် လေ့ကျင့်ခွင့် ရရှိခဲ့ပါတယ် ။ ဆန်ချို ဟာ မနှစ်က သြဂုတ်လ ကတည်းက မန်ယူနိုက်တက် စီနီယာ အသင်းကြီးနဲ့ လေ့ကျင့်ခွင့် မရရှိခဲ့ဘဲ ဇန်နဝါရီမှာ ဒေါ့မွန် အသင်းထံ အငှားပြောင်းရွှေ့ ခဲ့ရသူ ဖြစ်ပါတယ် ။

မန်ယူနိုက်တက် အသင်းဟာ အကယ်ဒမီ ကစားသမားလေး တိုဘီ ကော်လ်ယာ ကို စာချုပ်သက်တမ်းတိုး ချုပ်ဆိုခဲ့ပြီး စီနီယာ အသင်းကြီး နည်းပြ အဲရစ် တန်ဟတ် လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ် ။

အက်သလက်တီကို မက်ဒရစ် ကွင်းလယ်လူ ဆာအူး နီဂွက် ကတော့ ဆီဗီးလား အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ကူးနေပြီး လုပ်ခလစာ လျော့ယူသွားဖို့လည်း ဆုံးဖြတ်ထားတယ်လို့ သိရပါတယ် ။

အမေရိကန် ဘောလုံး အသင်းဟာ လီဗာပူး နည်းပြဟောင်း ဂျာဂင်ကလော့ ကို နည်းပြအဖြစ် ကမ်းလှမ်းမှု ပြုလုပ် ခဲ့ပေမယ့် ကလော့ ဘက်က ငြင်းပယ်သွားခဲ့ ပါတယ် ။ ကလော့ ဟာ လီဗာပူး ဖောင်ဒေးရှင်း ရဲ့ ဂုဏ်ထူးဆောင် သံတမန်အဖြစ် လုပ်ကိုင်သွားဖို့ကို သဘောတူခဲ့တယ်လို့ သိရပါတယ် ။

Soccer Football – Premier League – Liverpool v Wolverhampton Wanderers – Anfield, Liverpool, Britain – May 19, 2024
Liverpool manager Juergen Klopp reacts as he gives a speech after his last match as Liverpool manager REUTERS/Phil Noble EDITORIAL USE ONLY. NO USE WITH UNAUTHORIZED AUDIO, VIDEO, DATA, FIXTURE LISTS, CLUB/LEAGUE LOGOS OR ‘LIVE’ SERVICES. ONLINE IN-MATCH USE LIMITED TO 120 IMAGES, NO VIDEO EMULATION. NO USE IN BETTING, GAMES OR SINGLE CLUB/LEAGUE/PLAYER PUBLICATIONS. PLEASE CONTACT YOUR ACCOUNT REPRESENTATIVE FOR FURTHER DETAILS..

လာလီဂါ ဥက္ကဌ ဂျာဗီယာ တီဘက်စ် က ဘာစီလိုနာ အသင်းဟာ ဘီဘာအို စတား နီကိုလ် ဝီလ်ယံ ကို ခေါ်ယူနိုင်ဖို့ လုံလောက်တဲ့ ဘဏ္ဍာရေး မျှခြေကို ရောက်ရှိဖို့ နီးစပ်နေပြီလို့ ပြောဆိုသွားခဲ့ ပါတယ် ။ မန်စီးတီး နောက်ခံလူ ကန်ဆယ်လို ကတော့ မနှစ်က အငှားထွက် ကစားခဲ့တဲ့ ဘာစီလိုနာ ကို ပြန်သွားဖို့ စိတ်ဆန္ဒ ပြင်းပြနေပြီး ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ထားခဲ့ပါတယ် ။

အဲဗာတန် အသင်းကတော့ နာပိုလီ ကွင်းလယ်လူ ဂျပ်စပါ လင်းစတုမ်း ကို ခေါ်ယူဖို့ အီတလီ ကလပ် နဲ့ ဆွေးနွေး နေတယ်လို့ ကြားသိရပါတယ် ။

အင်တာမီလန် အသင်းဟာ နည်းပြ ဆီးမြွန်းနီ အင်ဇာဂီ ကို ၂၀၂၆ ခုနှစ် အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆို သွားခဲ့ ပါတယ် ။

မန်ယူနိုက်တက် အသင်းကလည်း ဝါရင့် ခံစစ်မှူးကြီး ဂျွန်နီ အီဗန်စ် ကို ၂၀၂၆ အထိ တစ်နှစ် စာချုပ်သက်တမ်းတိုး ခဲ့ကြောင်း အသိပေး ကြေညာသွားခဲ့ပါတယ် ။

ဆော်ဒီ ထိပ်သီး အယ်လ်နက်ဆာ ကလည်း ခရစ္စတီယာနို ရိုနယ်ဒို ကို စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ် ။

စီးရီးအေ ကို တန်းတက်လာတဲ့ ကိုမို အသင်းဟာ စပိန် ဂိုးသမားကြီး ပီပီ ရေနာ ကို အလွတ် နဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်သလို မန်ယူနိုက်တက် ခံစစ်မှှုးဟောင်း ဗာရန်း ကိုလည်း ခေါ်ယူနိုင်ဖို့ သေချာသလောက် ရျိနေပြီလို့ ကြားသိရပါတယ် ။

ဒိန်းမတ် ဂိုးသမားကြီး ရှမိုက်ကယ် ကတော့ စကော့တလန် ချန်ပီယံ ဆဲလ်တစ် အသင်းဆီ ပြောင်းရွှေ့မယ်လို့ သိရပါတယ် ။

မန်ယူနိုက်တက် နဲ့ ပြင်သစ် နောက်ခံလူဟောင်း ပက်ထရိစ် အီဗရာ ဟာ မိသားစုကို ပစ်ပယ်ထားမှုနဲ့ ပတ်သက်ပြီး တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းခဲ့ရာမှာ အရေးနိမ့်ခဲ့တာကြောင့် ဆိုင်းငံ့ထောင်ဒဏ် ကျခံခဲ့ရတယ်လို့ သိရှိရပါတယ် ။

SPORTS MYANMAR