အင်္ဂလန် အသင်း ကစားတာက ပျင်းစရာ ကောင်းလွန်းတယ်ဆိုတဲ့ ဝေဖန်မှုတွေ အပေါ် တုန့်ပြန်လိုက်တဲ့ ရော်နယ်ကိုးလ်မန်း

နယ်သာလန် အသင်း နည်းပြ ရော်နယ်ကိုးလ်မန်း က ယူရို ၂၀၂၄ မှာ အင်္ဂလန် အသင်း ကစားတာဟာ ပျင်းစရာ ကောင်းတယ် ဆိုတဲ့ ဝေဖန်မှုတွေ အပေါ် တုန့်ပြန်လိုက်ပြီး ဗိုလ်လုပွဲမှာ အင်္ဂလန် ဟာ စပိန် အသင်းကိုတောင် အနိုင်ယူ နိုင်စွမ်း ရှိတယ်လို့ ပြောကြား လိုက်ပါတယ် ။

အင်္ဂလန် အသင်းဟာ ဆီမီးဖိုင်နယ်မှာ ဝက်ကင်းစ် ရဲ့ နောက်ကျ သွင်းဂိုး နဲ့ အတူ နယ်သာလန် အသင်းကို ၂-၁ နဲ့ အနိုင် ရပြီးနောက် ယူရို ဗိုလ်လုပွဲ ကို နှစ်ကြိမ်ဆက် တက်ရောက်နိုင်တဲ့ အသင်း ဖြစ်လာခဲ့ပါတယ် ။ ဗိုလ်လုပွဲမှာတော့ အင်္ဂလန် အသင်းဟာ ဒီနှစ် ယူရို ပြိုင်ပွဲမှာ အကောင်းဆုံး ဖြစ်နေတဲ့ စပိန် အသင်း နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။

ပရိသတ်တွေကတော့ ကစားပုံ အကောင်းဆုံး အသင်း နှင့် ကစားပုံ အားရစရာ မရှိတဲ့ အသင်း ကစားကြမယ့် ဗိုလ်လုပွဲ အဖြစ် သတ်မှတ်နေကြပြီး နယ်သာလန် နည်းပြ ရော်နယ်ကိုးလ်မန်း ကတော့ ” အင်္ဂလန် က ကျနော်တို့နဲ့ ပွဲ ပထမပိုင်းမှာ တစ်ဂိုး ဂိုးမရှိ နဲ့ အရေးနိမ့်နေချိန် တကယ်ကောင်းတဲ့ ကစားဟန်ကို ပြသ နိုင်ခဲ့ပါတယ်။ ဒါက ဘောလုံးပါပဲ ။ ”

” သူတို့ရဲ့ ပွဲတွေအားလုံးက ကြည့်ဖြစ်ရင် စပိန် က တိုက်စစ် အနည်းငယ် ပိုကစားတာ ကောင်းတယ် ၊ ကစားပုံ ပိုကောင်းတယ် ၊ နောက်တန်းကနေ ဘောလုံး တည်ကစားတာ ပိုကောင်းတယ် ၊ ဘောလုံး ပိုင်ဆိုင်မှု ပိုအသာစီး ရယူ ကစား နိုင်တယ် ၊ အဲ့ဒီလို ပြောနေတာတွေကို ရပ်တန့်ဖို့ လိုပါတယ် ။ ”

” အင်္ဂလန် အသင်းက ဗိုလ်လုပွဲ ရောက်နေပါပြီ ၊ သူတို့ ဗိုလ်စွဲ နိုင်ချေ ရှိပါတယ် ၊ အပြင်က ကြည့်ရင်တော့ စပိန် က အမြင့်မားဆုံး ပုံစံ ပြနေတာ မှန်ပါတယ် ၊ ဒါပေမဲ့ အင်္ဂလန် က ဘာကြောင့် စပိန် ကို မရပ်တန့် နိုင်စရာ ရှိသလဲဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM