ဗိုလ်လုပွဲမှာ စပိန် နှင့် ပြင်သစ် ဘယ်အသင်း နဲ့ ပိုတွေ့ချင်သလဲ ‌ဆိုတဲ့ မေးခွန်းကို အဖြေပေးလိုက်တဲ့ ရော်နယ်ကိုးလ်မန်း

 

နယ်သာလန် အသင်း ရဲ့ နည်းပြ ရော်နယ်ကိုးလ်မန်း က သူတို့အသင်း အင်္ဂလန် ကို ကျော်ဖြတ်ပီး ဗိုလ်လုပွဲ တက်ရောက် နိုင်ခဲ့ပါက ဗိုလ်လုပွဲ မှာ စပိန် အသင်း နဲ့ ဆုံတွေ့ချင်တယ်လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

နယ်သာလန် အသင်းဟာ ကွာတားဖိုင်နယ် အဆင့်မှာ တူရကီ အသင်းကို အနောက်က လိုက်ကစားပြီး အနိုင်ရခဲ့ကာ ကွာတားဖိုင်နယ် မှာ အင်္ဂလန် အသင်း နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။ တခြား တစ်ဖက်မှာတော့ စပိန် အသင်း နှင့် ပြင်သစ် အသင်းတို့ ထိပ်တိုက် တွေ့ဆုံ နေကြတာလည်း ဖြစ်ပါတယ် ။

နယ်သာလန် အသင်းဟာ အုပ်စု အဆင့်မှာတုန်းက ပြင်သစ် အသင်း နဲ့ တွေ့ဆုံ ခဲ့ဖူးပြီး ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ် ခဲ့ပါတယ် ။ ဒါကြောင့်လည်း ရော််နယ်ကိုးလ်မန်း က ဗိုလ်လုပွဲ မှာ ပြင်သစ် ထက်စာရင် စပိန် အသင်း နဲ့ ပိုပြီး ဆုံတွေ့ ချင်တယ်လို့ ပြောကြား သွားခဲ့ပါတယ် ။

” ကျနော်တို့ တစ်နိုင်ငံလုံး အတွက် တကယ့်ကို ထူးခြားတဲ့ အောင်ပွဲပါပဲ ။ ကျနော်တို့က နိုင်ငံငယ်လေးပါ ၊ အခုဆို စပိန် ပြင်သစ် အင်္ဂလန် တို့နဲ့ အတူ ဆီမီးဖိုင်နယ် ရောက်နေပါပြီ ။ ဆီမီးဖိုင်နယ် ကစားဖို့ အခွင့်အရေး ရတဲ့ အ‌တွက် သိပ်ကို ဂုဏ်ယူ မိပါတယ် ။ တူရကီ နဲ့ ပွဲမှာ အခက်တွေ့ ခဲ့ရပေမယ့် ပြန်လာ နိုင်ခဲ့ပါတယ် ၊ ယူရို ပြိုင်ပွဲ တစ်ခုလုံးက ကစားရတာ မလွယ်ကူပါဘူး ။ ”

Soccer Football – Euro 2024 – Group D – Netherlands v France – Leipzig Stadium, Leipzig, Germany – June 21, 2024 Netherlands coach Ronald Koeman shakes hands with with the match officials as Denzel Dumfries reacts REUTERS/Karina Hessland

” ပထမဦးဆုံး အနေနဲ့ ဆီမီးဖိုင်နယ် မှာ အနိုင်ရဖို့ လုပ်ရပါမယ် ။ ဗုဒ္ဓဟူးနေ့ညမှာ ကစားမယ့် ပွဲက နှစ်နိုင်ငံစလုံး အတွက် သမိုင်းဝင်ပွဲပါပဲ ၊ ဖိုင်နယ်ကို တက်နိုင်ခဲ့ရင်တော့ ကျနော်ကတော့ စပိန်နဲ့ တွေ့ချင်ပါတယ် ၊ အုပ်စုမှာ ပြင်သစ် နဲ့ တွေ့ပြီးပြီလေ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM