‘လူတွေကကျနော့်တို့မှာ တိုက်ပွဲဝင်စိတ် မရှိဘူးလို့ ပြောကြပါတယ်။ ကစားသမားတွေက ဒီညမှာ သက်သေပြခဲ့ပါတယ်’ – ကူးမန်း

 

နယ်သာလန်တို့ မနေ့ညက ဒီဗား Mert Muldur’s own goal တို့ရဲ့ comeback နဲ့အတူ တူရကီကို 2-1 နဲ့ အနိုင်ရရှိခဲ့ပြီးနောက် နည်းပြ ရိုနယ်ကူးမန်းက ဆီမီးဖိုင်နယ်အဆင့်ရောက် နယ်သာလန်မှာ တိုက်ပွဲဝင် နှလုံးသား ဘယ်လောက် ရှိသလဲဆိုတာ ပြသနိုင်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။

နယ်သာလန်ဟာ ဆီမီးဖိုင်နယ်အဆင့်မှာ နာ်မည်ကြီး အင်္ဂလန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ကူးမန်းက သူ့ရဲ့ အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့တဲ့ လမ်းကြောင်းမှာ ကောင်းမွန်တဲ့ စိတ်ဓာတ်ကို ပြသခဲ့ပြီး ဝေဖန်သူတွေကို မှားယွင်းကြောင်း သက်သေပြခဲ့တယ်လို့ ‌ဆိုလိုက်ပါတယ်။

ကူးမန်းက “တစ်နိုင်ငံလုံးအတွက် ဒါဟာ စပယ်ရှယ်ပါပဲ။ ကျနော်တို့ဟာ နိုင်ငံငယ်လေး ဖြစ်ပြီး အခုဆိုရင် အင်္ဂလန် စပိန် ပြင်သစ် တို့နဲ့အတူ ဆီမီးဖိုင်နယ်အဆင့်မှာ ရှိနေပါတယ်။ ကျနော်တို့ ဆီမီးဖိုင်နယ် ကစားရမယ့် အခွင့်အရေးအပေါ် တကယ် ဂုဏ်ယူမိပါတယ်။

တူရကီနဲ့ပွဲမှာ စိတ်ခံစားချက် တကယ့်ကို မြင့်မားခဲ့ပြီး ကျနော်တို့မှာ ကြီးမားတဲ့ နှလုံးသား ရှိနေခဲ့ပါတယ်။ တစ်ခါတစ်ရံ ကျနော်တို့ ဒါနဲ့ ပက်သက်ပြီး ဝေဖန်ခံရပါတယ်။ ကျနော်တို့မှာ တခြား နိုင်ငံတွေလိုမျိုး နှလုံးသား စိတ်ဓာတ် မရှိဘူးဆိုတာကိုပေါ့။

ကစားသမားတွေဟာ ဒုတိယပိုင်း နဲ့ နောက်ဆုံး ၅ မိနစ်မှာ သက်သေပြခဲ့ပါတယ်။ ကျနော် ကွင်းထဲကနေ မြင်ရတာထက် ခင်ဗျားတို့က တီဗီကနေ ပိုကောင်းကောင်း မြင်ရမှာပါ။ ကျနော်တို့ ရုန်းကန်ရတာလည်း ရှိခဲ့ပါတယ်။”

SM