အင်္ဂလန် Vs နယ်သာလန် ဆီမီးဖိုင်နယ် ပွဲစဉ်အပေါ် ခန့်မှန်း သုံးသပ်လိုက်တဲ့ ဂယ်ရီနဗီးလ်

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် က အင်္ဂလန် အသင်း ကံတရားရဲ့ဖေးမမှုကို ရရှိနေတာကြောင့် ဆီမီးဖိုင်နယ် အဆင့်မှာလည်း နယ်သာလန် အသင်းကို ကျော်ဖြတ် နိုင်လိမ့်မယ်လို့ ယုံကြည်မှု ရှိနေပါတယ် ။

ယူရို မတိုင်ခင် ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး ဖြစ်နေခဲ့တဲ့ အင်္ဂလန် အသင်း ဟာ ယူရို ပြိုင်ပွဲမှာ အားရစရာ ခြေစွမ်းပြသ နိုင်ခြင်း မရှိသေးပေမယ့် ဆီမီးဖိုင်နယ် အဆင့် အထိ ရောက်နေပြီ ဖြစ်ပြီး နယ်သာလန် အသင်း နဲ့ ရင်ဆိုင် ကစား ရမှာပါ ။

ဂယ်ရီနဗီးလ် က ITV မှာ အင်္ဂလန် Vs နယ်သာလန် ဆီမီးဖိုင်နယ် ပွဲစဉ်အပေါ် ” ဒီပွဲက တကယ့် ပွဲကောင်းပါ ။ ဒီလို ပြိုင်ပွဲကြီးမှာ တစ်ဆင့်ဆင့်မှာတော့ အကောင်းဆုံး အသင်းတွေနဲ့ ရင်ဆိုင် ကစားရမှာပါပဲ ၊ အင်္ဂလန် အသင်း ရဲ့ လမ်းကြောင်းက သူတို့ အပေါ် မျက်နှာသာ ပေးတယ် ဆိုရမှာပါ ။ နယ်သာလန် နဲ့ ပွဲက သူတို့ နောက်ထပ် တစ်ဆင့်မြင့်တဲ့ အသင်း နဲ့ ရင်ဆိုင်ရမယ့် ပွဲပါပဲ ၊ ဆီမီးဖိုင်နယ်လို အဆင့်မှာ တွေ့ရမှာပါပဲ ။ ”

” ခင်ဗျားတို့ သိကြလား ၊ အင်္ဂလန် အသင်း အတွက် တစ်စုံတစ်ခု ဖြစ်လာတော့မယ်လို့ ခံစား မိနေပါတယ် ၊ ကြိုရေးထားသလိုပေါ့ ၊ ကျနော်တို့ အသင်းက မိနစ် ၉၀ မှာ အနိုင်ရထားတဲ့ ပွဲက တစ်ပွဲ ပဲ ရှိတာတောင် အခု ဆီမီးဖိုင်နယ် ရောက်နေပါပြီ ၊ တစ်ခုခု ဖြစ်လာတော့မယ်လို့ကို ထင်ပါတယ် ။ ”

လက်စ်ကော့ ကလည်း နဗီးလ် ရဲ့ ပြောကြားမှု အပေါ် ” ကျနော်ကတော့ ယုံကြည်မှု ရှိပါတယ် ။ ပင်နယ်တီ မှာ အနိုင်ရခဲ့တဲ့ အကျိုးဆက်ကြောင့် နယ်သာလန် ကိုလည်း ကျော်ဖြတ် နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM