ပက်ဒရီ ကို တောင်းပန်ခဲ့တဲ့ ကရူးစ် နဲ့ နောက်ဆုံးရ အားကစား သတင်းများ

 

ဂျာမနီ ကွင်းလယ်ကစားသမားကြီး တိုနီ ကရူးစ် ဟာ ယူရို ကွာတားဖိုင်နယ် ပွဲစဉ်မှာ သူ့ကြောင့် ဒူးဒဏ်ရာ ရရှိသွားခဲ့တဲ့ စပိန် ကွင်းလယ်လူ ပက်ဒရီ ကို တောင်းပန်သွားခဲ့ပြီး အမြန်ဆုံး သက်သာစေဖို့ ဆုတောင်းပေးခဲ့ ပါတယ် ။
ပက်ဒရီ ဟာ အဆိုပါ ဒဏ်ရာကြောင့် စပိန် ရဲ့ လက်ကျန် ယူရို ပွဲစဉ်တွေကို လွဲချော် သွားခဲ့ရပြီ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိ ကို စပိန် ကလပ် ဂျီရိုနာ အသင်းဆီ ရောင်းထုတ်ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါတယ် ။ ကနဦး ပြောင်းရွှေ့ကြေးဟာ အပိုဆုကြေးအပါအဝင် ယူရို ၄-၅ သန်းလောက် ရှိမယ်လို့ သိရပြီး နောက်ထပ် အပိုဆုကြေးတွေ ထပ်ပေါင်းရရှိပါက ယူရို ၁၀ သန်း ကနေ ၁၅ သန်း အထိ ဖြစ်လာမယ်လို့ ကြားသိရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ဘိုလော့ညာ တိုက်စစ်မှူး ဂျိူရှုူအာ ဇက်ဇီ အတွက်လည်း ကစားသမားရဲ့ အေးဂျင့်နဲ့ ဆက်သွယ် ပြောဆို နေတယ်လို့ သိရပါတယ် ။

MANCHESTER, ENGLAND – NOVEMBER 01: Erik ten Hag, Manager of Manchester United, Bruno Fernandes and Rasmus Hojlund of Manchester United look on during the Carabao Cup Fourth Round match between Manchester United and Newcastle United at Old Trafford on November 01, 2023 in Manchester, England. (Photo by Michael Regan/Getty Images)

အင်တာမီလန် အသင်းကတော့ နာပိုလီ ကနေ ထွက်ခွာလာတဲ့ ဇီလင် စကီး ကို ၂၀၂၈ ခုနှစ် အထိ စာချုပ် ချုပ်ဆို ခေါ်ယူလိုက်ပြီလို့ ကြေညာသွားခဲ့ပါတယ် ။

ဘာစီလိုနာ အသင်းဟာ တော့တင်ဟမ် ဟော့စပါး နောက်ခံလူ အီမာဆင် ရိုင်ရယ် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့လည်း သိရပါတယ် ။

ဆော်ဒီ ကလပ် Al-Qadsiah အသင်းဟာ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး မိုရာတာ ကို ခေါ်ယူဖို့ မအောင်မြင်ခဲ့တာကြောင့် ဆီဗီးလား တိုက်စစ်မှူး ယူဆပ်ဖ် အန် နက်ဆာရီ ဘက်ကို ပြောင်းလဲ ချဉ်းကပ်လာခဲ့တယ်လို့ သိရှိရပါတယ် ။

ဘိုင်ယန်မြူးနစ် ကတော့ ပဲလေ့စ် တောင်ပံ ကစားသမား မစ်ချယ် အိုလစ် ကို ဒီကနေ့မှာ ဆေးစစ်မှု ပြုလုပ်ပြီး ခေါ်ယူနိုင်ကြောင်း ကြေညာမယ်လို့ သိရပါတယ် ။

MANCHESTER, ENGLAND – DECEMBER 12: Former Manchester United and Denmark goalkeeper Peter Schmeichel looks on during the UEFA Champions League match between Manchester United and FC Bayern München at Old Trafford on December 12, 2023 in Manchester, England. (Photo by James Gill – Danehouse/Getty Images)

နာပိုလီ အသင်းဟာ ဗစ်တာ အိုဆီမန် ရဲ့ အပြောင်းအရွှေ့ နဲ့ ပတ်သက်ပြီး သဘောထားပြောင်းလဲ လာတာကြောင့် ချဲလ်ဆီး အသင်းက ခေါ်ယူဖို့ ကြိုးစားနေမှု အထမြောက်ဖွယ် ရှိတယ်လို့လည်း သတင်းထွက်ပေါ်လာခဲ့ ပါတယ် ။

အီတလီ လက်ရွေးစင် ရီကာဒို ကာလာဖီအိုရီ ကတော့ အာဆင်နယ် အသင်းဆီ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ကာ လန်ဒန် ကလပ် မှာ ၁ နှစ်ကို အသားတင် ယူရို ၄ သန်း ရရှိမယ်လို့ သိရပါတယ် ။

အက်စတွန် ဗီလာ အသင်းရဲ့ အင်္ဂလန် အမျိုးသမီး တောင်ပံ ကစားသမား အလီရှာ လေးမန်း ကလည်း ချစ်သူ ဖြစ်တဲ့ ဒေါက်ကလပ် ကော်စတာ နောက်ကို လိုက်ပြီး စီးရီးအေ ထိပ်သီး ယူဗင်တပ် အမျိုးသမီး အသင်းကို ပြောင်းရွှေ့ ရောက်ရှိ သွားခဲ့ပြီ ဖြစ်ပါတယ် ။

SPORTS MYANMAR