လာမည့်ရာသီမှာ လီဗာပူးကို ဘယ်လိုပုံစံနဲ့ ကစားစေမလဲဆိုတာ ရှင်းပြလိုက်တဲ့ အာနီဆလော့

 

နည်းပြသစ် အာနီဆလော့ရဲ့ လက်အောက်မှာ လီဗာပူးရဲ့ နည်းစနစ်ပိုင်းက ဘယ်လို အပြောင်းအလဲ ဖြစ်သွားမလဲဆိုတာကို ဆွေးနွေးမှုတွေ လုပ်နေပြီး လက်ရှိမှာတော့ လီဗာပူး နည်းပြသစ်က အန်ဖီးမှာ သူ အသုံးချသွားနိုင်တဲ့ နည်းစနစ်ပိုင်း တစ်ချို့ကို ပြောပြသွားခဲ့ပါတယ်။ ဆလော့ဟာ ဖီယင်နော့မှာ ၄-၂-၃-၁ ကို အသုံးပြုခဲ့တယ်လို့ ပြောနေကြပြီး လီဗာပူး ကတော့ ကလော့ရဲ့ လက်အောက်မှာ ၄-၃-၃ ကို ကစားခဲ့တာ ဖြစ်ပါတယ်။

ဒါနဲ့ ပက်သက်ပြီး မေးမြန်းရာမှာ ဆလော့က “လူတွေ ကျနော့်ရဲ့ အသင်းကို သေချာကြည့်မယ်ဆိုရင် ဒါဟာ ၄-၂-၃-၁ or ၄-၃-၃ ဘယ်ကစားကွက် ညာကစားကွက် ဆိုပြီး ပြောနိုင်မှာ မဟုတ်ပါဘူး။ ဘောလုံး ပိုင်ဆိုင်နေချိန်မှာ freedom ကစားခိုင်းတယ်ဆိုပြီး ပြောတာကို ကျနော်က ပိုလိုချင်ပါတယ်။ ဒ့ါကြောင့် တစ်ခါတစ်ရံ ၄-၂-၃-၁ ၊ တစ်ခါတစ်ရံ ၄-၁-၄-၁ နဲ့ တစ်ခါတစ်ရံ ကျနော်တို့ back 3 နဲ့ build up ကို စတင်ပါတယ်။ ဒါ့ကြောင့် အသင်း ဘောလုံးရနေချိန်မှာ တကယ့်ကို လွတ်လပ်စွာ ကစားခွင့် ပေးထားပါတယ်။

Liverpool’s Dutch striker #18 Cody Gakpo (C) celebrates with teammates after scoring their fourth goal during the UEFA Europa League group E football match between Liverpool and Linzer ASK at Anfield in Liverpool, north west England on November 30, 2023. Liverpool won the game 4-0. (Photo by Oli SCARFF / AFP)

ဒါပေမယ့် ကျနော်တို့ ဘောလုံး မရှိတဲ့ အချိန်မှာတော့ သိပ်ပြီး လွတ်လပ်မှု မရှိတော့ပါဘူး။ ကျနော်တို့ တကယ့်ကို aggressive ကစားရမှာပါ။ နည်းလမ်းက တစ်ခုပဲ ရှိပါတယ်။ ဒါကတော့ အားလုံးဟာ သူတို့ရဲ့ နေရာကို သေချာယူထားရပါမယ်။ ကျနော့် အနေနဲ့ ၄-၂-၃-၁ or ၄-၃-၃ or ၄-၁-၄-၁ ကြိုက်တယ်ဆိုပြီး မပြောချင်ပါဘူး။ ကစားသမားတွေဟာ ခြားနားတဲ့ နေရာတွေကို ယူပြီး ကစားရပါတယ်။

ဒ့ါကြောင့် ခင်ဗျားတို့ ကျနော့်ကို မေးမယ်ဆိုရင် ကျနော်ဟာ ဖီယင်နော့မှာ ၄-၂-၃-၁ အစား ၄-၃-၃ ကစားခဲ့တယ်လို့ ပြောမှာပါ။ ဒါပေမယ့် ကျနော်တို့ဟာ များသောအားဖြင့် back three နဲ့ပဲ bulid up လုပ်ခဲ့ပါတယ်။ နောက်တန်း အစွန်လူတွေဟာ ခြားနားတဲ့ ကဏ္ဍကို တာဝန်ယူရပါတယ်။”

ဆက်လက်ပြီး ဆလော့က “ကျနော် ၄-၂-၃-၁ ကစားတယ်ဆိုပြီး ဘယ်သူ ပြောသလဲဆိုတာ သိချင်ပါတယ်။ ဒီလူသာ နည်းပြဆိုရင် လိုင်စင်သိမ်းဖို့ လိုပါတယ်။ (joke) ဒါမှမဟုတ် ဒီထက် ပိုကောင်းအောင် analyse လုပ်သင့်ပါတယ်။”