ဂန်းနားတို့ရဲ့ နွေရာသီ ပထမဆုံး ခေါ်ယူမှု ဖြစ်လာတော့မယ့် ဂိုးသမား သတင်း အပါအဝင် နောက်ဆုံးရ အာဆင်နယ် သတင်းများ

စပိန် က သတင်းတွေ အရ အာဆင်နယ် အသင်းဟာ အက်စ်ပန်ညို အသင်းရဲ့ ဂိုးသမား ယိုအန် ဂါစီယာ ကို ခေါ်ယူဖို့ နီးစပ် နေပြီ ဖြစ်တယ်လို့ သိရပါတယ် ။ အသက် ၂၃ နှစ် အရွယ် စပိန် ဂိုးသမား ယိုအန် ဂါစီယာ ဟာ အရပ် ၆ ပေ ၃ လက်မ ရှိပြီး မနှစ်က ၁၄ ပွဲ ကစားရာမှာ Clean-Sheet ၈ ပွဲ အထိ ရခဲ့ပြီး ၇ ဂိုးသာ ပေးခဲ့ရပါတယ် ။ ယိုအန် ဂါစီယာ ဟာ ရာယာ ၊ ရမ်စ်ဒေးလ် တို့ရဲ့ နောက် တတိယ ဂိုးသမား ဖြစ်လာမှာပါ ။

အာဆင်နယ် အသင်း ရဲ့ တိုက်စစ် ပစ်မှတ် စာရင်းထဲ ပါဝင်နေတဲ့ စတုဂတ် တိုက်စစ်မှူး ဂွီရာဆေး ဟာ ဒေါ့မွန် အသင်းကို ယူရို ၁၇.၅ သန်း နဲ့ ပြောင်းရွှေ့ သွားခဲ့ပါပြီ ။ ဂွီရာဆေး ဟာ မနှစ်က စတုဂတ် အသင်း အတွက် သွင်းဂိုး ၂၈ ဂိုး အထိ သွင်းယူ ထားသူပါ ။

အာဆင်နယ် အသင်းဟာ လက်ရှိ ယူရို ပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ အီတလီ နောက်ခံလူ ကာလာဖီအိုရီ ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရပါတယ် ။ လက်ရှိမှာ ကာလာဖီအိုရီ ကို ခေါ်ယူဖို့ ယူဗင်တပ်စ် အသင်းက ထိပ်ဆုံးက ရေပန်း စားနေပြီး အာဆင်နယ် အသင်းကတော့ စိတ်ဝင်စားနေပေမယ့် ဆွေးနွေး ညှိနှိုင်းမှု လုပ်ခြင်း မရှိသေးပါဘူး ။

ပက်ဒရို နက်တို ဟာ အာဆင်နယ် ၊ မန်စီးတီး ၊ စပါး ၊ နယူးကာဆယ် တို့ရဲ့ ပစ်မှတ် စာရင်းထဲ ရှိနေပြီး ဝုလ်ဗာဟမ်တန် အသင်းကတော့ ပေါင် သန်း ၆၀ ဝန်းကျင် နဲ့ ကမ်းလှမ်းလာပါက လက်ခံ စဉ်းစား သွားမှာ ဖြစ်တယ်လို့ talk Sport သတင်းထောက် Alex Krook က ရေးသား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပီအက်စ်ဗွီ တိုက်စစ်မှုး ဘာကာယိုကို ကို ခေါ်ယူဖို့ ဆက်သွယ် စုံစမ်း စစ်ဆေး နေပြီး ကစားသမား ဘက်ကတော့ သူ့ကို ပုံမှန် ပွဲထွက်ခွင့် ပေးနိုင်တဲ့ အသင်းကိုပဲ ပြောင်းရွှေ့ ကစားချင်တယ်လို့ သိရပါတယ် ။

စမစ်ရို ကို ခေါ်ယူဖို့ ဖူလ်ဟမ် အပါအဝင် ၊ ဂျာမနီ ၊ အီတလီ ၊ တခြား ပရီးမီးယားလိဂ် ကလပ် အသင်းတွေက ချဉ်းကပ် နေကြပြီး အာဆင်နယ် အသင်းကတော့ အင်္ဂလန်သားအတွက် ပေါင် သန်း ၄၀ ဈေးသတ်မှတ် ထားပါတယ် ။

SM