ဇက်ဇီးထက်စာရင် ယူရိုကြယ်ပွင့်ကို ခေါ်ယူရန် တိုက်တွန်းလိုက်တဲ့ ဒွိုက်ယော့

 

ဒွိုက်ယော့ဟာ မန်ယူနိုက်တက်တို့ ဘိုလော့ညာ တိုက်စစ်မှုး ဂျိုရှုအာဇက်ဇီးကို ခေါ်ယူရန် ကြိုးပမ်းနေမှုအပေါ် သိပ်ပြီး သဘောမကျဖြစ်နေပြီး အဲဒီအစား ယူရို 2024 ကြယ်ပွင့်ကိုသာ ခေါ်ယူစေချင်နေပါတယ်။ ယူနိုက်တက်ဟာ ကလပ်ကနေ ထွက်ခွာသွားခဲ့တဲ့ မာစီရယ်ရဲ့ နေရာမှာ တိုက်စစ်မှုးတစ်ဦး အစားထိုးရန် ဈေးကွက်ထဲဝင်နေပါတယ်။

လက်ရှိအချိန်မှာတော့ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေမှာ 11 ဂိုးသွင်းကာ ဘိုလော့ညာကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့တဲ့ ဇက်ဇီးကို ခေါ်ယူရန် ကြိုးပမ်းနေပါတယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ အီတလီနဲ့ ရှိထားတဲ့ စာချုပ်ဖျက်သိမ်းကြေး အရ ဒီနွေရာသီမှာ ယူရိုသန်း 40 နဲ့ ခေါ်ယူနိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။

ဒါပေမယ့်လည်း ဒွိုက်ယော့ကတော့ ဟွိုင်လန်းနဲ့ အသက်တူဖြစ်တဲ့ ဇက်ဇီးကို ခေါ်ယူတာထက်စာရင် ဂျာမနီနဲ့အတူ ယူရိုမှာ ခြေစွမ်းပြနေတဲ့ ဒေါ့မွန် တိုက်စစ်မှုး ဖူးခရူ့ခ်ျကို ခေါ်ယူစေချင်နေပါတယ်။

‌ဒွိုက်ယော့က “မန်ယူနိုက်တက်တို့ ဇက်ဇီးကို ခေါ်ယူရန် ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေ ကြားနေရတာ နားမလည်နိုင်စရာပါပဲ။ သူတို့ဟာ ဂိုးတွေ သေချာပေါက် သွင်းယူနိုင်ပြီး ပရီးမီးယားလိဂ်မှာ ဘယ်လို ကစားရမလဲဆိုတာ သိတဲ့ တိုက်စစ်မှုး လိုအပ်ပါတယ်။ ကလပ်မှာ အသက် 21 နှစ်အရွယ် ဟွိုင်လန်း ရှိနေပြီး ဖြစ်တာ‌ကြောင့် သူတို့ ဘာ့ကြောင့် အသက် 23 နှစ်အရွယ် ဇက်ဇီးကို ခေါ်ယူ ကြိုးပမ်းနေတာလဲ?

အဲရစ်တန်းဟတ် အနေနဲ့ ဟွိုင်လန်းနဲ့အတူ အတွေ့အကြုံရှိ တိုက်စစ်မှုးတစ်ဦး လိုအပ်ပါတယ်။ သိတဲ့အတိုင်းပဲ ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းမှာ ဟွိုင်လန်းဟာ ရုန်းကန်ခဲ့ရပါတယ်။ ဖူးခရူ့ခ်ျဟာ နောက်ပိုင်းမှာ ဂိုးတွေ သွင်းယူနေတဲ့ အတွေ့အကြုံရှိ တိုက်စစ်မှုးတွေထဲက တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာ မှန်ကန်တဲ့ character ရှိဖို့ လိုအပ်ပါတယ်။

မန်ယူနိုက်တက်မှာ ကစားနိုင်ဖို့ဆိုတာ ဒူပေနာပေခံနိုင်မှု ၊ ပြင်းထန်တဲ့ စိတ်ဓာတ် လိုအပ်ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ဟာ ဒီလို ကစားသမားတွေ ရှာဖွေရာမှာ ကျွမ်းကျင်ပါတယ်။ ဒါ့ကြောင့်လည်း ဟွိုင်လန်း အနေနဲ့ အမြန်ဆုံး တိုးတက်ဖို့ လိုအပ်ပါတယ်။ သူ့ရဲ့ Honeymoon ကာလက ပြီးဆုံးသွားပါပြီ။

လာမည့်ရာသီ သူ ခြေစွမ်းမပြနိုင်ဘူးဆိုရင် သူ့အနေနဲ့ ဝေဖန်မှုတွေ ခံရတော့မှာပါ။ မန်ယူနိုက်တက်မှာ ခင်ဗျား အနေနဲ့ Man တစ်ယောက် ဖြစ်ရမှာပါ။”