ပရီးမီးယားလိဂ် ရဲ့ အသက်အငယ်ဆုံး နည်းပြ နဲ့ နောက်ဆုံးရ အားကစား သတင်းများ

ဘရိုက်တန် အသင်းဟာ ဂျာမန် လိဂ်တူး ကလပ် စိန့်ပေါလ် အသင်းကို ဘွန်ဒစ်လီဂါဆီ တန်းတက်လာအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ ဖာဘီယံ ဟာဇီလာ ကို နည်းပြသစ် အဖြစ် ခန့်အပ်သွားခဲ့ ပါတယ် ။ ဟာဇယ်လာ ဟာ ၃၁ နှစ်သာ ရှိသေးပြီး ပရီးမီးယားလိဂ် သမိုင်းမှာ အသက်အငယ်ဆုံး အမြဲတမ်း နည်းပြ အဖြစ် မှတ်တမ်း ရေးထိုးသွားခဲ့ပါတယ် ။

ယူဗင်တပ် အသင်းနဲ့ အက်စတွန် ဗီလာ အသင်းတွေဟာ ဗီလာ ကွင်းလယ်လူ ဒေါက်ဂလပ် လူးဝစ် ရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေး နေကြဆဲ ဖြစ်ပြီး သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီလို့ သိရပါတယ် ။

ရီးရဲမက်ဒရစ် ကနေ ထွက်ခွာလာတော့မယ့် ခံစစ်မှူး နာချို ဟာလည်း ဆော်ဒီ ကလပ် အယ်လ်အစ်တီဟတ် အသင်းနဲ့ သဘောတူညီမှု မရရှိထားသေးဘူးလို့ ကြားသိရပါတယ် ။

အေစီမီလန် တိုက်စစ်မှူး လူကာ ဂျိုဗစ် ကတော့ အသင်း နဲ့ ၂၀၂၅ ခုနှစ် အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ် ။ အေစီ ဟာ ရီးရဲမက်ဒရစ် အသင်းက အငှား ခေါ်ယူထားတဲ့ အဲလက်စ် ဂျီမီနက်ဇ် ကို ယူရို ၅ သန်း ပေးချေပြီး အပြီးသတ် ခေါ်ယူဖို့ ဆုံးဖြတ်ထားတယ်လို့လည်း သိရပါတယ် ။

ရိုးမား အသင်းကတော့ လီဗန်တေး ကစားသမား ဘူဘာ ဆန်ဂါရေး ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး မကြာခင် သဘောတူညီမှု ရယူနိုင်တော့မယ်လို့ သိရပါတယ် ။

စပါး အသင်းက ခေါ်ယူထားတဲ့ ခရိုအေးရှား နောက်ခံလူ လူကာ ဗက်စ်ကိုဗစ် ကိုတော့ ဘယ်လ်ဂျီယံ ကလပ် ဝက်စတာလို အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ် ။

အာဆင်နယ် နောက်ခံလူဟောင်း ဂါဘရီရယ် ပယ်လစ္စတာ ကတော့ အက်သလက်တီကို မက်ဒရစ် ကနေ ထွက်ခွာလာခဲ့ပြီး ဘက်ဆစ်တပ် အသင်းဆီ ရောက်ရှိသွားခဲ့တယ်လို့ သိရပါတယ် ။

အတ္တလန်တာ အသင်းကတော့ ဂါလာတာစာရေး အသင်းက အီတလီ တိုက်စစ်မှူး နီကိုလို ဇာနီယိုလို ကိူ ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် တောင်ပံ ကစားသမား မေဆင်ဂရင်းဝုဒ် ကိုတော့ လာလီဂါ ကလပ် ဗလင်စီယာ အသင်းကိ ပေါင် ၂၅ သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။

SPORTS MYANMAR