2026 ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးမှာ ပါဝင်မှာလားဆိုတဲ့ မေးခွန်းကို ဖြေကြားလိုက်တဲ့ မက်ဆီ

ကမ္ဘာ့ အကောင်းဆုံး ကစားသမား ၊ ဖျော်ဖြေမှု အပေးနိုင်ဆုံး ဘောလုံးသမားတွေထဲက တစ်ဦးဖြစ်တဲ့ အာဂျင်တိုင်းသားကြီး လီယွန်နယ် မက်ဆီဟာ များမကြာမီ ရက််ပိုင်း အတွင်းမှာ အသက် 37 နှစ် ပြည့်မြောက်တော့မှာပဲ ဖြစ်ပါတယ် ။

2026 ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီး ကျင်းပချိန်မှာတော့ သူဟာ အသက် 39 နှစ် ပြည့်မြောက်သွားမှာပဲ ဖြစ်ပါတယ် ။ ဒီအသက်အရွယ်ဆိုတာ ကစားသမား တစ်ဦးအတွက် ပုံစံကောင်းပြ ကစားပေးနိုင်ဖို့ ခက်ခဲသွားတဲ့ အရွယ်ပဲ ဖြစ်ပါတယ် ။

အခုတော့ လီယွန်နယ် မက်ဆီ က 2026 ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးမှာ အာဂျင်တီးနား လက်ရွေးစင် အသင်းကြီးရဲ့ ကစားသမားအဖြစ် ရှိနေဦးမလားလို့ အမေးခံလိုက်ရချိန်မှာတော့ ဒါဟာ အခြေအနေအချို့ပေါ် မူတည်နေကြောင်း ဖွင့်ပြောသွားခဲ့လိုက်ပါတယ် ။

” အဲ့တာက ကျွန်တော့်ရဲ့ ခံစားချက် ဘယ်လို ရှိနေသလဲ ၊ ကျွန်တော့်ရဲ့ ကာယပိုင်း ကြံ့ခိုင်မှု ဘယ်လို ရှိနေလဲဆိုတဲ့အပေါ် မူတည်ပါတယ် ။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော်အပေါ်် ကျွန်တော် အမြင်မှန် ရှိနေဖို့ လိုအပ်လှပါတယ် ။ ဒီအတွက် အချိန်တွေ အများကြီး ကျန်ပါသေးတယ် ”

” အတိုဆုံးပြောရရင် အချိန် အများကြီး နဲ့ အနည်းငယ်ပေါ့ ။ ဘာဖြစ်လို့လဲဆိုတော့ ဘောလုံးမှာ အချိန်ကုန်တာ သိပ်မြန်လို့လေ ။ အချိန်ရှိနေပါသေးတယ် ၊ အဲ့ဒီအချိန်မှာ ကျွန်တော် ဘယ်လိုရှိနေမလဲဆိုတာ အခုချိန်မှာ မသိနိုင်သေးပါဘူး ”

” အသက်အရွယ်ဆိုတာ ကိန်းဂဏန် တစ်ခုလို့ ဆိုကြပေမဲ့ အဲ့တာက အမှန်တရားလည်း ဖြစ်ပါတယ် ။ ကျွန်တော် အခု ကစားနေတဲ့ ပွဲစဥ်တွေက ဥရောပမှာ သုံးရက်တစ်ပွဲ ကစားခဲ့ရတာနဲ့ တူညီမှု ရှိမနေတော့ပါဘူး ။ လိဂ်ဖြစ်ဖြစ် ချန်ပီယံလိဂ် ဖြစ်ဖြစ် စပိန် ဖြစ်ဖြစ် ပြင်သစ်ဖြစ်ဖြစ်ပေါ့ ”

” ကျွန်တော် ဘယ်လို ခံစားနေရသလဲ ၊ အသင်းဖော်တွေနဲ့ ရှိနေရတာ ဘယ်လို ခံစားရလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ် ။ ပြီးတော့ ကျွန်တော် အဆင့်အတန်း တစ်ခုပြသ ကစားပေးနိုင်လားဆိုတာရောပေါ့ ။ စောင့်ကြည့်ကြတာပေါ့ဗျာ ” လို့ မက်ဆီ က ဖြေခဲ့တာပဲ ဖြစ်ပါတယ် ။

#SM