မော်ရင်ဟို ကတော့ လာမယ့် ယူရို ၂၀၂၄ မှာ ဗိုလ်စွဲ နိုင်ချေ အရှိဆုံး အသင်းထဲ အင်္ဂလန် အသင်းကို ထည့်သွင်း ရွေးချယ် သွားခဲ့ပါတယ် ။ အင်္ဂလန် အသင်း ဟာ ၁၉၆၆ နောက်ပိုင်း ကတည်းက အဓိက ဆုဖလား အောင်မြင်မှု နဲ့ ဝေးကွာနေမှုကို ရပ်တန့်ဖို့ ဒီနှစ် ယူရို ပြိုင်ပွဲမှာ ကြိုးပမ်း သွားရမှာ ဖြစ်ပါတယ် ။
အင်္ဂလန် အသင်းဟာ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ဗိုလ်လုပွဲ အထိ ရောက်ခဲ့ပေမယ့် အီတလီ အသင်းကို အရေးနိမ့်ကာ ဒုတိယ နေရာနဲ့ပဲ ကျေနပ် ခဲ့ရတာ ဖြစ်ပါတယ် ။ ဘွတ်ကီတွေရဲ့ အလေးပေးမှုမှာလည်း အင်္ဂလန် ဟာ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်း စာရင်းထဲ ပါဝင် နေပါတယ် ။
မော်ရင်ဟို ကတော့ ဒီနှစ် ယူရို ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အလားအလာ အကောင်းဆုံး အသင်းတွေကို ရွေးချယ် ရာမှာ ” ပေါ်တူဂီ အသင်း ရဲ့ အရင် မျိုးဆက် ကစားသမားတွေကို ကျနော် မလေးမစား ပြောတာတော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ ပေါ်တူဂီ အသင်း ရဲ့ လက်ရှိ အရည်အသွေး ၊ လူစာရင် အင်အားက ကျနော် မြင်ဖူး သမျှ ထဲမှာ အကောင်းဆုံးပါပဲ ။ ပေါ်တူဂီ အသင်း ဗိုလ်စွဲ နိုင်တဲ့ အနေအထားပါ ။ ”
” ကိုယ့်ကိုယ်ကို ယုံကြည်မှု နဲ့ သက်ဆိုင်ပါတယ် ၊ ဘယ်အသင်းကို မဆို အနိုင်ယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှုပေါ့ ။ ပြင်သစ် ၊ စပိန် ၊ အင်္ဂလန် ၊ ဂျာမနီတို့က ပိုမကောင်းလို့ ပေါ်တူဂီ အသင်း က အကောင်းဆုံး ဖြစ်တယ်လို့တော့ မပြောချင်ပါဘူး ။ နည်းပြ အတွက် အဓိက ပြဿနာ က ဘယ်သူ့ကို ထည့်ကစားရမလဲ ဆိုတာပါ။ ညာနောက်ခံလူကောင်း နှစ်ဦး ၊ ဘယ်နောက်ခံလူကောင်း နှစ်ဦး ၊ ကွင်းလယ်လူကောင်း နှစ်ဦး ရှိနေတဲ့ အသင်းလေ ၊ ကျနော် ပြောတာ နှစ်ယောက်စီ ရှိနေတဲ့ နေရာတွေကိုပဲ ပြောတာပါ။ ၂၃ ယောက်ဆိုတော့ အများကြီး ကျန်ပါသေးတယ် ။ ”
” မထင်မှတ်တာတွေ ဖြစ်လာခဲ့ရင်တော့ ကျနော် ကိုယ်တိုင်လည်း အံ့ဩ သင့်မိမှာပါ ။ ပြင်သစ် ရော ဂျာမနီရောက ကောင်းနေကြသလို အင်္ဂလန် နှင့် ပေါ်တူဂီကလည်း အရင်ကထက် ပ်ုကောင်း နေကြပါတယ် ။ ဒီလေးသင်း ထဲကပဲ ချန်ပီယံ ဖြစ်သွားပါလိမ့်မယ်။ စပိန်ကိုတော့ သိပ်မသေချာပါဘူး ။ ဒါပေမဲ့ စပိန် အသင်းမှာက သူတို့ရဲ့ ကိုယ်ပိုင် ကစားဟန် နှင့် အရည်အသွေး မြင့် ကစားသမားတွေ ရှိပါတယ် ၊ ဘယ်ဂျီယံ နှင့် အီတလီ ကလည်း မထင်မှတ်တာတွေ လုပ်ပြ နိုင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
SM