ကျောနံပါတ် ၁၀ ကို ဝတ်ကစားမယ့် ဘရာဇီးသား ၊ အင်္ဂလန်ရဲ့ လူစာရင်း ၊ အပြောင်းအရွှေ့ အကြောင်းတွေနဲ့ . . . နောက်ဆုံးရ အားကစား သတင်းများ

 

အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရတ် ဆောက်ဂိတ် ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်မယ့် အပြီးသတ် ၂၆ ယောက် စာရင်းကို မနေ့က ထုတ်ပြန်သွားခဲ့ပါတယ် ။ အဆိုပါ စာရင်းမှာ ဒဏ်ရာပြဿနာ ရှိနေတဲ့ ခံစစ်မှူး ဟယ်ရီ မက်ဂွဲယား ၊ မန်စီးတီး တောင်ပံ ကစားသမား ဂရီလစ်ရှ် တို့ ကျန်ရစ်ခဲ့ပြီး မန်ယူနိုက်တက် နဲ့ တောက်ပလာတဲ့ လူငယ်ကွင်းလယ် ကစားသမားလေး ကိုဘီ မိုင်နူး ပါဝင်လာခဲ့ပါတယ် ။

ရီးရဲမက်ဒရစ် ရှေ့တန်း ကစားသမားလေး ရိုဒရီဂို ဟာ ကိုပါ အမေရိက ပြိုင်ပွဲမှာ ဘရာဇီးရဲ့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင် ကစားသွားမယ်လို့ သိရပါတယ် ။

ချဲလ်ဆီးကတော့ နွေရာသီ ရဲ့ ပထမဆုံး ကစားသမား ခေါ်ယူမှု အဖြစ် တိုဆင် အေဒရာဘိုင်အိုယို ကို ဆေးစစ် ခေါ်ယူနိုင်ခဲ့ပြီး ၂၀၂၈ အထိ သက်တမ်းရှိမယ့် စာချုပ်ကို ချုပ်ဆိုလိုက်တယ်လို့ သိရပါတယ် ။

ယူဗင်တပ် အသင်းကတော့ မက်တီယာ ပါရင် နဲ့ လာမယ့် ရက်သတ္တပတ် အတွင်း တွေ့ဆုံပြီး ိစာချုပ် ကိစ္စအတွက် ဆွေးနွေးမယ်လို့ သိရပါတယ် ။ အသင်းရဲ့ နံပါတ် ၁ ဂိုးသမား ဆက်ဇ်နီ ကတော့ တူရင် ကလပ်ကနေ ထွက်ခွာပြီး ဆော်ဒီလိဂ်ကို ပြောင်းရွှေ့ဖွယ် ရှိနေပါတယ် ။

ဝုဗ် ကစားသမား ဖာဘီယို ဆေးလ်ဗား ကတော့ အသင်းမှာ ဆက်မနေတော့ဘဲ ပြောင်းရွှေ့ ထွက်ခွာချင်တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ပြီး အသင်း နဲ့ သူတို့ အကြားမှာ သဘောတူညီမှု ရရှိဖို့ လုပ်ဆောင်နေတယ်လို့ ပြောသွားခဲ့ ပါတယ် ။

အာဆင်နယ် က စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေတဲ့ ဘရူနို ဂွီမာရက်စ် ကတော့ သူဟာ လက်ရှိမှာ နယူးကာဆယ် နဲ့ စာချုပ် သက်တမ်းရှိနေသေးတဲ့ ကစားသမား ဖြစ်ပြီး အသင်းမှာလည်း ပျော်ရွှင်နေပါတယ်လို့ ဆိုသွားခဲ့ ပါတယ် ။

အမေရိကန် ကလပ် ဆန်ဒီယေဂို အသင်းဟာ မက္ကဆီကို ရှေ့တန်း ကစားသမား ဟာဗေး လိုဇာနို ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ် ။ လိုဇာနို ဟာ ဆန်ဒီယေဂို အသင်းဆီကို ၂၀၂၅ ဇန်နဝါရီ မှာ ပြောင်းရွှေ့ရောက်ရှိလာမှာပါ ။

SPORTS MYANMAR