စီးရီးအေ ရဲ့ နောက်ဆုံးပွဲ ၊ ယူရို အကြိုပြင်ဆင်မှုတွေ ၊ အပြောင်းအရွှေ့တွေနဲ့ . . . နောက်ဆုံးရ အားကစားသတင်းများ

မနေ့ညက ကစားခဲ့တဲ့ အီတလီ စီးရီးအေ ပွဲကျန်မှာ အတ္တလန်တာ အသင်းဟာ ဖီအိုရင်တီးနား အသင်းကို အိမ်ကွင်းမှာ ၃-၂ နဲ့ အရေးနိမ့်သွားခဲ့ပါတယ် ။

ရီးရဲမက်ဒရစ် ဟာ ချန်ပီယံလိဂ် ဆွတ်ခူး ရရှိခဲ့တာကြောင့် ချဲလ်ဆီး တောင်ပံ ကစားသမား ဟာဇက်ကို ခေါ်ယူခဲ့စဉ်က ထည့်သွင်းချုပ်ဆိုခဲ့တဲ့ အပိုဆုကြေး ၊ ဂျုဒ် ဘယ်လင်ဟမ် ကို ခေါ်ယူခဲ့စဉ်က ထည့်သွင်းချုပ်ဆို ခဲ့တဲ့ အပိုဆုကြေးတွေကို ပေးချေခဲ့ရတယ်လို့ သိရပါတယ် ။

ဘာစီလိုနာ ခံစစ်မှူး အာရူဟို ကတော့ သူဟာ အသင်းနဲ့ ၂၀၂၆ အထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်ပြီး ကတ်တလန် ကလပ် မှာ ဆက်ရှိနေဖို့ မျှော်လင့်ထားကြောင်း ပြောဆိုသွားခဲ့ ပါတယ် ။
မနှစ်တုန်းက ဘရိုက်တန် ကို အငှားထွက် ကစားခဲ့ရတဲ့ ဘာဆာ လူငယ်လေး အန်ဆု ဖာတီ ကတော့ သူဟာ အသင်းမှာ ဆက်လက် နေရာရဖို့ တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ် ။

အတ္တလန်တာ နဲ့ အီတလီ နောက်ခံလူ စကယ်ဗီနီ ဟာ ဘယ်ဘက်ဒူးခေါင်း ဒဏ်ရာကြောင့် ယူရို ပြိုင်ပွဲကိုသာမက ၂၀၂၄ တနှစ်လုံးကိုပါ အနားယူရတော့မယ်လို့ သတင်းထွက်ပေါ်လာခဲ့ ပါတယ် ။

ဒေါ့မွန် အသင်းနဲ့ လမ်းခွဲ နှုတ်ဆက်သွားတဲ့ ဝါရင့် ကစားသမားကြီး မာကို ရွိုက်စ် ကို မေဂျာလိဂ် ကလပ် LA Galaxy က တရားဝင် ဆက်သွယ်မှု ပြုလုပ်ထားတယ်လို့ ကြာိးသိရပါတယ် ။
ဒေါ့မွန် ကတော့ အခုနှစ် နွေရာသီမှာ စတုဂတ် ရှေ့တန်းလူ ဂွီရာဆေး ကို အဓိက ကြိုးစားသွားမှာ ဖြစ်ပြီး လာမယ့် ရက်သတ္တပတ်ထဲမှာတော့ အငှားခေါ်ယူခဲ့တဲ့ ဆန်ချို နဲ့ အီယန် မတ်ဆန် တို့ကို ဆက်လက် အငှားခေါ်ယူ နိုင်ရေး စတင်လုပ်ဆောင်မယ်လို့ သိရပါတယ် ။

ဝက်စ်ဟမ်း အသင်းကတော့ ဘရာဇီး ကလပ် ပါးမေးရပ်စ် ကစားသမား လူးဝစ် ဂွယ်ဟာမီ ကို ခေါ်ယူဖို့ စာရွက်စာတမ်း ကိစ္စတွေ လုပ်ဆောင်နေပြီလို့ သိရပါတယ် ။

အင်္ဂလန် အသင်းဟာ ဒီကနေ့ညမှာ ယူရို အကြို ခြေစမ်းပွဲ အဖြစ် ဘော့စနီးယား အသင်းနဲ့ ကစားဖို့ ရှိနေပြီး ဘူကာယို ဆာကာ နဲ့ ဂျွန်စတုန်း တို့ ပါဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့ နည်းပြ ဆောက်ဂိတ်က ပြောဆိုသွားခဲ့ ပါတယ် ။

SPORTS MYANMAR