” သူက ဘာလို့ ပိုပြီးဝေဖန်ခံနေရတာလဲ? ” ဆီဗီလာနဲ့ ရှုံးပွဲအပြီး ယူနိုက်တက် ကြယ်ပွင့်နှစ်ဦးကို နှိုင်းယှဥ်ပြီး မေးခွန််းထုတ်လိုက်တဲ့ ကာရေဂါ

လီဗာပူး အသင်းရဲ့ ခံစစ် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဂျေမီ ကာရေဂါ က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အန်တိုနီ ဟာ အသင်းဖော် ဂျေဒန် ဆန်ချို ထက် ပိုပြီး ဘာလို့ မကြာခန ဝေဖန်ခံနေခဲ့ရတာလဲလို့ မေးခွန်းထုတ် သွားခဲ့လိုက်ပါတယ် ။

ယူနိုက်တက် ကြယ်ပွင့် နှစ်ဦးဟာ ဒီနေ့ နံနက် ဆီဗီလာ အသင်းကို 3 – 0 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဥ်မှာ ပွဲထွက် ကစားခွင့် ရရှိခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ဒီရလဒ်ကြောင့် ယူနိုက်တက်တို့ နှစ်ကျော့ပေါင်း 5-2 ဆိုတဲ့ ရလဒ်နဲ့ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ် ။

ဒီညပွဲမှာတော့ အန်တိုနီ ဟာ ယူနိုက်တက် တိုက်စစ်ပိုင်းမှာ အခြားသူတွေထက် ပိုကောင်းအောင် ကစားပေးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အခုရက်ပိုင်း ယူနိုက်တက်တို့ အတွက် ပိုကောင်းအောင် ကစားပေးနိုင်ခဲ့သလို ဒီရာသီ 8 ဂိုးသွင်းထားနိုင်ခဲ့တဲ့ အန်တိုနီဟာ မကြာခန ဝေဖန်ခံခဲ့ရပါတယ် ။

အခြားတဖက်မှာတော့ အင်္ဂလန်သားဖြစ်တဲ့ ဆန်ချိုဟာ ဒီရာသီ ဘာမှ ထူးကဲအောင် မလုပ်ပြနိုင်ခဲ့ပေမဲ့ အန်တိုနီ လို ဝေဖန်ခံရတာမျိုး မရှိသလောက်ရှားခဲ့ရတာကို လီဗာပူး ဂန္တဝင် က ထောက်ပြရင်းနဲ့ ဘာကြောင့်လဲဆိုပြီး မေးခွန််းထုတ်ခဲ့လိုက်ပါတယ် ။

” အန်တိုနီဟာ ဆန်ချို 2 နှစ် အတွင်း လုပ်ပြခဲ့တာထက် ပိုကောင်းအောင် လုပ်ပြထားနိုင်ခဲ့ပါတယ် ။ ဒါတောင်မှ အန်တိုနီ က ဆန်ချိုထက် ပိုပြီး ဝေဖန်မှုတွေ အများကြီး ခံနေခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ် ။ ဆန်ချို ကတော့ ဝေဖန်မှုတွေတောင် သိပ်မခံခဲ့ရပါဘူး ” လို့ ကာရေဂါ က ထုတ်ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

အင်္ဂလန်မြေမှာတော့ ပရိသတ်တွေနဲ့ သတင်းသုံးသပ်သူ အများစုဟာ အခြားသော နိုင်ငံခြားသားကစားသမားတွေကို ဝေဖန်တာ များခဲ့ကြပေမဲ့ အင်္ဂလန်သားတွေကို ဝေဖန်ဖို့ အမြဲလို တွန့်ဆုတ်ခဲ့ကြတာကို အားလုံး သိထားပြီးသားပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် အင်္ဂလန် ကစားသမား တစ်ဦးတစ်ယောက် က ခြေစွမ်းကောင်း ပြလိုက်ရင်လည်း ချီးကျူးလို့မဆုံး ဖြစ်နေခဲ့ကြတာလည်း အားလုံးအသိပဲ ဖြစ်ပါတယ် ။ လက်ရှိ အချိန်မှာ ဒီဘရိုင်း၊ ဟာလန်း နဲ့ အိုဒီဂတ် လို ကစားသမားတွေ တောက်ပနေခဲ့ပေမဲ့ ထိုက်တန်တဲ့ ချီးကျူးမှုတွေကို ရရှိတာ နည်းပါးခဲ့ကြတာ အကောင်းဆုံး သာဓကတွေပါပဲ ။

#Sports_Myanmar