Premier League ရဲ့ ရာသီပိတ် ဒရာမာ ပွဲစဉ်များ

 

၁၉၉၄-၉၅ ရာသီ
ချန်ပီယံ – ဘလက်ဘန်း – ၈၉ မှတ်
ဒုတိယ – မန်ယူနိုက်တက် – ၈၈ မှတ်
ရာသီပိတ် ပွဲစဉ်မှာ နယူးကာဆယ် တို့ ရှုံးခဲ့ပေမယ့် မန်ယူနိုက်တက် က သရေသာ ကျခဲ့တာကြောင့် ငှက်ကျားတွေ ဗိုလ်စွဲခဲ့ပါတယ် ။

၁၉၉၅-၉၆ ရာသီ
ချန်ပီယံ – မန်ယူနိုက်တက် – ၈၂ မှတ်
ဒုတိယ – နယူးကာဆယ် – ၇၈ မှတ်
ရာသီပိတ် ပွဲစဉ်မှာ ဦးဆောင်သူ ယူနိုက်တက် အမှားမရှိခဲ့ပါဘူး ။

၁၉၉၇-၉၈ ရာသီ
ချန်ပီယံ – အာဆင်နယ် – ၇၈ မှတ်
ဒုတိယ – မန်ယူနိုက်တက် – ၇၇ မှတ်
ဒီရာသီလည်း အာဆင်နယ်တို့ အမှားအယွင်းမရှိ ပန်းဝင်ခဲ့ပါတယ်

၁၉၉၈-၉၉
ချန်ပီယံ – မန်ယူနိုက်တက် – ၇၉ မှတ်
ဒုတိယ – အာဆင်နယ် – ၇၈ မှတ်
ရာသီပိတ် ပွဲစဉ်မှာ မန်ယူနိုက်တက် က စပါး ကို အနိုင်ကစားပြီး ဗိုလ်စွဲခဲ့ပါတယ် ။

၂၀၀၇-၀၈ ရာသီ
ချန်ပီယံ – မန်ယူနိုက်တက် – ၈၇ မှတ်
ဒုတိယ ချဲလ်ဆီး – ၈၅ မှတ်
မန်ယူနိုက်တက် တို့ ဝီဂန် ကို အနိုင်ကစားပြီး ချန်ပီယံ အဖြစ် အောင်ပွဲခံခဲ့ပါတယ် ။

၂၀၀၉-၁၀ ရာသီ
ချန်ပီယံ – ချဲလ်ဆီး – ၈၆ မှတ်
ဒုတိယ – မန်ယူနိုက်တက် – ၈၅ မှတ်
ယူနိုက်တက် က ရာသီကုန်အထိ ဖိအားလိုက်ပေးနေပေမယ့် ချဲလ်ဆီး ကတော့ ရာသီပိတ် ပွဲစဉ်မှာ ဝီဂန် ကို ၈-၀ နဲ့ အနိုင်ကစားပြီး ထိုက်ထိုက်တန်တန် ဗိုလ်စွဲခဲ့ပါတယ် ။

၂၀၁၁-၁၂ ရာသီ
ချန်ပီယံ – မန်စီးတီး – ၈၉ မှတ် ( +၆၄ )
ဒုတိယ – မန်ယူနိုက်တက် – ၈၉ မှတ် ( +၅၆ )
ပရီးမီးယားလိဂ် သမိုင်းမှာ ဂိုးကွာခြားချက် နဲ့ ဆုံးဖြတ်ရတဲ့ ပထမဆုံး ရာသီဖြစ်လာခဲ့ပါတယ် ။ ကျူပီအာ ကို ၂-၁ ရှုံးနိမ့်နေရာကနေ ၂ ဂိုးပြန်သွင်းခဲ့တဲ့ မန်စီးတီး ရဲ့ ပွဲကတော့ ဒီကနေ့ အထိ ပြောစမှတ် ဖြစ်စေခဲ့တာပါ ။

၂၀၁၃-၁၄ ရာသီ
ချန်ပီယံ – မန်စီးတီး – ၈၆ မှတ်
ဒုတိယ – လီဗာပူး – ၈၄ မှတ်
အခုရာသီနဲ့ အတော်လေးဆင်တူပါတယ် ။ ဦးဆောင်နေသူ လီဗာပူး ဟာ ချဲလ်ဆီးနဲ့ ပွဲကို ရှုံးနိမ့်ရာကနေ မန်စီးတီး က ပွဲကျန်ကို အနိုင်ကစားပြီး ကျော်တက်ကာ ဗိုလ်စွဲသွားခဲ့တာပါ ။

၂၀၁၈-၁၉ ရာသီ
ချန်ပီယံ – မန်စီးတီး – ၉၈ မှတ်
ဒုတိယ – လီဗာပူး – ၉၇ မှတ်
ပရီးမီးယားလိဂ် သမိုင်းမှာ အမှားအနည်းဆုံး အားပြိုင်မှု ဖြစ်ခဲ့ပါတယ် ။ ၉၇ မှတ်နဲ့ ဒုတိယ ရတာ ဒီကနေ့ အထိ လီဗာပူး တသင်းတည်း ရှိခဲ့တာပါ ။

၂၀၂၁-၂၂ ရာသီ
ချန်ပီယံ – မန်စီးတီး – ၉၃ မှတ်
ဒုတိယ – လီဗာပူး – ၉၂ မှတ်
၂၀၁၁-၁၂ ရာသီတုန်းကလို ဒရာမာ ဆန်တဲ့ ရာသီအပိတ်ကို ထပ်မြင်ခဲ့ရပါတယ် ။ မန်စီးတီး ဟာ အက်စတွန် ဗီလာ ကို မိနစ် ၆၀ အထိ ၂-၀ နဲ့ ရှုံးနိမ့်နေရာကနေ ၃-၂ နဲ့ အနိုင်ပြန်ကစားကာ လီဗာပူးရဲ့ နိုင်ပွဲကို အဓိပ္ပါယ် ကင်းမဲ့ စေခဲ့ပါတယ် ။

၂၀၂၃-၂၄ ရာသီ ( on going )
အဆင့် ၁ – မန်စီးတီး – ၈၈ မှတ် ( + ၆၀ )
အဆင့် ၂ – အာဆင်နယ် – ၈၆ မှတ် ( + ၆၁ )

ရာသီအပိတ်ပွဲစဉ်မှာ မန်စီးတီး က ဝက်စ်ဟမ်း ၊ အာဆင်နယ် က အဲဗာတန် ကို အိမ်ကွင်းတွေမှာ အသီးသီး ဧည့်ခံ ကစားရမှာပါ ။ အစဉ်အလာအရတော့ ဦးဆောင်သူတွေဟာ ရာသီပိတ် ပွဲစဉ်မှ ခြေချော်လေ့ မရှိပါဘူး ။ ဒီရာသီမှာရော ဘယ်လို ဒရာမာဆန်တဲ့ ဇာတ်သိမ်းခန်းကို ကြည့်ရဦးမလဲဆိုတာ စိတ်ဝင်စားဖို့ အရမ်းကောင်းနေမှာ အသေအချာပါပဲ ။

SPORTS MYANMAR