မန်စီးတီး ရဲ့ချန်ပီယံ အောင်ပွဲကို ဖျက်ဆီး နိုင်တဲ့ ဝက်စ်ဟမ်း ကစားသမား ၃ ဦး နာမည်ကို ပြောကြားလိုက်တဲ့ ဂွာဒီယိုလာ

 

တော့တင်ဟမ် အသင်း ကို ဟာလန်း ရဲ့ သွင်းဂိုးတွေ နဲ့ အနိုင်ယူပြီး အမှတ်ပေး ဇယား ထိပ်ဆုံး ကို ရောက်လာခဲ့တဲ့နောက် မန်စီးတီး နည်းပြ ဂွာဒီယိုလာ ဟာ ဝက်စ်ဟမ်း အသင်း နဲ့ နောက်ဆုံး ပွဲစဉ်မှာ ပြိုင်ဘက် ကစားသမား ၃ ဦးကို သတိထားဖို့ လိုအပ်ကြောင်း သတိ ပေးသွားခဲ့ပါတယ် ။

မန်စီးတီး အသင်းဟာ ဝက်စ်ဟမ်း အသင်းကိုသာ အနိုင်ရပါက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာမှာ ဖြစ်ပြီး လေးနှစ်ဆက် ချန်ပီယံ အဖြစ် အောင်ပွဲ ခံနိုင်မှာပါ ။ ဂွာဒီယိုလာ ကတော့ ချန်ပီယံ ဖြစ်ဖို့ လက်တစ်ကမ်း အလိုမှာ ရောက်နေပြီ ဖြစ်ပေမယ့် ဝက်စ်ဟမ်း အသင်း နဲ့ ပွဲကလည်း ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်နိုင်ကြောင်း ဆိုသွား ခဲ့ပါတယ် ။

” စပါး နဲ့ ပွဲက တကယ့်ကို ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ် ။ ခက်ခဲမယ် ဆိုတာလည်း ကျနော်တို့ သိခဲ့ပါတယ် ၊ သူတို့က ဂုဏ်သိက္ခာ ရှိရှိ နိုင်လိုစိတ် ပြင်းပြမှု အပြည့်နဲ့ ကစားသွား ခဲ့တာပါ ၊ သူတို့နဲ့ ကစားရတာ တကယ် ခက်ခဲ ခဲ့ပါတယ် ။ ”

” ဒီမန်နေဂျာ နဲ့သာ ဆက်သွားရင် စပါး က အနာဂတ် မှာ မယုံနိုင်လောက်အောင် ကောင်းတဲ့ အသင်း ဖြစ်လာပါလိမ့်မယ် ။ နောက်ဆုံး ပွဲမှာ ချန်ပီယံ ဖြစ်ဖို့ အခွင့်အရေး က ကျနော်တို့ လက်ထဲမှာ ရှိပါတယ် ၊ နောက်ဆုံးပွဲက အမြဲတမ်း ခက်ခဲတာပါပဲ ။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက အက်စတန်ဗီလာ နဲ့ ပွဲ ၊ ကျူပီအာ နဲ့ ပွဲမှာ အဂွေးရိုး ရဲ့ သွင်းဂိုး နဲ့ နိုင်ခဲ့တဲ့ ပွဲတွေက သက်သေပါပဲ ။ ”

” အခု အချိန်မှာ ကျနော် စိတ်အေး လက်အေး ဖြစ်နေပေမယ့် အန်တိုနီယို ၊ ဘိုဝမ် နှင့် ဝက်ဒ်ပရောက်စ် တို့ အကြောင်း တွေးနေပါတယ် ။ ကျနော်တို့ ဘာအတွက် ကစားနေကြသလဲ ဆိုတာ ကျနော်တို့ သိပါတယ် ၊ ကျနော်တို့ အခု နားရက် တစ်ရက်ရတယ် ၊ ပြင်ဆင်ဖို့ နှစ်ရက် အချိန်ရတယ် ၊ ကျနော်တို့ အကောင်းဆုံး လုပ်ဆောင် သွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM