ဖာဂူဆန် ဘယ်တော့မှ မလုပ်ခဲ့တဲ့ အရာကို အာတီတာ လုပ်ဆောင်ခဲ့တယ်လို့ ဝေဖန် ပြစ်တင် လိုက်တဲ့ ခရစ်ဆပ်တန်

ချဲလ်ဆီး အသင်း ရဲ့ကစားသမားဟောင်း ခရစ်ဆပ်တန် က ဝက်စ်ဟမ်း နဲ့ ပွဲ အပြီးမှာ အသင်းသားတွေကို ဝေဖန် ပြစ်တင် ခဲ့တာမျိုးဟာ အာတီတာ မလုပ်သင့်တဲ့ အရာမျိုး ဖြစ်ကြောင်းဝေဖန် သွားခဲ့ပါတယ် ။ အာတီတာ က ဝက်စ်ဟမ်း နဲ့ သရေကျခဲ့တဲ့ ပွဲအပြီး အာဆင်နယ် အသင်းသားတွေဟာ သွင်းဂိုး နှစ်ဂိုး ရသွားပြီးနောက်ပိုင်း သက်သောင့် သက်သာ ပေ့ါတိပေါ့ဆ ကစားနေခဲ့ကြောင်း ပြောကြား ခဲ့တာပါ ။

” ပြီးခဲ့တဲ့ တစ်ပတ် လန်ဒန်ကွင်းကြီးမှာ နှစ်ဂိုးပြတ် ဦးဆောင် ပြီးခါမှ သရေပြန်ကျသွားတော့ အာဆင်နယ် အသင်းသားတွေ အဝတ်လဲခန်း အတွင်း မခံချိမခံသာ ဖြစ်နေမှာ အသေအချာပါပဲ ။ စောစောစီးစီး ဦးဆောင်ဂိုးတွေရထားလို့ အသင်းသားတွေ အားလုံး အရမ်းကို သက်သောင့်သက်သာပဲ ကစားနေခဲ့တယ်လို့ ပွဲအပြီး အာတီတာ ပြောခဲ့တဲ့ စကား က မှန်ကန်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ကျနော်ကတော့ မထင်ပါဘူး ။ ”

” သရေရလဒ် နဲ့ ပတ်သက်ပြီး သူ စိတ်ပျက်နေမှန်း ကျနော် သိပါတယ် ၊ ဒါပေမယ့် သူ ပြောတဲ့ စကားက ကိုယ့်ကစားသမားတွေရဲ့ စိတ်ဓတ်ပိုင်းဆိုင်ရာ ကို ပြန်ပြီး မေးခွန်း ထုတ်နေသလိုပါပဲ ။ ဆာအဲလက်စ် ဖာဂူဆန် အဲ့လို လုပ်တာမျိုး ကျနော်တို့ တစ်ခါမှ မမြင်ခဲ့ဖူးတာ အမှန်ပါပဲ ၊ ဖာဂူဆန် ဆို ကိုယ့်ကစားသမားကို ပြောမယ့် အစား ဒိုင်လူကြီး နှင့် အခြား အရာတွေကိုပဲ ဝေဖန် ပြစ်တင် လိုက်တာပါပဲ ။ ”

” အာတီတာတစ်ယောက် ဖိအားတွေ များနေတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် အာတီတာ ရဲ့ အသင်း အနေနဲ့ လာမယ့် ပွဲတွေကို လွှမ်းမိုး ထိန်းချုပ် နိုင်မှု အပြည့်နဲ့ ကစားနိုင်ဖို့ လိုအပ်ပါတယ် ၊ ဆောက်သမ်တန် နဲ့ ပွဲက စပြီး သူတို့ လုပ်ပြ နိုင်ဖို့ လိုအပ်ပါတယ် ။ အာဆင်နယ် က ဗုဒ္ဓဟူးနေ့မှာ မန်စီးတီး နဲ့ ကစားရမှာ ဖြစ်တာကြောင့် ဒီတစ်ပတ် ပွဲ ကို နိုင်မှ ဖြစ်မှာပါ ။ ”

” ဇယား အောက်ခြေက အသင်းနဲ့ တွေ့တဲ့ ပွဲမှာ အာဆင်နယ် အသင်း အမှတ် လုံးဝ လျှော့လို့ မရပါဘူး ။ အမှတ်သာ လျှော့ရင် အာဆင်နယ် အသင်းရဲ့ ချန်ပီယံ အိပ်မက် က ပြီးဆုံး သွားပါပြီ ၊ ဆောက်သမ်တန် အတွက်လည်း နိုင်မှ ဖြစ်မယ့် ပွဲပါ ၊ သူတို့ရဲ့ လက်ရှိ အခြေအနေအရ သရေတစ်မှတ် ရရင်တောင် ပျော်လို့ မရပါဘူး ။ ”

” ဒါပေမယ့် ဆောက်သမ်တန် အသင်း အမ်းမရိတ်မှာ ဘာအမှတ်မှ ရလိမ့်မယ်လို့ ကျနော် ကတော့ မထင်ပါဘူး ။ အာဆင်နယ် အသင်း ၂-၀ နဲ့ အနိုင်ရပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM