လူမစုံတာ ၊ ကံမကောင်းတာထက် အသုံးမကျလို့ ရှုံးခဲ့ရတဲ့ ဆီဗီလာ 3-0 ယူနိုက်တက် ပွဲမှ ဧည့်သည်တို့ရဲ့ စိတ်ပျက််ဖွယ် Rating များ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့နံနက် စပိန်မြေမှာ ဆီဗီလာ အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး 3-0 ဆိုတဲ့ရလဒ် နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ် ။ အဆိုပါ ရလဒ်ကြောင့် ယူနိုက်တက် တို့ဟာ နှစ်ကျော့ပေါင်း 5-2 ဆိုတဲ့ ရလဒ် နဲ့ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် အသင်းရဲ့ ဂိုးသမား ဒီဂီယာနဲ့ ခံစစ်မှူး မက်ဂွားယားတို့ရဲ့ ဆေးထိုးမှုကြောင့် ယူနိုက်တက််တို့ အဖွင့်ဂိုး ပေးခဲ့ရပါတယ် ။ ဒုတိယဂိုးမှာလည်း ဆီဗီလာတို့ ကံကောင်းပြီး ဂိုးရခဲ့ကြတာပါ ။ တတိယဂိုးဟာလည််း ဒီဂီယာ ဆေးထိုးလို့ ပေးခဲ့ရတာပါ ။

ဒီအတွက် ယူနိုက်တက်တို့ လူမစုံခဲ့ဘူး ၊ ကံမကောင်းတဲ့ဂိုးတွေ ပေးခဲ့ရတယ်လို့ ထင်ချင်စရာဖြစ်ခဲ့ရပါတယ် ။ ဒါပေမဲဲ့ အမှန်တရားကတော့ ယူနိုက်တက် တို့ စုတ်ချာညံ့ဖျင််းလွန်းခဲ့တာကြောင့် အခုလို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဒီပွဲမှ rating တွေကို ဖော်​ပြပေးလိုက််ပါတယ် ။

ဒီဂီယာ (2)

မက်ဂွားယားကို ဘောလုံးပေးခဲ့တာက ဥာဏ်နည်းခြင်း ဖြစ်ခဲ့ရပြီး အဖွင့်ဂိုး ခွင့်ပြုခဲ့ရပါတယ် ။ တတိယ ဂိုး မှာတော့ ထိချက် ညံ့ဖျင်းခဲ့တာကို မြင်ခဲ့ရပါတယ် ။

ဘစ်ဆာကာ (3)

တိုက်စစ်ကို ဘာမှ အကျိုးပြု မပေးနိုင်ခဲ့ပါဘူး ။ ခံစစ်ပိုင်းကတော့ သူ့ဖက်အခြမ်း အတော်လေးအဆင်ပြေခဲ့ပါတယ် ။ စွမ်းဆောင်ရည်ကတော့ ညံ့ခဲ့ရပါတယ် ။

လင်ဒီလော့ဖ် (5)

ဆူဆို ရဲ့ ကန်ချက်ကို ပိတ်ဆို့နိုင်ခဲ့ပါတယ် ။ ရန်လိုတဲ့ ကစားဟန်နဲ့ ကစားခဲ့ပြီး တိုက်စစ်ဆင်နိုင်ဖို့ ပေးပို့မှုတွေ ကြိုးစားလုပ်ဆောင်ခဲ့ပါတယ် ။

မက်ဂွားယား (3)

ပြီးခဲ့တဲ့ တစ်ပါတ်က own goal ဟာ ကံဆိုးတာလို့ ပြောပြီး ဖာထေးလို့ရပါသေးတယ် ။ ဒါပေမဲ့ ဒီပွဲက လုပ်ရက်ဟာ သူ့ရဲ့ အမှားပါပဲ ။ ရောင်းထုတ်လိုက်သင့်ပါပြီ ။

ဒါးလော့ (4)

ဘယ်ဖက်မှာ ရုန်းကန်ခဲ့ရပေမဲ့ တိုက်စစ်ကို အထောက််အကူ ပေးနိုင်ခဲ့ပါသေးတယ် ။ ဒုတိယပိုင်း ညာဖက်ရောက််ချိန် ပိုကောင်းအောင်ကစားနိုင်ခဲ့ပေမဲ့ အကျိုးမပြုနိုင်ခဲ့ပါဘူး ။

အဲရစ်ဆင် (4)

သတိမမူပဲ လူထပ် ကစားတာမျိုး လုပ်ခဲ့ပါတယ် ။ သူ့ဆီက တည်ငြိမ်တဲ့ကစားဟန်၊ ကွင်းလယ်ပိုင်း လွှမ်းမိုးမှုကို မမြင်တွေ့ခဲ့ရပါဘူး ။

ကာစီမီရို (4)

ဆီဗီလာ တိုက်စစ် ကစားသမားတွေရဲ့ ရန်လိုတဲ့ ကစားဟန်ကို မလွှမ်းမိုးနိုင်ခဲ့ပါဘူး ။ ဂိုးပေါက်ခြိမ်းခြောက်မှုက ရင်ခုန်စရာ ဖြစ်ခဲ့ရပါတယ် ။ စွမ်းဆောင်ရည် ကျဆင်းခဲ့ပါတယ် ။

အန်တိုနီ (6)

ဒီပွဲမှာ ကြိုးစားပြီး ရုန်းပြသလောက် စိတ်ပျက်လက်ပျက်် ဖြစ်ခဲ့ရတာက သူပါပဲ ။ ဂိုးပေါက် ကန်သွင်းဖို့ အခွင့်ကောင်းမရခဲ့ပါဘူး ။

ဆာဗစ်ဇာ (4)

ပထမပိုင်းမှာတော့ ခရီးသွား ဧည့်သည်လိုပဲ ဖြစ်ခဲ့ရပါတယ် ။ ဘာမှ မထူးကဲနိုင်ခဲ့ပါဘူး ။ ကြိုးစားခဲ့ပေမဲ့ ဘရူနို ရဲ့ နေရာကို အစားထိုးနိုင်စွမ်း မရှိသေးပါဘူး ။

ဆန်ချို (2)

ကစားပုံ နှေးကွေးနေခဲ့ပါတယ် ။ ဘယ်တောင်ပံဖက်မှာ ပျောက်ဆုံးနေခဲ့ရပါတယ် ။ ထူးကဲတဲ့ စွမ်းဆောင်ရည်ကို မပြနိုင်ခဲ့ပဲ အနှုတ်လက္ခဏာချည်း ဆောင်ခဲ့ပါတယ် ။

မာရှယ် (3)

ကြိုးစားချင်စိတ် ရှိခဲ့ပြီး အတော်လေး ဆင်းကူ ကစားပေးခဲ့ပါသေးတယ် ။ ဒါပေမဲ့ ​သက်ရောက်မှု နည်းပါးခဲ့ရပါတယ် ။ ဒဏ်ရာရပြန်ပါပြီ ၊ ရောင်းထုတ်သင့်ပါပြီ ။

လူစားဝင် ကစားသမားများ ..

ရှော (5)
ရပ်ရှ်ဖို့ (5)
ဝဂ်ဟော့စ် (4)
ဖရက်ဒ် (4)
အီလန်ဂါ (6)

#Sports_Myanmar