ယူနိုက်တက် ကွင်းလယ်ရဲ့ အလန်းစား မှတ်တမ်းအပေါ် မှတ်ချက်ပေးရင်း အသင်းဖော် နှစ်ဦးကို ချီးကျူးလိုက်တဲ့ အဲရစ်ဆင်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ခရစ္စတီယံ အဲရစ်ဆင်က ကာစီမီရို ၊ ဘရူနို ဖာနန်ဒက်စ် တို့နဲ့ ကွင်းလယ်မှာ ပူးတွဲပြီးကစားရတဲ့အပေါ် မှတ်ချက်ပေးရင်း ဒါဟာ သူ ကစားခဲ့ဖူးတဲ့ထဲ အကောင်းဆုံး ကွင်လယ် အတွဲပဲလို့ ချီးကျူးသွားခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကွင်းလယ်မှာ ဘရူနို ၊ အဲရစ်ဆင် နဲ့ ကာစီမီရို တို့ တွဲဖက်ကစားခဲ့ကြတဲ့ ပွဲစဥ်တွေ အတွင်း 15 ပွဲ နိုင် ၊ 2 ပွဲ သရေ ရလဒ် ရယူထားနိုင်ခဲ့ပြီး ရှုံးပွဲ မရှိခဲ့တဲ့ မှတ်တမ်းကောင်း တစ်ရပ်ကို ပိုင်ဆိုင််ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ ဒီညကစားရဖို့ရှိနေတဲ့ ဆီဗီလာ အသင်းနဲ့ ယူရို ပါလိဂ် ပွဲစဥ်မှာ အဝါကဒ် ပြည့်လို့ ပွဲပယ်ထားခံခဲ့ရတဲ့ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ပါဝင်လာဖို့ ရှိမနေပါဘူး ။ ဒီနေရာမှာတော့ ဒဏ်ရာမှ ပြန်ကောင်းခဲ့တဲ့ ဆာဗစ်ဇာ ပါဝင်လာဖို့ ရှိနေပါတယ် ။

အခုတော့ အဆိုပါ ပွဲစဥ်မတိုင်မီမှာပဲ ယူနိုက်တက် ကွင်းလယ်မှာ သူတို့ သုံးဦး တွဲဖက်ကစားတဲ့ မှတ်တမ်းကောင်းအကြောင်း အမေးခံလိုက်ရချိန်မှာတော့ အဲရစ်ဆင်က ဘရူနို နဲ့ ကာစီမီရို တို့ဟာ တကယ့်ကို ကောင်းမွန်တဲ့ အသင်းဖော်တွေ ဖြစ်ကြောင်း ချီးကျူးခဲ့လိုက်ပါတယ် ။

” သတို့ဟာ တကယ့်ကို ကောင်းမွန်တဲ့ ဘောလုံးသမား နှစ်ဦးပါ ။ ကျွန်တော့်အတွက်တော့ သူတို့နဲ့ တွဲဖက် ကစားရတာ လွယ်ကူလွန်းပါတယ် ။ ဘယ်လို ကစားသမားမျိုးအတွက််ပဲ ဖြစ်ပါစေ ၊ သူတို့ နှစ်ဦးကြားကစားပြီး ကွက်လပ်ဖြည့်ရတာက လွယ်ကူနေမှာပါပဲ ”

” ကျွန်တော်တို့ တွဲဖက် ကစားရတာ ကောင်းလှပါတယ် ။ ကျွန်တော်တို့ အတူ ကစားရင်း ဒီလောက် အကြာကြီး ရှုံးပွဲ မရှိခဲ့တာတောင် သတိမထားမိခဲ့ပါဘူး ။ အနာဂတ် မှာ ကျွန်တော်တို့ဟာ ဒါကို ဆက်လက် ထိန်းသိမ်းသွားကြဖို့ စွမ်းသလောက် ကြိုးစား အားထုတ်သွားကြမှာပါ ”

” ဒါဟာ ကျွန်တော် ပါဝင် ပတ်သက်ခဲ့ဖူးတဲ့ ကွင်းလယ်တွေအနက် အကောင်းဆုံးကွင်းလယ်ပဲလို့ ထင်မိပါတယ် ။ အရင်က ကျွန်တော်ဟာ တိုက်စစ်ပိုင်း ကစားခဲ့ရသူပါ ။ တိုက်စစ်ပိုင်းကိုပဲ အသားပေး ကစားခဲ့ရပြီး အခုမှ ဒီလို ကွင်းလယ် အထိုင်နေရာမျိုး ကစားခဲ့ရတာပါ ”

” ဒါပေမဲ့ သူတို့နဲ့ ကစားခဲ့ရတာ တကယ့်ကို အဆင်ပြေခဲ့ပါတယ် ။ ဒီညအတွက်တော့ ဘရူနိုကို လွမ်းဆွတ်နေရမှာပါ ။ ကျွန်တော် မရှိခဲ့တုန်းက ကျွန်တော့်ရဲ့ နေရာကို တစ််စုံတစ်ယောက် ဖြည့်ခဲ့သလိုပဲ သူမရှိတဲ့ ကွက်လပ်ကို တစ််စုံတစ်ယောက်က ဖြည့်စွက်သွားပါလိမ့်မယ် ” လို့ အဲရစ်ဆင် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar