မန်ယူနိုက်တက် အတွက် အသင့်တော်ဆုံး အထောင်တိုက်စစ်မှူးကို ရွေးချယ်ပေးတဲ့ ဘာဘာတော့ဗ်

“မန်ချက်စတာ ယူနိုက်တက် အခုလိုနေတာက ဂိုးတွေ သွင်းပေးနိုင်မယ့် တိုက်စစ်မှူးပါ ။ တရာသီ ဂိုး အစိတ် ( ၂၅ ဂိုး ) လောက် သွင်းနိုင်မယ့် တိုက်စစ်မှူးမျိုးပေါ့ ။ ဈေးကွက်ထဲ ဝင်ချိန်မှာ ဒီလို အရည်အသွေးနဲ့ တိုက်စစ်မှူးမျိုး ကို သူတို့ ရှာသင့်ပါတယ်”

 

“ဟယ်ရီကိန်း ရဲ့ ဂိုးသွင်း မှတ်တမ်းတွေ က ငြင်းလို့ မရနိုင်အောင် ပါပဲ ။ သူ့ခေတ် သူ့အခါမှာ ဟယ်ရီကိန်း ဟာ အကောင်းဆုံး တိုက်စစ်မှူး စာရင်းဝင်သူ တယောက်ဆိုတာ ငြင်းစရာ မရှိပါဘူး ။ ပွဲကို မြင်တဲ့ အမြင် ကလည်း ထိပ်တန်း အဆင့်မှာပါ ၊ တကယ် မယုံနိုင်စရာ ကစားသမားပါပဲ”

“ဒါပေမယ့် ကျွန်တော် တခု စိတ်ပူမိတာက ကိန်း ရဲ့ အသက်ပါ ။ သူက အခု ၃၀ တန်း ဖြစ်နေပါပြီ ။ သူ့ကို ဝယ်ရင် ၄-၅ နှစ်လောက် သုံးဖို့ အတွက် ဆိုပြီး ရည်ရွယ်ရမှာပါ ။ ဒီလောက်နှစ်တွေ အထိ ဟယ်ရီကိန်း ဂိုးဆက်သွင်း နိုင်မလား ၊ အရင်လို အရည်အသွေးမျိုး ရှိနေဦးမလား ဆိုတာ ကျွန်တော် မသေချာပါဘူး”

 

“ကျွန်တော့ အထင်တော့ သူ စပါးမှာပဲ နားတဲ့အထိ ဆက်ရှိသွားမယ့်ပုံပါပဲ ။ ဒီကလပ်က သူ့ရဲ့ ပုံရိပ်တွေ ၊ အမွေအနှစ်တွေက အရမ်းကြီးမား နေပါပြီ ။ ကလပ်ရဲ့ ဂိုးသွင်း ဘုရင်၊ အင်္ဂလန် ရဲ့ ဂိုးသွင်း ဘုရင်လည်း ဖြစ်တယ် ၊ အသင်းခေါင်းဆောင်လည်း ဖြစ်နေပါပြီ ။ ဆုဖလား ဆိုတာထက်ကို ကိန်း ရဲ့ မှတ်တမ်းတွေက စပါး အတွက် လုံလောက်မှု ရှိနေပါပြီ”

 

“တက်လမ်းတွေလည်း ရှိမယ် ၊ ငယ်လည်း ငယ်ဦးမယ် ၊ အသင်းအပေါ်လည်း ချက်ချင်း အကျိုးပြုနိုင်မယ် ဆိုရင်တော့ ဗစ်တာ အိုဆီမန် က ကျွန်တော့ ခေါင်းထဲ ချက်ချင်း ပေါ်လာတဲ့ ကစားသမားပါပဲ ။

ဒီရာသီမှာ သူက မယုံနိုင်စရာ ကောင်းအောင် စွမ်းဆောင်ပြ နေပါတယ် ။ သူ့လို ပုံစံမျိုးက မန်ချက်စတာ ယူနိုက်တက် လိုအပ်နေတဲ့ ပုံစံမျိုးပါပဲ”

Berbatov ( former Manchester United striker )

 

SM