အာဆင်နယ် အသင်း နဲ့ ပတ်သက်ပြီး သူ စိုးရိမ်မိတဲ့ အရာကို ထုတ်ဖော် ပြောကြားလာတဲ့ ဂန်းနား ဂန္တဝင် လော်ရင့်

အာဆင်နယ် အသင်း ရဲ့ ညာနောက်ခံလူဟောင်း လော်ရင့် က ရာသီကုန်ဖို့ ၁၀ ပွဲသာ လိုတော့တဲ့ အချိန်မှာ အမှတ်ပေး ဇယားကို ဦးဆောင် နေတဲ့ နည်းပြ အာတီတာ ရဲ့ အသင်း နဲ့ ပတ်သက်ပြီး စိုးရိမ် မိတဲ့ အရာ ရှိကြောင်း ထုတ်ဖော် ပြောကြား လာခဲ့ပါတယ် ။

” ကျနော် က အမြဲတမ်း အကောင်းမြင်လေ့ ရှိသူပါ ။ အခု လက်ရှိ အာဆင်နယ် အသင်း က ရာသီ အစကတည်းက ကောင်းနေခဲ့တာလို့ ကျနော် ကတော့ မြင်ပါတယ် ။ ကျနော် ဒီအသင်း နဲ့ ပတ်သက်ပြီး အရမ်းကိုပဲ စိုးရိမ် နေခဲ့မိတာပါ ၊သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို ကျော်ဖြတ် နိုင်ပါ့မလား ဆိုတာကိုပေါ့ ။ ”

” ဒီလို အဆင့် ကို ရောက်လာတဲ့ အခါမျိုးမှာ ဖိအားတွေ များတတ်သလို စိုးရိမ်ကြောင့်ကြမှုတွေလည်း ဖြစ်တတ်ပါတယ် ။ ဒီအသင်း က ဖိအားတွေ နှင့် စိုးရိမ်ကြောင့်ကြမှုတွေကိုသာ ကျော်လွှား နိုင်ရင် ချန်ပီယံ ဖြစ်နိုင်တဲ့ အခွင့်အရေး ကြီးကြီးမားမား ရှိပါတယ် ။ ”

” ဒီလို လုပ်နိုင်စွမ်း ရှိကြောင်းကို ပြီးခဲ့တဲ့ နှစ်ပွဲမှာ သူတို့ ပြသ ခဲ့ပါတယ် ၊အထူးသဖြင့် ဘုန်းမောက် နဲ့ ပွဲမှာပေ့ါဗျာ ။ ထိပ်ဆုံး မှာ ရပ်တည် နေချိန် နှစ်ဂိုးပြတ် ရှုံးနိမ့်ပြီး ဖိအားတွေအောက် ရောက်နေချိန်မှာ ပြန်လာဖို့ ဆိုတာက တကယ့်ကို မလွယ်ကူပါဘူး ။ ဒီအသင်း က သူတို့ရဲ့ရင့်ကျက်မှု နှင့် စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်း ရှိမှုကို ဘုန်းမောက် နဲ့ ပွဲမှာ ပြသ သွားခဲ့တာပါ ။ ”

” ၂၀၀၅ ခုနှစ် နောက်ပိုင်းမှာလည်း အာဆင်နယ် အသင်းက ကောင်းမွန်တဲ့ လူစရင်းကို ပိုင်ဆိုင် ခဲ့ပါတယ် ။ ဆက်စ်ဖာဘရီဂက်စ် ၊ ဆန်တီကာဇိုလာ ၊ မီခေးလ် အာတီတာ ၊ ဒီ ကစားသမားတွေ အားလုံးက တကယ်ကောင်းတဲ့ အသင်းတွေမှာ ကစားခဲ့ကြတာပါ ။ ”

” ၂၀၀၆ ခုနှစ်မှာ ကျနော်တို့ ချန်ပီယံလိဂ် ဖလားရဖို့ အတော်လေး နီးစပ် ခဲ့ပါတယ် ။ ဒါပေမယ့် ကျနော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့ဘဲ ဘာစီလိုနာ ကို အရေးနိမ့် သွားပါတယ် ၊ လက်ရှိ အာဆင်နယ် အသင်း ရာသီကုန် အမှတ်ပေး ဇယားမှာ အဆင့် ဘယ်လောက် ရပ်တည်မလဲ ကျနော်တို့ စောင့်ကြည့် ရမှာပါ ။ ”

” သူတို့ကို ၂၀၀၄ ခုနှစ် နောက်ပိုင်း အကောင်းဆုံး အာဆင်နယ် အသင်း အဖြစ် စဉ်းစား သတ်မှတ်ဖို့ဆိုရင် သူတို့ ပရီးမီးယားလိဂ် ချန်ပီယံဆုကြီးကို ရယူ နိုင်ဖို့ လိုအပ်ပါတယ် ။ ကျနော် က မတူညီတဲ့ မျိုးဆက်တွေကို နှိုင်းယှဉ် ပြောကြားတာမျိုးကို သဘောမကျပါဘူး ၊ ဒါပေမယ့် ကျနော်ပြောနိုင်တာကတော့ လက်ရှိ အာဆင်နယ် အသင်း နှင့် မျိုးဆက်သစ် ကစားသမားတွေဟာ ရာသီ အစကတည်းက တကယ်လကောင်းနေခဲ့တယ် ဆိုတာကိုပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM