လက်ရှိအသင်းရဲ့ အခက်အခဲကို ထုတ်ပြောလိုက်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲအပေါ် အပြစ်တင်လိုက်တဲ့ တန်ဟတ်

လက်ရှိ ဘောလုံး ရာသီမှာတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲကြီးမှာ ဒဏ်ရာရ ကစားသမားတွေ အများကြီးမြင်တွေ့ခဲ့ရပြီး ဒီလို ကိစ္စတွေကြောင့် အသင်း အတော် များများက အခက်အခဲတွေ ကြုံတွေ့ခဲ့ကြရပါတယ် ။

အထူးသဖြင့် ပွဲတွေဆက်နေခဲ့တာနဲ့ နိုင်ငံ့ပွဲစဥ်တွေကိုပါ ဆက်တိုက် ကစားခဲ့ရတာကြောင့် လက်ရွေးစင် အသင်းဆီ ကစားသမား များစွာ စေလွှတ်ထားခဲ့ရတဲ့ အသင်းကြီးတွေဟာ နစ်နာခဲ့ကြရပါတယ် ။

အခုတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က အသင််းရဲ့ ခံစစ်ပိုင်း ဒဏ်ရာ ပြသနာတွေက လက်ရှိ ခက်ခဲမှုတွေ ဖြစ်စေခဲ့ကြောင်း ဖွင့်ဟရင်း ပွဲစဥ်ဇယား ရေးဆွဲမှုအရမ််းကြပ်ခဲ့တဲ့ တာဝန်ရှိသူတွေကို အပြစ်တင်သွားခဲ့လိုက််ပါတယ် ။

” နောက်ထပ် ပြသနာ အသစ်တော့ ရှိမနေပါဘူး ။ ကျွန််တော်တို့ ဘာမှလဲ မလိုအပ်ပါဘူး ။ တိုက်စစ်ပိုင်း နဲ့ ကွင်းလယ်ပိုင်းမှာ ကျွန်တော်တို့ OK ကြပါတယ် ။ အဲ့ဒီ နေရာတွေအတွက် ကျွန်တော်တို့မှာ ရွေးချယ်စရာ ရှိတယ်လေ ”

” ဒါပေမဲ့ ခံစစ်ပိုင်းမှာတော့ ကျွန်တော်တို့ ရွေးချယ်စရာ ကင်းမဲ့နေခဲ့ပါတယ် ။ ဗာရန်း နဲ့ အီဗန်စ် တို့ ပြန်လာနိုင်ခဲ့ကြတာက သတင်းကောင်း ဖြစ်ခဲ့ရပါတယ် ။ ပြီးတော့ မက်ဂွားယား လည်း မနေ့က ပြန်ပြီး လေ့ကျင့်နိုင်ခဲ့ပြီလေ ”

” ဒဏ်ရာပြသနာတွေကို ကြိုတင်ကာကွယ်လို့ မရနိုင်ပါဘူး ။ ဒီပြသနာကို ကြုံနေတာ ကျွန်တော်တို့ တစ်သင်းထဲ မဟုတ်ပါဘူး ။ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ ယှဥ်ပြိုင်မှုက ပြင်းထန်လွန်းလှပါတယ် ”

” ဒါ့အပြင် ပွဲစဥ် ဇယား ရေးဆွဲမှုကလည်း အရမ်းကြပ်တယ်လေ ။ နိုင်ငံတကာပွဲစဥ်တွေ ရှိနေခဲ့တာကလည်း ပိုပြီး နားချိန် နည်းပါးစေခဲ့ပါတယ် ။ ကျွန်တော်တို့ အသင်းမှာ နိုင်ငံတကာ ပွဲစဥ် ကစားရတဲ့ ကစားသမားတွေ ရှိကြတယ်လေ ”

” မန်စီးတီး ၊ လီဗာပူး ၊ နယူးကာဆယ် တို့မှာ ပြသနာ ရှိနေပါတယ် ။ အခြားအသင်းတွေမှာလည်း အတူတူပါပဲ ။ ကျွန်တော်တို့ ပြန်လည် လေ့ကျင့်ချိန် မရခဲ့ကြရဘူးလေ ။ သူတို့က ခန အနားပေးပြီး နောက်တစ်ပွဲအတွက် ကစားစေခဲ့ရတာချည်းပါပဲ ” လို့ တန်ဟတ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#SM