ဂျေးဇု ကို ဝေဖန်လိုက်ပြီး သူ တိုးတက်ဖို့ လိုအပ်နေသေးတဲ့ အရာ တစ်ခုကို ထောက်ပြလာတဲ့ အာဆင်ဝင်းဂါး

 

အာဆင်နယ် အသင်း ရဲ့ ဂန္တဝင် နည်းပြဟောင်း အာဆင်ဝင်းဂါး က တိုက်စစ်မှူး ဂါဘရီရယ် ဂျေးဇု ရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်လိုက်ပြီး ဘရာဇီးသား အနေနဲ့ ထိပ်တန်း ကစားသမား ဖြစ်ချင်တယ်ဆိုရင် တည်ငြိမ် ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ကို ပြသ နိုင်ဖို့ လိုအပ်တယ်လို့ သတိပေး စကားဆို သွားခဲ့ပါတယ် ။

အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂျေးဇု ဟာ ၂၀၂၂ ခုနှစ်မှာ မန်စီးတီး အသင်း ကနေ အာဆင်နယ် အသင်းကို ရောက်ရှိ လာခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ပွဲဦးထွက် ရာသီမှာ ပြိုင်ပွဲစုံ ၁၁ ဂိုး သွင်းနိုင် ခဲ့ပါတယ် ။ ဒီရာသီမှာလည်း ဂျေးဇု ဟာ အသင်း အတွက် ၄ ဂိုးသာ သွင်းယူ ထားနိုင်ပါသေးတယ် ။

ဂျေးဇု ဟာ အာဆင်နယ် အသင်းမှာ ဒဏ်ရာကြောင့် ရက်ပေါင်း ၁၈၄ အထိ အနားယူ ထားရပါတယ် ။ ဒီရာသီမှာ ဂျေးဇု ထက် ဂိုးပိုသွင်းထားနိုင်တဲ့ ကစားသမားတွေ အဖြစ် ဆာကာ ၊ ဟားဗတ်ဇ် ၊ ထရောဆက်ဒ် ၊ မာတင်နယ်လီ ၊ အော်ဒီဂတ် ၊ ရိုက်စ် ၊ အန်ကီးတီးယား တို့ ၇ ဦး အထိ ရှိနေပါတယ် ။

အာဆင်နယ် အသင်းဟာ လာမယ့် နွေရာသီမှာတော့ ထိပ်တန်း တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ ရှိနေပြီး ဖာဂူဆန် ၊ Gyokeres ၊ တိုနေး ၊ အိုဆီမန်း ၊ ဆက်စ်ကို တို့နဲ့ သတင်းတွေ ထွက်နေပါတယ် ။ အာဆင်နယ် နည်းပြကြီး အာဆင်ဝင်းဂါးက viaplay sports မှာ သူ့ရဲ့ တပည့်ဟောင်း ယွန်းဘတ် နဲ့ တွေ့ဆုံစဉ် ဂန်းနား တိုက်စစ်မှုး ဂျေးဇု ရဲ့ စွမ်းဆောင်ရည် ကို ခုလို ဝေဖန် သွားခဲ့ပါတယ် ။

” လက်ရှိ အာဆင်နယ် အသင်း နှင့် ကျနော် ကိုင်တွယ်ခဲ့တဲ့ အာဆင်နယ် အသင်းကြားမှာ တူညီတဲ့ အရာတွေ အတော်များများ ရှိပါတယ် ။ အော်ဒီဂတ် နှင့် ဘားကမ့် ဆို ဆင်တူပါတယ် ၊ ဒါပေမဲ့ လက်ရှိ အသင်းမှာ အွန်နရီ လို ကစားသမားမျိုး မရှိပါဘူး ၊ ဂျေးဇုက ဒဏ်ရာ မကြာခဏ ရနေပါတယ် ။ ”

” လက်ရှိမှာ သူ့ထက် ဂိုးပိုသွင်းထားနိုင်တဲ့ ကစားသမားတွေလည်း အများကြီး ရှိနေပါတယ် ။ သမိုင်း မှတ်တိုင် စိုက်ထူနိုင်ခဲ့တဲ့ ကစားသမားတွေက ထိပ်တန်း စွမ်းဆောင်ရည်ကို တသမတ်တည်း ပြသနိုင်ခဲ့တဲ့ ကစားသမားတွေပါ၊ ရော်နယ်ဒို နှင့် မက်ဆီ ဆို ၁၅ နှစ်လောက်ကို တစ်ရာသီ ပွဲ ၅၀ ၆၀ ကစား နိုင်တဲ့သူတွေပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM