ချန်ပီယံဆုနဲ့ ပတ်သက်ပြီး နည်းပြ အာတီတာ နှင့် အာဆင်နယ် အသင်းသားတွေကို သတင်းစကားပါးလိုက်တဲ့ အွန်နရီ

သီယာရီ အွန်နရီ ကတော့ အာဆင်နယ် အသင်း အနေနဲ့ ရာသီကုန် မှာ ချန်ပီယံ အဖြစ် အောင်ပွဲ ခံချင်တယ်ဆိုရင် စိတ်ခံစားချက်တွေ ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို ဘေးဖယ် ထားပြီး ကိုယ်ကိုယ့်ကို ထိန်းချုပ် နိုင်ဖို့ လိုအပ်ကြောင်း အကြံဉာဏ်ပေး ပြောကြား သွားခဲ့ပါတယ် ။

အွန်နရီ က CBS Sports မှာ ” မန်စီးတီး ကို ကျနော်တို့ နောက်ဆုံး အနိုင် ရခဲ့တာက ဘယ်တုန်းကလဲ ကျနော်လည်း မသိတော့ပါဘူး ။ ဒါကြောင့် မန်စီးတီး နဲ့ ကစားရမယ့် ပွဲက ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ပါလိမ့်မယ် ၊သူတို့နဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲရလဒ်ကြောင့် အာဆင်နယ် အသင်းအပေါ် သံသယ ဝင်နေမှာတော့ မဟုတ်ပါဘူး ။ ”

” ကျနော် ရာသီအစကတည်းက တစိုက်မတ်မတ် ပြောလာတဲ့ စကား ရှိပါတယ် ၊ emotion တွေ တအားများရင် ချန်ပီယံ မဖြစ်နိုင်ကြောင်းပါ ၊ Emotion တွေ များနေရင် ချန်ပီယံ မဖြစ်နိုင်ပါဘူး ။ Emotion တွေ များနေလျက် နဲ့ ဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်နိုင်ပေမယ့် ၃၈ ပွဲ ကစားရတဲ့ အမှတ်ပေးလိဂ် ပွဲမှာတော့ မဖြစ်နိုင်ပါဘူး ။ ”

” ချန်ပီယံ ဖြစ်ချင်တယ်ဆိုရင် အရမ်း စိတ်လှုပ်ရှားနေလို့ မရပါဘူး ၊ အာဆင်နယ် က လက်တစ်လောမှာ စိတ်ခံစားမှုတွေ ပြင်းထန်နေတာ တွေ့ရပါတယ် ။ Passion နှင့် Emotion က ကွဲပြား ခြားနားပါတယ် ၊ စိတ်လှုပ်ရှားတာမျိုး က ဖြစ်တတ်ပေမယ့် အရမ်း​ကြီးစိတ်ခံစားမှု ပြင်းထန် နေလို့ မရပါဘူး ။ ”

” အာဆင်နယ် အနေနဲ့ တည်တည်ငြိမ်ငြိမ် နဲ့ ရှေ့ဆက်ဖို့ လိုပါတယ် ။ အာဆင်နယ် က မန်စီးတီး ထက် အသာရနေဆဲပါ ၊ ဒါပေမယ့် သူတို့ အနေနဲ့ ပွဲချိန်အတွင်း emotionများနေမှုကို ဖယ်ထုတ်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ လိုပါတယ် ၊ ကျနော်တို့ ဒီကို ရောက်နေမယ်လို့ ဘယ်သူကမှ မမျှော်လင့်ထားခဲ့ကြပါဘူး ။ ”

” အာဆင်နယ် အသင်းသားတွေ အနေနဲ့ အခုအချိန်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိကောင်း ရှိနိုင်ပေမယ့် ကျနော်တို့ စီးတီး ရဲ့ ရှေ့မှာ ရှိနေဆဲပါ ။ မန်စီးတီး က သူတို့ ကစားရမယ့် ပွဲတွေကိုရော ကျနော်တို့ကိုရော အနိုင် ကစားဖို့ လိုအပ်ပါတယ် ၊ ဒါကြောင့် အာဆင်နယ် ရဲ့ရှေ့မှာ အခွင့်အရေးက ရှိနေဆဲပါ ၊ Emotion တွေ များနေတာကိုတော့ ဖယ်ရှားနိုင်ဖို့ လိုအပ်တာပေါ့ဗျာ ။ ”

” မန်စီးတီး အသင်းဆို ပွဲရလဒ်က ဘယ်လို ဖြစ်နေ ဖြစ်​နေ တည်ငြိမ်မှု ရှိရှိ နဲ့ ကစား နိုင်ပါတယ် ။ အာဆင်နယ် အသင်းကျတော့ တစ်ခါတစ်လေ ပွဲချိန်အတွင်း အနိမ့်အမြင့် အတက်အကျ တွေ ရှိပါတယ် ၊ Control မရတဲ့ အနေအထားတွေပေါ့ ၊ ဒါပေမယ့် ကျနော်တို့ စီးတီး ရဲ့ ရှေ့မှာ ရှိနေဆဲပါ ။ ”

” ကျနော်သာ အာဆင်နယ် အဝတ်လဲခန်း အတွင်းမှာ ရှိနေမယ်ဆိုရင် ” ဒါဟာ ငါတို့ အားလုံးအတွက် အခိုက်အတန့်ပဲ ၊ ဒီအခိုက်အတန့်က ငါတို့အတွက် ဖြစ်ကိုဖြစ်ရမယ် ” လို့ ပြောမှာပါ ။ အာဆင်နယ် အသင်းသားတွေ အနေနဲ့ ကြီးမားတဲ့ အခိုက်အတန့်တွေမှာ တည်ငြိမ်မှု ရှိဖို့ လိုပါတယ် ၊ ကျနော်တို့သာ လုပ်နိုင်ခဲ့ရင် တကယ့်ကို အံ့ဖွယ် စွမ်းဆောင်မှု ဖြစ်ပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM