မန်စီးတီး နဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ သွေးကြောင်နေခဲ့တယ်လို့ ဝေဖန် လိုက်တဲ့ ဂျက်ဖ်စတယ်လင်း

ဂျက်ဖ်စတယ်လင်း က မန်စီးတီး အသင်း နဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ သူရဲဘောကြောင်စွာ ကစားသွားခဲ့တယ်လို့ ဆိုလိုက်ပြီး ဂန်းနား အသင်းသားတွေရဲ့ စိတ်ဓတ် ခံယူချက် အပေါ် ဝေဖန်မှု ပြုလုပ် သွားခဲ့ပါတယ်။

မန်စီးတီး နှင့် အာဆင်နယ် အသင်း ပွဲမှာ အနိုင် အရှုံး ပြတ်ပြတ်သားသား မထွက်ပေါ် ခဲ့တာကြောင့် ကြားထဲက လီဗာပူး အသင်းက အမြတ် ထွက်သွားခဲ့ပြီး အမှတ်ပေး ဇယား ထိပ်ဆုံးမှာ နှစ်မှတ်ပြတ် ဦးဆောင် နိုင်ခဲ့ပါတယ်။ အာဆင်နယ် နောက်ခံလူ ဆလီဘာ ကတော့ ပွဲအပြီးမှာ မန်စီးတီး အသင်း နဲ့ သရေ ရလဒ် ထွက်ခဲ့မှု အပေါ် ကျေနပ်နေမှာ မဟုတ်ကြောင်း ပွဲအပြီးမှာ ဆိုခဲ့ပါတယ် ။

ဂျက်ဖ်စတယ်လင်း က အာဆင်နယ် အသင်း ရဲ့ ခံစစ် စွမ်းဆောင်ရည်ကို သဘောကျမိပေမယ့် ဂန်းနားတို့ရဲ့ တိုက်စစ် စွမ်းဆောင်ရည် အပေါ် ဝေဖန်လိုက်ပြီး အခွင့်အရေးကောင်း တစ်ခုကို လက်လွှတ် လိုက်ရတာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ် ။

ဂျက်ဖ်စတယ်လင်း က talkSport မှာ ” ဒီရာသီ အဆိုးရွားဆုံး ပွဲတစ်ပွဲပါပဲ ။ နှစ်သင်းစလုံး အနိုင် ရချင်တဲ့ ပုံ မပေါ်ခဲ့သလို အနိုင်ရလောက်အောင်လည်း အခွင့်အရေး မဖန်တီး နိုင်ခဲ့ပါဘူး ၊ အာဆင်နယ် အသင်း အနေနဲ့ မန်စီးတီး အသင်းကို ဖြုတ်ချနိုင်မယ့် အခွင့်အရေးကောင်း တစ်ခုကို လက်လွှတ်ခဲ့ရတယ် ဆိုရမှာပါ ။ ”

” မန်စီးတီး က သူတို့ရဲ့ အဓိက ခံစစ် ကစားသမားတွေရော ဂိုးသမားပါ မပါနိုင်တဲ့ အသင်းပါ ။ အာဆင်နယ် ကလည်း ကစားတာ ရဲရင့်မှု မရှိခဲ့ပါဘူး ၊ ခံစစ်ပိုင်းမှာ သူတို့ ကစားတာ သိပ်ကောင်းခဲ့တာ မှန်ပါတယ် ၊ တကယ့်ကို ကျောက်တုံး တစ်ခုလို မာကျော ကျစ်လစ်မှု အပြည့် ရှိခဲ့တာပါ ၊ ဘန်ဝှိုက် ၊ ဂါဘရီရယ် ၊ ဆလီဘာ တို့ အားလုံး သိပ်ကောင်းခဲ့ကြပါတယ် ။ ”

” အာဆင်နယ် အသင်းသား‌ေတွရဲ့ စိတ်ဓတ်ပိုင်း ဆိုင်ရာကပဲ ပြောစရာ ဖြစ်ခဲ့ပါတယ် ။ အာဆင်နယ် အသင်းသားတွေ ကိုယ်တိုင်က သူတို့ အီတီဟက်မှာ အနိုင် ရအောင် ကစား နိုင်တယ်လို့ ယုံကြည်မှု မရှိခဲ့ကြပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM