ဒီရာသီ ပရီးမီးယားလိဂ် ဖလား ဘယ်အသင်း ဆွတ်ခူးမလဲဆိုတာ ခန့်မှန်းပေးလိုက်တဲ့ စူပါ ကွန်ပျူတာ

မနေ့ညက ကစားခဲ့ကြတဲ့ ပွဲစဥ်တွေမှာတော့ မန်စီးတီး နဲ့ အာဆင်နယ် တို့ သရေ ရလဒ် ထွက်ပေါ်ခဲ့ပြီး လီဗာပူး အသင််းက ဘရိုက်တန် ကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ကြိုးကြာနီတို့ ဦးဆောင်ခွင့် ရရှိသွားနိုင်ခဲ့ပါတယ် ။

အဆိုပါ ပွဲစဥ် အပြီးမှာတော့ Opta ရဲ့ စူပါ ကွန်ပျူတာ က ဒီရာသီ ဘယ်အသင်း ဖလားရရှိနိုင်ခြေ များသလဲဆိုတာကို တွက်ချက်ခဲ့ရာမှာ လီဗာပူးတို့ အလေးသာနေခဲ့ပြီး လမ်းခွဲတော့မဲ့ နည်းပြ ကလော့ပ် ကို အကောင်းဆုံး နှုတ်ဆက််နိုင်လိမ့်မယ်လို့ ဖော်ပြသွားခဲ့လိုက်ပါတယ် ။

လီဗာပူး အသင်းရဲ့ အမှတ်ပေး ဖလား ဆွတ်ခူးနိုင်​ခြေဟာ ပြီးခဲ့တဲ့ ရက်သတ္တပါတ်တုန်းက 35.3 ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ဒီတစ်ပါတ် နိုင်ပွဲ ရရှိအပြီးမှာတော့ ဆုဖလားကို ဆွတ်ခူးနိုင်ခြေ 47.7 ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့တာပဲ ဖြစ်ပါတယ် ။

အခြားတဖက်မှာတော့ မန်စီးတီး အသင်းရဲ့ ဆုဖလား ဆွတ်ခူးနိုင်ခြေဟာ 45.9 ရာခိုင်နှုန်းမှ 33.5 ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့ရပါတယ် ။ ဒါဟာ ဒီရာသီအတွက် မန်စီးတီး ရဲ့ အနိမ့်ကျဆုံး ဆုဖလား ဆွတ်ခူးနိုင်ခြေ % ဖြစ်သွားခဲ့ရပါတယ် ။

ကျန်တဲ့ 18.8 ရာခိုင်နှုန်းကိုတော့ အာဆင်နယ် အသင်းက ပိုင်ဆိုင်ခဲ့ပြီး ဒီ 3 သင်း အနက် အမှတ်ပေး ဖလားကို ဆွတ်ခူးနိုင်ခြေ အနည်းဆုံး ဖြစ်ခဲ့ရပါတယ် ။ လက်ရှိ အမှတ််ပေး ဖလားကို ဆွတ်ခူးဖို့ ရေပန်စားနေကြတဲ့ အသင်း သုံးသင်းဟာ ဒီရာသီ ထိပ်တိုက်တွေ့ဆုံဖို့ မရှိကြတော့ပါဘူး ။

ဒါ့အပြင် ကစားရမဲ့ လက်ကျန်ပွဲစဥ်တွေရဲ့ ခက်ခဲနိုင်ခြေ ရာခိုင်နှုန်းဟာလည်း ညီတူမျှတူနီးပါး ဖြစ်နေခဲ့ရပါတယ် ။ ဒါပေမဲ့ လီဗာပူး အသင်းဟာ အိုးလ် ထရပ်ဖို့ဒ် မှာ မန်ချက််စတာ ယူနိုက်တက် အသင်းနဲ့ ကစားရမှာ ဖြစ်သလို ဒီလထဲ အဝေးကွင်း သုံးပွဲဆက် ကစားရပါဦးမယ် ။

ဒါ့အပြင် တော့တင်ဟမ် နဲ့ အိမ်ကွင်း ကစားရဖို့လည်း ရှိနေပါသေးတယ် ။ မန်စီးတီး အသင်းကတော့ လက်ကျန် ပွဲစဥ်တွေမှာ တော့တင်ဟမ် ၊ ချဲလ်ဆီး တို့နဲ့ ကစားရဖို့ ရှိနေပါသေးတယ် ။ ဒါပေမဲ့ ရီးယဲ မက်ဒရစ် နဲ့ ချန်ပီယံလိဂ် နှစ်ကျော့ ကစားရတာက သူတို့ကို ပွဲပမ်းစေနိုင်ပါတယ် ။

အာဆင်နယ် အသင်းကတော့ ချဲလ်ဆီး ၊ တော့တင်ဟမ် ၊ မန်ချက်စတာ ယူနိုက်တက် အသင်းတို့နဲ့ ကစားရဖို့ ကျန်ရှိနေသေးပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ဘိုင်ယန် မြူးနစ် အသင်းနဲ့ နှစ်ကျော့ ကစားရဖို့ ရှိနေသေးတာကြောင့် သူ့တို့ရဲ့ ဆုဖလား ဆွတ်ခူးနိုင်ခွင့် ရာခိုင်နှုန်းဟာ နည်းပါးနေခဲ့တာပဲ ဖြစ်ပါတယ် ။

#SM