မန်စီးတီး နဲ့ သရေကျတာကို သူတို့ ကျေနပ်နေမှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ ဆလီဘာ

 

အာဆင်နယ် အသင်း ရဲ့ နောက်ခံလူ ဆလီဘာ က ဒီတစ်ပတ် မန်စီးတီး အသင်း ရဲ့ အိမ်ကွင်း အီတီဟက် မှာ သရေ ရအောင် ကစား နိုင်ခဲ့တဲ့ အပေါ် အားရ ကျေနပ်နေမှာ မဟုတ်ဘဲ အနိုင် ရဖို့ အတွက်ကို ဦးတည် ကစား ခဲ့တာ ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြား လာခဲ့ပါတယ် ။

မန်စီးတီး အသင်းရဲ့ အိမ်ကွင်း အီတီဟက်မှာ ၂၀၂၁ ခုနှစ် နောက်ပိုင်း ဂိုးမပေးရတဲ့ ပထမဆုံး အသင်း ဖြစ်အောင် ကစား နိုင်ခဲ့တာမှာ အဓိက ကျခဲ့ပြီး အကောင်းဆုံး ကစားသမားဆုလည်း ရခဲ့တဲ့ ဂန်းနား နောက်ခံလူ ဆလီဘာ က ပွဲအပြီး Sky Sports မှာ ” သရေ ရလဒ် ထွက်ပေါ်တဲ့ အပေါ် ကျနော်တို့ အားရ ကျေနပ်နေလို့ မရနိုင်ပါဘူး ။ ဒါပေမဲ့ အဆင်ပြေပါတယ် ။ ”

” ကျနော် တချို့ပွဲတွေကနေ သင်ယူစရာတွေ ရပါတယ် ။ အနိုင် မရနိုင်ဘူးဆိုရင် ရှုံးလို့လည်း လုံးဝ မရပါဘူး ၊ ဒီအရာကို ကျနော်တို့ ကောင်းကောင်း လုပ်နိုင် ခဲ့ပါတယ် ၊ ကျနော်တို့ သရေ တစ်မှတ် နဲ့ ပြန်ခဲ့ရပေမယ့် ရလဒ် အပေါ်တော့ ကျေနပ် နေမှာ မဟုတ်ပါဘူး ။ ”

” သူတို့က ကမ္ဘာ့အကောင်းဆုံး အသင်း ဖြစ်တယ်ဆိုတာ ကျနော်တို့ အားလုံး ရဲ့ ခေါင်းထဲမှာ ရှိနေပါတယ် ။ ကျနော်တို့ ပွဲအားလုံးကို အာရုံစိုက် ကစားဖို့ လိုအပ်ပါတယ် ၊ ကျနော်တို့ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ် ၊ ဂိုးလည်း မပေးရ ဂိုးလည်း မသွင်းနိုင်ခဲ့ဘူး ‌ဆိုပေမယ့် ကျနော်တို့ ပျော်ရွှင် မိပါတယ် ။ ”

” ဂါဘရီရယ် ကလည်း ကောင်းပါတယ် ။ သူ ကျနော့်ကို အများကြီး ကူညီ ပေးပါတယ် ၊ သူ တစ်ယောက်တည်းမှ မဟုတ်ပါဘူး ၊ အသင်းသားတွေ အားလုံးက ကျနော့်ကို ကူညီကြပါတယ် ၊ ဘောလုံး ဆုံးရှုံး သွားရင် အားလုံးက ပြေးပြီး လိုက်လုကြပါတယ် ၊ ခံစစ်ကို ကျနော်တို့ ကောင်းကောင်း ကစား နိုင်ခဲ့ပါတယ် ၊ ရှေ့ပွဲတွေမှာလည်း ကျနော်တို့ အဲ့ဒီလို ဆက်ကစားနိုင်ဖို့ လိုအပ်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ပရီးမီးယားလိဂ် အသင်းကြီး နှစ်သင်း ရဲ့ ထိပ်တိုက် တွေ့ဆုံမှု ဟာ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ် ခဲ့တာကြောင့် ဘရိုက်တန် အသင်းကို အနိုင် ရထားတဲ့ လီဗာပူး အသင်းဟာ အမှတ်ပေး ဇယား ထိပ်ဆုံးကို ပြန်လည် ရောက်ရှိ လာခဲ့ပါတယ် ။ လီဗာပူး အသင်းဟာ လက်ရှိ အချိန်မှာ ဒုတိယနေရာက အာဆင်နယ် အသင်းကို ၂ မှတ် ၊ တတိယနေရာက မန်စီးတီး အသင်းကို ၃ မှတ် ဖြတ်ထားပါတယ် ။

SM