” ကြာသပတေးနေ့မှာ သူတို့ကိုစောင့်နေတာ ဘာလဲဆိုတာ ဒီလူတွေ မသိကြပါဘူး ” ယူနိုက်တက်တို့ကို သတိပေးလိုက််တဲ့ ဆီဗီလာ ကွင်းလယ်လူ ရာကီတစ်

ဆီဗီလာ အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ဖြစ်သူ အိုင်ဗန် ရာကီတစ်က စပိန်မြေမှာ ကစားရမယ့် ယူရိုပါလိဂ် ဒုတိယ အကျော့ အဆုံးအဖြတ် ပွဲစဥ်မတိုင်မီ ပြိုင်ဖက်် မန်ချက်စတာ ယူနိုက်တက် အသင်းကို သတိပေးသွားခဲ့လိုက် ပါတယ် ။

ပြီးခဲ့တဲ့ ကြားရက်တုန်းက အိုးလ် ထရပ်ဖို့ဒ် မှာ ဆီဗီလာ နဲ့ ယူနိုက်တက် တို့ ယူရို ပါလိဂ် ပထမ အကျော့ ကစားရာမှာ တစ်ဖက် နှစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ဒုတိယ အကျော့ဟာ တကယ့်ကို စိတ်ဝင်စား စရာ ဖြစ်ခဲ့ရပါတယ် ။

အခုတော့ မနက်ဖြန် ကစားရမယ့် အဆုံးအဖြတ် ပွဲစဥ် မတိုင်မီ ဆီဗီလာ အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ အိုင်ဗန် ရာကီတစ် က ဒီပွဲမှာ အနိုင် ရလဒ် ထွက်ပေါ်ဖို့ အတွက် သူတို့တွေဟာ ကွင်းထဲ စွမ်းနိုင်သမျှ အကုန် လုပ်ဆောင််သွားမှာ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” ကြာသပတေးနေ့မှာ သူတို့တွေကို စောင့်နေတာ ဘာလဲ ဆိုတာ ဒီလူတွေ မသိကြပါဘူး ။ ဒါက တကယ့်ကို အတွေ့အကြုံံရင့်ကျက်တဲ့ အသင်းပါ ။ ဒါပေမဲ့ ရာမွန် ဆန်းချက်ဇ် ပစ်ဇ်ဟွမ် ကွင်းဆိုတာ ဘယ်လို နေရာမျိုး ဖြစ်သလဲဆိုတာကို ယူနိုက်တက်တို့ မသိကြပါဘူး”

” ကျွန်တော် ဘာစီလိုနာမှာ ကစားခဲ့စဥ်ကတည်းက ဒါကို သိခဲ့ရပါတယ် ။ အခြား အသင်းက ကစားသမားတွေဟာတောင် ကွင်းထဲမှာ ဆီဗီလာ တို့ရဲ့ သီချင်းကို ဟစ်ကြွေးခဲ့ကြတာ ကြားခဲ့ဖူးတယ်လေ ။ ဒါကတုနှိုင်းမရပါဘူး ။ ဆီဗီလာ ပရိသတ်တွေ အထင်ကြီးဖွယ်ကောင်းလှပါတယ် ”

” ဒီမှာ ကစားခဲ့ဖူးကြတဲ့ ဒီဂီယာ နဲ့ ကာစီမီရို တို့က ဒါဟာ ဘယ်လို နေရာလဲဆိုတာ သူတို့ရဲ့အသင်းဖော်တွေကို ရှင်းပြနေကြမှာပါ ။ ခင်ဗျား ဘယ်လိုပဲ သွားသွား ၊ ဒါဟာ ဆီဗီလာရဲ့ ပွဲပဲလို့ လူတွေ ပြောကြပါလိမ့်မယ် ။ သူတို့ နာကျင််မှုတွေ ခံစားကြရမှာပါ ”

” ကျွန်တော်တို့ နောက်တစ်ဆက် တက်ကိုတက်နိုင်ကြလိမ့်မယ်လို့ ကျွန်တော် အာမမခံနိုင်ပါဘူး ။ ဒါပေမဲ့ ကွင်းထဲမှာ ကျွန်တော်တို့ အရာအားလုံးကို လုပ်ပြသွားကြမယ်လို့တော့ အာမခံပါတယ် ” လို့ ရာကီတစ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar