ဆန်ချို အနေနဲ့ ယူနိုက်တက် ကစားသမား ဘဝကို ဘယ််လို အလှည့်အပြောင်းလုပ်သင့်လဲဆိုတာ ​အကြံပေးလိုက်တဲ့ ဘာဘာတော့ဗ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင််း ဖြစ်သူ ဒီမစ်တာ ဘာဘာတော့ဗ်က ဂျေဒန် ဆန်ချိုဟာ ဒေါ့မွန်မှ ပြောင်းလာခဲ့တဲ့နောက် ယူနိုက်တက်မှာ တောက််ပပြနိုင်ဖို့ အတော်လေး ရုန်းကန်နေခဲ့ရကြောင်း ပြောဆိုသွားခဲ့လိုက်ပါတယ် ။

ဂျေဒန် ဆန်ချိုဟာ ယူနိုက်တက်တို့ ညာတောင်ပံ တိုက်စစ်် ကစားသမားတစ်ဦး လိုအပ်နေခဲ့ချိန် 2021 ဇူလိုင်လတုန််းက မန်ချက်စတာကို ရောက်လာခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ပြိုင်ပွဲစုံ 68 ပွဲ ကစားထားခဲ့တဲ့ အင်္ဂလန်သားဟာ အခုထိ 10 ဂိုးသွင်း ၊ 5 ဂိုးသာ ဖန်တီးနိုင်ခဲ့ပါသေးတယ် ။

ဒါဟာ ဒေါ့မွန်အသင်းမှာ နေခဲ့စဥ်က သူ့ရဲ့တစ်ရာသီတာ စွမ်းဆောင်ရည်ကိုတောင် မမီခဲ့သေးတာပဲ ဖြစ်ပါတယ် ။ အခုတော့ ယူနိုက်တက် တိုက်စစ်မှူးဟောင်းက ဆန်ချိုအနေနဲဲ့ ဒေါ့မွန်မှာ ကစားခဲ့တဲ့ ပုံစံမျိုးနဲ့ ကစားဖို့ လိုအပ်​နေခဲ့​ကြောင်း အကြံပေးသွားခဲ့လိုက်ပါတယ် ။

” သူလုပ်ဖို့ လိုအပ်နေခဲ့တာက ဒေါ့မွန်မှာ ကစားခဲ့သလို ကစားဖို့ပါပဲ ။ ကျွန်တော် ဂျာမဏီမှာ 5 နှစ် ကစားခဲ့တာမလို့ ဒီက ပွဲစဥ် အချို့ဟာ လွတ်လပ်တယ် ၊ လွယ်ကူတယ် ၊ ပွဲရှိန် နှေးလေ့ ရှိတတ်တယ်ဆိုတာတွေကို ကောင်းကောင််း သိထားပါတယ် ”

” ကျွန်တော့်ရဲ့ အမြင်မှာတော့ ဂျေဒန် အနေနဲ့ တိုးတက်မှု အချို့ကို ပြသသင့်ပြီလို့ ထင်မိပါတယ် ။ နောက်တစ်ဆင့် တိုးတက်ဖို့ လိုတဲ့ ကစားသမား ဘဝမျိုးမှာ သူဟာ တိုးတက််မလာသေးပဲ ခြေစွမ်းပါ ကျဆင်းသွားခဲ့ရပါတယ် ။ ဒါကို အမြန်ဆုံး ပြင်ဆင်ဖို့ လိုအပ်ပါတယ် ”

” သူ့အနေနဲ့ ကစားခွင့်ရရှိတိုင်း အကောင်းဆုံးသော စွမ်းဆောင်ရည် ပြသနိုင်ဖို့ ကြိုးစား အားထုတ်ရပါ့မယ် ။ သူ့ဖက်က ကြိုးစားနေခဲ့တာ ထင်ရှားလှပါတယ် ။ ဒါပေမဲ့ အချိို့သော အခိုက်အတန့်တွေက ကစားသမားတွေ အတွက် ခက်ခဲလေ့ ရှိတတ်ပါတယ် ”

” ဘယ်လိုပဲ ဖြစ်ပါစေ ၊ ဂျေဒန် က ပါရမီ ကောင်းနှင့်ပြီးသား ကစားသမား တစ်ယောက်ပါ ။ သူ့ဆီမှာ မန်ချက်စတာ ယူနိုက်တက်မှာ အောင်မြင်ဖို့ ၊ အခုထက် ပိုပြီး ခြေစွမ်းကောင်း ပြသနိုင်ဖို့ လိုအပ်တဲ့ အရည်အသွေးတွေလည််း ရှိနှင့်ပြီးသားပါပဲ ”

” သူ့ရဲ့ အလိမ်အခေါက် စွမ်းရည် ၊ လျှင်မြန်မှုတွေနဲ့ ဒီရာသီိကို အကောင်းဆုံး ကုန်ဆုံးစေနိုင်ဖို့ ကျွန်တော် မျှော်လင့်နေပါတယ် ။ သူ ဒီမှာပဲ ဆက်နေပြီး ဘယ်လောက်ကောင််းတဲ့ ကစားသမားဖြစ်သလဲဆိုတာ လူတွေကို သက််သေပြတာမျိုး မြင်ချင်ပါတယ် ” လို့ ဘာဘာတော့ဗ် က ပြောခဲ့လိုက်ပါတယ် ။

#Sports_Myanmar