နောက်ဆုံးရ အားကစားသတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တွေ အပြီးမှာတော့ ရီးရဲမက်ဒရစ် နဲ့ အေစီမီလန် တို့ဟာ ဆီမီးဖိုင်နယ် အဆင့်တွေကို တက်လှမ်းလာ နိုင်ခဲ့ ပါတယ် ။

လက်ရှိ ချန်ပီယံ ရီးရဲမက်ဒရစ် ဟာ ပထမ အကျော့တုန်းက ၂-၀ နဲ့ အနိုင်ကစား ထားတဲ့ ချဲလ်ဆီး ကို ၂-၀ နဲ့ ထပ်မံ အနိုင်ယူကာ နှစ်ကျော့ပေါင်း ရလဒ် ၄-၀ နဲ့ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ် ။

အေစီမီလန် ကလည်း ပထမ အကျော့တုန်းက ၁-၀ နဲ့ အနိုင်ရထားတဲ့ နာပိုလီ ကို အဝေးကွင်းမှာ ၁ ဂိုးစီ သရေ ကစားကာ ဆီမီးဖိုင်နယ် ကို ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါဟာ အေစီ အတွက် ၂၀၀၇ နောက်ပိုင်းမှာ ပထမဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ကို ရောက်ရှိလာ နိုင်ခဲ့တာပါ ။

မန်ချက်စတာ စီးတီး ကြယ်ပွင့်လေး ဖီးလ် ဖိုဒန် ဟာ အသင်းနဲ့ ပြန်လည် လေ့ကျင့်ခန်း ပြုလုပ် နိုင်ပြီလို့ သိရပါတယ် ။ ဒါပေမယ့် ဘိုင်ယန်မြုးနစ် နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲမှာတော့ ပါဝင်မှာ မဟုတ်သေးပါဘူး ။

မန်စီးတီး နည်းပြကြီး ပက် ဂွာဒီယိုလာ ကတော့ သူတို့ဟာ ပထမအကျော့ တုန်းက ၃-၀ နဲ့ အနိုင်ယူထားတဲ့ ဘိုင်ယန်မြုးနစ် ကို ခံစစ်အသားပြု ကစားသွားဖို့ စိတ်ကူး မရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။

စပိန် နည်းပြဟောင်း လူးဝစ် အန်နရီကေး နဲ့ ဘန်လေ နည်းပြ ဗင်းဆင့် ကွန်ပနီ တို့ဟာ တော့တင်ဟမ် ဟော့စပါး အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ အပြိုင် ရေပန်းစား နေကြတယ်လို့ သိရှိရ ပါတယ် ။

လီဗာပူး ဂန္ထဝင် ကစားသမားဟောင်းကြီး စတီဗင် ဂျရတ် ကတော့ ဂရိစ် ကလပ် အိုလံပီယာကော့စ် ရဲ့ နည်းပြသစ် ဖြစ်လာဖို့ အလေးပေး ခံနေရပါပြီ ။

အိုလံပီယာကော့စ် ဟာ အီတလီ နည်းပြ ဂတ်တူဆို ကို ပထမဦးစားပေး အဖြစ် ရွေးချယ် ထားပြီး ဂတ်တူဆို က ငြင်းပယ် ခဲ့ပါက ဂျရတ် ကို အစားထိုး ကမ်းလှမ်းသွားဖွယ် ရှိတယ်လို့ ကြားသိရ ပါတယ် ။

ဝက်စ်ဟမ်း နည်းပြကြီး ဒေးဗစ် မိုရက်စ် ကတော့ အခု ရာသီအတွင်း အထုတ်ပယ် မခံရပါက နွေရာသီမှာ ဟမ်းမားတို့ကို လမ်းခွဲ နှုတ်ဆက်သွားဖို့ စိတ်ကူး နေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

အဲဗာတန် အသင်းရဲ့ တိုက်စစ်မှူး ဒိုမီနစ် ကယ်လ်ဗက် လီဝင်း ဟာလည်း ဒဏ်ရာကနေ ပြန်လည် သက်သာလာကာ အသင်းနဲ့ လေ့ကျင့်မှု ပြုလုပ် နေပြီလို့ သိရှိရ ပါတယ် ။

ဆောက်သမ်တန် ဟာ အသင်းခေါင်းဆောင် ဂျိမ်း ဝက် ပရောက်စ် ကို လာမယ့် နွေရာသီမှာ အသင်း ပြောင်းရွှေ့လိုက ပြောင်းရွှေ့ဖို့ ခွင့်ပြု သွားမယ်လို့ ကြားသိရ ပါတယ် ။

ဒေးဗစ် ဘက်ခမ်း နောက်ပိုင်း အကောင်းဆုံး ဖရီးကစ် သမားလို့ တင်စား ချီးမွမ်း ခံနေရတဲ့ ဝက် ပရောက်စ် ကို နယူးကာဆယ် ၊ ဝက်စ်ဟမ်း နဲ့ တော့တင်ဟမ် ဟော့စပါး တို့က စောင့်ကြည့် နေကြပါတယ် ။

 

SPORTS MYANMAR