ယူနိုက်တက် တိုက်စစ်မှာ ပုံမှန် ဦးစားပေး ပွဲထွက်သူ ဖြစ်နိုင်ရေးအတွက်် မာရှယ် ဘာလိုနေသေးလဲဆိုတာ ပြောပြလိုက်တဲ့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင််း ဖြစ်သူ လူးဝစ် ဆာဟာ က အန်သိုနီ မာရှယ် အနေနဲ့ အသင််းရဲ့ ဦးစားပေး တိုက်စစ်မှူး ဖြစ်နိုင်ရေး အတွက် နောက််ရာသီမှာ Body Language နဲ့ ရန်လိုစိတ်အပြည့် ကစားဟန်တွေ တိုးတက်လာဖို့ လိုအပ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ် ဟာ ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ နေရာလွတ််ကို ပြည့်တင်းနိုင်ဖို့ အတွက် လာမယ့် နွေမှာ တိုက််စစ်မှူး တစ်ဦးကို ပထမ ဦးစားပေး အနေနဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်နေတာပဲ ဖြစ်ပါတယ် ။

လက်ရှိ အချိန်မှာတော့ စပါး တိုက်စစ်မှူး ဟယ်ရီ ကိန်း ၊ ဖရန့်ဖက် တိုက်စစ်မှူး ရန်ဒယ် ကိုလို မူအာနီ နဲ့ နာပိုလီ အသင််းရဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆင်ဟမ်းတို့ ယူနိုက်တက် နဲ့ သတင်းကြီး နေခဲ့ကြတာပဲ ဖြစ်ပါတယ် ။ သူတို့ထဲက တစ်ဦးသာ ရောက်လာရင် မာရှယ်ရဲ့ ပွဲထွက်ခွင့် အကန့်အသတ် ဖြစ်သွားမှာ သေချာလှပါတယ် ။

ဒါပေမဲ့ လူးဝစ် ဆာဟာ ကတော့ တစ်နိုင်ငံတည်းသားဖြစ််သူ အန်သိုနီ မာရှယ် အနေနဲ့ လာမယ့်ရာသီမှာ ယူနိုက်တက််ရဲ့ ပထမ ဦးစားပေး တိုက်စစ်မှူး ဖြစ်နိုင်ရေး အတွက် တိုးတက်ဖို့ လိုနေတဲ့ နေရာတွေ ရှိနေကြောင်း ထောက်ပြ အကြံပေး သွားခဲ့လိုက်ပါတယ် ။

” ခင်ဗျားတို့ မာရှယ်ကို ကြည့်လိုက်ရင် စိတ်ပျက်လက်ပျက်် ဖြစ်မိမှာ အသေချာပါပဲ ။ ဘာလို့လဲဆိုတော့ သူ့ဆီမှာ အရာရာတိုင်း ရှိနေလို့ပါပဲ ။ သူဟာ နည်းစနစ်ပိုင်း နဲ့ အမြင့်ဘော ကောင်းပါတယ် ။ ဒါပေမဲ့ ကာယပိုင်းမှာ သူ စိတ်ကြိုက် ပြေးလွှား ကစားနိုင်ဖို့ တစ်စုံတစ်ခု ဟန့်တားနေသလိုပါပဲ ”

” ဒါပေမဲ့ ယူနိုက်တက် ကစားကွက်မှာ အံဝင်နိုင်ဖို့ သူ့ဆီမှာ အရည်အသွေးတွေ ရှိနေတာတော့ အမှန်ပါပဲ ။ လူတွေက သူ့ရဲ့ body language နဲ့ ရန်လိုမှု နည်းပါးတဲ့ အကြောင််းတွေ ပြောဆိုနေခဲ့ကြပါတယ် ။ သူဟာ အဲ့ဒီ အချက် နှစ်ချက်မှာ လိုအပ်ချက် ရှိနေခဲ့တာ အမှန်ပါပဲ ”

” သူဟာ အကောင်းဆုံး မကစားပြနိုင်ခဲ့ပါဘူး ။ သူဟာ ရပ်ရှ်ဖို့ နဲ့ အကောင်းဆုံး တွဲဖက်ကစားပေးနိုင်တဲ့ အသင်းဖော် တစ်ဦးလည်း ဖြစ်ပါတယ် ။ ဒါပေမဲ့ သူ့ဆီမှာ ပြောခဲ့သလို လိုအပ်ချက်တွေ ရှိနေခဲ့တဲ့အတွက် ယူနိုက်တက်တို့ တိုက်စစ်မှူး ရှာဖွေနေခဲ့ကြတာပါ ” လို့ ဆာဟာ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar