နီကိုလပ်စ် ပေပေ အတွက် အာဆင်နယ် အသင်း အမှန်တကယ် ကုန်ကျခဲ့တဲ့ အပြောင်းအရွှေ့စရိတ် ထွက်ပေါ်လာ

အာဆင်နယ် အသင်းဟာ နီကိုလပ်စ် ပေပေ အတွက် အပြောင်းအရွှေ့ စရိတ် နှင့် လစာ စရိတ် စုစုပေါင်း ပေါင် သန်း ၁၀၀ ကျော် ကုန်ကျ ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ၂၀၁၉ ခုနှစ်မှာ လိုင်လီ အသင်းကနေ ပေပေ ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်း နဲ့ ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ။

အိုင်ဗရီကိုစ့် လက်ရွေးစင် ပေပေ ဟာ ဂန်းနား တို့အတွက် စုစုပေါင်း ၁၁၂ ပွဲမှာ သွင်းဂိုး ၂၇ ဂိုး ၊ ဂိုးဖန်တီးမှု ၂၁ ကြိမ် ပြုလုပ် ခဲ့ပါတယ် ။ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ မှာတော့ ပေပေ ရဲ့ စာချုပ်ကို ဖျက်သိမ်းပြီး ထရန်ဇွန်စပေါ် အသင်းကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ထွက်ခွာခွင့် ပြုခဲ့ပါတယ် ။

မနေ့က အာဆင်နယ် အသင်းရဲ့ ငွေကြေး ရှင်းတမ်း ထွက်ပေါ် လာခဲ့ရာမှာ ကစားသမားကြောင့် နစ်နာ ဆုံးရှုံးခဲ့ရတဲ့ ပမာဏ ဟာ ပေါင် ၁၈.၁ သန်း အထိ ရှိတယ်လို့ ဆိုထားပြီး အဆိုပါ ဆုံးရှုံးမှုဟာ ပေပေ နဲ့ အဓိက သက်ဆိုင်တယ်လို့ Telegraph က ဆိုပါတယ်။ ဒါကြောင့် ပေပေ အတွက် အပြောင်းအရွှေ့စရိတ် ၊ လစာ စရိတ် နှင့် အရှုံး ပမာဏ အားလုံး စုစုပေါင်း ပေါင်းလိုက်ပါက ပေါင် သန်း ၁၀၀ ကျော် သွားခဲ့တာ ဖြစ်ပါတယ် ။

နီကိုလပ်စ် ပေပေ ကို အာဆင်နယ် အသင်း ထံ အဓိက ဦးဆောင် ခေါ်ယူခဲ့တာဟာ အသင်းရဲ့ ဘောလုံး အကြီးအကဲဟောင်း ဆမ်လီးဟီ ပါ ။ အဲ့ဒီ အချိန်တုန်းက အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ ဟာ ဇာဟာ ကို ခေါ်ယူချင်ခဲ့တာ ဖြစ်ပေမယ့် အသင်းဘက်က ပေပေ ကို ခေါ်ယူ ပေးခဲ့ပြီး မအောင်မြင်တဲ့ အပြောင်းအရွှေ့တစ်ခု အဖြစ် အဆုံးသတ် သွားခဲ့ရတာပါ ။

SM