ယူနိုက်တက်တို့အတွက် ထင်သလောက် မလွယ်ကူခဲ့ရတဲ့ အဝေးကွင်း ဂိုးပြတ်နိုင်ပွဲမှာ ဘယ်သူတွေ အကောင်းဆုံး ကစားခဲ့ကြသလဲ…?

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာ ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ် အဆင့် ရဲ့ ပထမ အကျော့ ပွဲစဥ် အဖြစ် အဝေးကွင်းမှာ နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 0 – 3 ဆိုတဲ့ ရလဒ် နဲ့ နောက်တစ်ဆင့် တက်ဖို့ အလားအလာ ကောင်းသွားခဲ့ကြပါတယ် ။

ဒီပွဲမှာတော့ ပွဲစဥ်စပြီး 6 မိနစ် အကြာမှာပဲ ယူနိုက်တက် တိုက်စစ် ကစားသမား ဖြစ်တဲ့ ရပ်ရှ်ဖို့ က ဦးဆောင်ဂိုးကို သွင်းယူပေးသွားနိုင်ခဲ့ပါတယ် ။ အဲ့ဒီနောက် ပွဲချိန် 22 မိနစ််မှာ နော်တင်ဟမ် တို့ ဂိုးသွင်းနိုင်ခဲ့ပေမဲ့ လူကျွံနေခဲ့တဲ့ အတွက်် ဂိုးမရခဲ့ကြပါဘူး ။

ဒါ့အပြင် နောက်ထပ် 7 မိနစ် အတွင်းမှာပဲ နော်တင်ဟမ် တို့ သုံးကြိမ် အထိ ဂိုးပေါက် ခြိမ်းခြောက်ခဲ့ကြပေမဲ့ မာတီနက်ဇ်ရဲ့ ဖြတ်ထုတ်မှု ၊ ဒီဂီယာရဲ့ လက်စွမ်းပြမှုတွေကြောင့် ယူနိုက်တက််တို့ သက်သာရာ ရရှိခဲ့ကြပါတယ် ။ ဒါ့အပြင်် အန်တိုနီလည်း ဂိုးကံခေနေခဲ့ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 44 မိနစ်မှ အန်တိုနီ ရဲ့ ကန်ချက်ကို ဂိိုးသမား ပုတ်ထုတ်နိုင်ခဲ့ပြီး အံထွက်လာတဲ့ ဘောလုံးကို ဝဂ်ဟော့စ် က ပိတ်သွင်းရင်း ယူနိုက်တက် ကစားသမား ဘဝရဲ့ ပထမဆုံးသော သွင်းဂိုးကို ရယူပေးသွားနိုင်ခဲ့ပြီး ပထမပိိုင်းမှာတင် နှစ်ဂိုးပြတ် ဦးဆောင်စေနိုင်ခဲ့ပါတယ် ။

ဒုတိယပိုင်းမှာလည်း နော်တင်ဟမ်တို့ တကယ်ပဲကောင်းမွန််ခဲ့ကြပြန်ပြီး ဂိုးပေါက်တွေခြိမ်းခြောက်သွားနိုင်ခဲ့ကြပါတယ် ။ ဒါပေမဲ့ ကြီးမားတဲ့ အခွင့်အရေး မဖန်တီးနိုင်ခဲ့ကြပါဘူး ။ ဒါ့အပြင် အဲရစ်ဆင်ရဲ့ ကန်ချက် တိုင်ထိမှု ၊ ရပ်ရှ်ဖို့ရဲ့ ကန်ချက်ကို ဂိုးသမား ကာကွယ်မှုတွေက ပွဲစဥ်ကို အမြန််ဆုံး မပြီးပြတ်စေခဲ့ပါဘူး ။

ဒါပေမဲ့ ပွဲပြီးခါနီးမှာ အီလန်ဂါရဲ့ ဖန်တီးပေးမှုကို ဘရူနို က သေသပ်စွာ ဂိုးအဖြစ် ပြောင်းလဲပေးသွားခဲ့ပြီး အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲ ရရှိစေခဲ့လိုက်ပါတယ် ။ ယူနိုက်တက််တို့ အတွက် ထင်သလောက် မလွယ်ကူခဲ့ရတဲ့ ဂိုးပြတ် နိုင်ပွဲမှာ ဘယ်သူတွေ ကောင်းခဲ့ကြသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (7)

ဂိုးပြတ် နိုင်ခဲ့သင့်တဲ့ ပွဲစဥ်မျိုးမှာ ဂိုးပေါက် ကာကွယ်မှု 4 ကြိမ် အထိ လုပ်ဆောင်ခဲ့ရပြီး လက်စွမ်းကောင်း ပြသသွားနိုင်ခဲ့ပါတယ် ။

ဘစ်ဆာကာ (6)

တိုက်စစ်ပိုင်းကို လိုသလောက် တက်မကူနိုင်ခဲ့ပါဘူး ။ ဘရန်နန် ဂျွန်ဆင်ကို ထိန်းချုပ်ဖို့ အခက်တွေ့ခဲ့ရပါတယ် ။

လင်ဒီလော့ဖ် (7)

သုံးပါတ်အကြာမှ အသင်းအတွက် ပြန်လည်ပွဲထွက်ပေးခဲ့ရပြီး ပုံစံကောင်း ပြသနိုင်ခဲ့သလို ပွဲချိန်ကြာလေ မာတီနက်ဇ် နဲ့ အတွဲမိလေ ဖြစ်ခဲ့ရပါတယ် ။

မာတီနက်ဇ် (8)

အဖွင့်ဂိုးမှာ ပါဝင် ပတ်သက်နိုင်ခဲ့သလို ဂိုးဖြစ်စေနိုင်တဲ့ ပြိုင်ဖက်ရဲ့ အခွင့်အရေးကိုလည်း ဖြတ်ထုတ်နိုင်ခဲ့ပြီး တည််ငြိမ်တဲ့ ကစားဟန် ပြသနိုင်ခဲ့ပါတယ် ။

မာလာစီယာ (6)

ခံစစ်ပိုင်း ကစားပုံတွေ လျော့တိလျော့ရဲ ဖြစ်နေခဲ့ပြီး အသင််းရဲ့ တိုက်စစ်ပိုင်းကိုလည်း လုံလောက်စွာ မကူညီပေးနိုင်ခဲ့ပါဘူး ။

ကာစီမီရို (7)

ဘောလုံး ထိချက်တွေ ကောင်းမွန်ခဲ့ပြီး အဖွင့်ဂိုး ဖန်တီးပေးနိုင်ခဲ့သလို ဒုတိယဂိုးမှာလည်း ပါဝင် ပတ်သက်သွားနိုင်ခဲ့ပါတယ် ။ ခြားနားချက်တွေ လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ် ။

အဲရစ်ဆင် (6)

အကောင်းဆုံး ပုံစံ မပြသနိုင်ခဲ့ပြန်ပါဘူး ။ ဒါ့အပြင် သူ့ရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့တာက နှမျောစရာ ဖြစ်ခဲ့ရပါတယ် ။

အန်တိုနီ (7)

တိုက်စစ်မှာ အမြဲ active ဖြစ်နေခဲ့ပြီး ဂိုးပေါက် မကြာခန ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂိုးကံခေခဲ့ရပါတယ် ။ သူ့ကြောင့် ဝဂ်ဟော့စ် ဂိုးရခဲ့ပါတယ် ။

ဘရူနို (6)

မလိုအပ်တဲ့ အမှားအချို့ကို ကျူးလွန်ခဲ့ပြီး အကောင်းဆုံးပုံစံ မပြသနိုင်ခဲ့ပါဘူး ။ ဒါပေမဲ့ အသင်းရဲ့ ကစားကွက််မှာ ပါဝင်နိုင်ခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့ပါတယ် ။

ရပ်ရှ်ဖို့ (7)

တစ်ကိုယ်တော် စွမ်းဆောင်ရည် ပြပြီး အဖွင့်ဂိုး သွင်းယူ သွားနိုင်ခဲ့ပါတယ် ။ အန်တိုနီ နည်းတူ တိုက်စစ်မှာ active ဖြစ်နေခဲ့ပါတယ် ။ ဂိုးသမားရဲ့ လက်စွမ်းပြမှုကြောင့် တစ်ဂိုးသာ သွင်းနိုင်ခဲ့ပါတယ် ။

ဝဂ်ဟော့စ် (7)

အသင်းရဲ့ ကစားကွက်ထဲ ပါဝင်ပတ်သက်တဲ့ တိုက်စစ်မှူး ဖြစ်ကြောင်း ပြသခဲ့ပြန်ပြီး အန်တိုနီ ရဲ့ ကန်ချက် အံထွက်ခဲ့ချိန်မှာ အမြဲအသင့် ရှိနေတတ်တဲ့ တိုက်စစ်မှူးဖြစ်ကြောင််း ပြသနိုင်ခဲ့ပါတယ် ။ ဒုတိယဂိုး ရခဲ့သင့်ပေမဲ့ ကံခေခဲ့ပါတယ် ။

လူစားဝင် ကစားသမားများ…

ဂါနာချို (6)
ဖရက်ဒ် (6)
ပယ်လီစထရီ (6)
အီလန်ဂါ (7)

#Sports_Myanmar