မက်ဂွားယား အပေါ် မှတ်ချက်ပေးခဲ့ခြင်းကြောင့် သူ့ရဲ့ အေးဂျင့် ဘယ်လိုတောင်တုန့်ပြန်ခဲ့သလဲဆိုတာ ဖွင့်ပြောလိုက်တဲ့ ထရွိုင်း ဒီနေး

ဝက်ဖို့ဒ် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်သူ ထရွိုင်း ဒီနေး က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခံစစ်မှူး ဖြစ်သူ ဟယ်ရီ မက်ဂွားယား အပေါ် သူ ဝေဖန်ခဲ့စဥ်တုန်းက အင်္ဂလန်သားရဲ့ အေးဂျင့်ဖြစ်သူ မှတ်ချက်ပေးခဲ့ပုံ မမျှတခဲ့ကြောင့် ဖွင့်ဟသွားခဲ့လိုက်ပါတယ် ။

ထရွိုင်း ဒီနေးဟာ 2020 တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ခံစစ်မှူး ဖြစ်သူ ဟယ်ရီ မက်ဂွားယား ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရှုခဲ့ပြီးနောက် ရေဒီယို အင််တာဗျူး အစီအစဥ် တစ်ခုမှာ အင်္ဂလန်သား အပါအဝင် ယူနိုက်တက် စီနီယာတွေရဲ့ ခေါင်းဆောင်မှု စွမ်းရည် အပေါ်ကို ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဟယ်ရီ မက်ဂွားယား ဆိုတာ ဒီရာသီ နည်းပြ အဲရစ် တန်ဟတ် ရဲ့ လက်အောက်မှာ ပွဲထွက်ကစားချိန် မိနစ်တွေ ရရှိနိုင်ဖို့ ရုန်းကန်နေရသူ ဖြစ်ပြီး ပြိုင်ပွဲစုံ 15 ကြိမ်သာ ပါဝင် ကစားခွင့် ရရှိထားခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီရာသီမှာ မက်ဂွားယားဟာ ပရီးမီးယားလိဂ် မှာ 4 ကြိမ်သာ ပွဲထွက်ခွင့် ရထားခဲ့ပါတယ် ။

ဒါ့ကြောင့် အသင်းဖော်ဟောင်း ဖြစ်သူ ဖော်စတာ နဲ့ အင်တာဗျူးပြုလုပ််ခဲ့တဲ့ ဒီနေး က သူ ဝက်ဖို့ဒ် အသင်းမှာ ရှိနေခဲ့စဥ်တုန််းက မက်ဂွားယား ရဲ့ အေးဂျင့် ဆီက ဖုန်းခေါ်ဆိုမှု ရရှိခဲ့ကြောင်း ၊ သူ့ရဲ့ ပြောဆိုမှုတွေက အကျိုးအကြောင်း ဆီိလျော်မှု မရှိခဲ့ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” သူ့ရဲ့အေးဂျင့် စကားပြောခဲ့တုန်းက ကျွန်တော် ဝက်ဖို့ဒ် မှာပဲ ရှိခဲ့ပါသေးတယ်။ အဲ့ဒီတုန်းက ကျွန်တော်ဟာ ခေါင်းဆောင််မှု အပိုင်းအကြောင်း ပြောခဲ့တာပါ ။ မက်ဂွားယား ၊ ဒီဂီယာ နဲ့ အခြားသော ယူနိုက်တက် အသင်းရဲ့ စီနီယာ ကစားသမားတွေ အကြောင်းပေါ့ဗျာ ”

” ဒီ​လောက် စီနီယာ ကစားသမားတွေ အများကြီးရှိနေတဲ့ အသင်းမျိုးမှာ ပေါလ် ပေါ့ဂ်ဘာကပဲ ဘာကြောင့် အမြဲလို အဝေဖန် ခံနေခဲ့ရတာလဲဆိုတာ ကျွန်တော် နားမလည်နိုင်အောင် ဖြစ်ခဲ့ရပါတယ် ။ ဒါ့ကြောင့် ကျွန်တော်က စီနီယာ ကစားသမားတွေ အကြောင်း ပြောခဲ့ရတာပါ ”

” အဲ့ဒီတုန်းက ကျွန်တော် လေ့ကျင့်ရေး လုပ်နေတုန်းမှာ ဖုန်းသံ ကြားခဲ့ရပါတယ် ။ အမည်မသိတဲ့ နံပါတ်ပေါ့ဗျာ ။ ဘယ်သူလဲ ကျွန်တော်လည်း မသိခဲ့ပါဘူး ။ ဒါပေမဲ့ အဲ့ဒီ နံပါတ်ကပဲ နှစ်ကြိမ်မဟုတ် ၊ သုံးကြိမ်မဟုတ် ကျွန်တော့်ဆီ ဖုန်းခေါ်လာတဲ့ အခါမှာတော့ ပြသနာ ရှိနေပြီလို့ ကျွန််တော် ခန့်မှန်းမိခဲ့ပါတယ် ”

” ကျွန်တော် ဖုန်းကိုင်လိုက်ရော ၊ အဲ့တာ ဟယ်ရီ မက်ဂွားယား ရဲ့ အေးဂျင့် ဖြစ်မှန်း သိခဲ့လိုက်ရပါတယ် ။ သူက ဖုန််းဝင်တာနဲ့ ချက်ချင်းပဲ ‘ မင်း ဒီလို လုပ်လို့ မရဘူး ၊ မင်း အခုလို ပြောလို့ မရဘူး ၊ ဒီလို စကားမျိုး ဟယ်ရီ့ ရှေ့မှာ လုံးဝ မပြောသင့်ဘူး ‘ ဆိုပြီး တရစပ် လွှတ်ပါတော့တယ် ”

” ကျွန်တော်လည်း ‘ နေပါဦး ၊ တစ်စက္ကန့်လောက် စောင့်ပါဦး ၊ အစကနေ ပြန်ကောက်ကြရအောင် ၊ ငါ ဒီလိုစကားမျိုး ပြောခဲ့သလား ? ငါ အဲ့လို စကားမျိုး မပြောခဲ့ဘူး ၊ မက်ဂွားယား ငါ့အရှေ့မှာ ရပ်နေရင်တောင် ဒီစကား ငါပြောရဲတယ် ။ ဒီလို မပြောနိုင်စရာ အကြောင်းကို မရှိဘူး ‘ လို့ ပြန်ပြောခဲ့ပါတယ် ”

” အဲ့ဒီနောက် ကျွန်တော် ဟယ်ရီ့ကို ဖုန်းခေါ်ချိန်မှာ သူ့ရဲ့ အေးဂျင့် ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာ သူကိုယ်တိုင်တောင် သိမနေခဲ့ပါဘူး ။ အဲ့တာနဲ့ ကျွန်တော်လည်း အေးဂျင့်ကို ဖုန်းပြန်ခေါ်ပြီး ‘ ငါ့ကို ဖုန်းထပ် မဆက်နဲ့ ၊ ဒါကြီးက မင့်ဟာမင်း ပြသနာလို့ ထင်နေတာ ‘ ဆိုပြီး ပြန်ပြောခဲ့လိုက်ပါတယ် ”

” အဲ့ဒီ အကြောင်းအရာကို စဥ်းစားမိလိုက်တိုင်း ငါပြောတာတွေ ဘယ်လောက်အထိ powerful ဖြစ်သားပဲ ၊ ဒီလို လူတွေ အဖက်လုပ်သားပဲ ဆိုပြီး တွေးဖြစ်ခဲ့ပါတယ် ။ ဒါဟာ ခေါင်းဆောင်မှု စွမ်းရည်အကြောင်း ပြောခဲ့တာလေ ။ ဒါပေမဲ့ ဒီ စူပါ အေးဂျင့် က အတော် အထိနာခဲ့သလိုပါပဲ ”

” ဟယ်ရီ နဲ့ ပတ်သက်လို့ မျှမျှတတ ပြောရအောင် ၊ သူဟာ ‘ ဒါ ဘာတွေ ဖြစ်နေတာလဲ ၊ ငါလဲ မသိရပါလား ‘ လို့ ပြောခဲ့ပြီး ကျွန်တော်ကလည်း ‘ ဒါက ပြသနာ မဟုတ်ဘူးကွာ ၊ သူ ဖုန်းပြောပုံ ဖြစ်ပျက်နေပုံက ဆိုးလွန်းနေတာပါ ‘ လို့တောင် ပြန်ပြောခဲ့ရပါသေးတယ် ” လို့ ဒီနေး က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar