” အူဘာမီယန်း နောင်တရနေလောက်ပါပြီ ” လက်ရှိ အာဆင်နယ် အသင်းမှာ ပါဝင် ကစားခွင့်ရဖို့ အူဘာမီယန်း ဆုတောင်းနေလောက်တယ်လို့ဆိုလိုက်တဲ့ ပီတစ်

အီမန်နျူရယ် ပီတစ် ကတော့ ချဲလ်ဆီး မှာ ရုန်းကန် နေရတဲ့ အူဘာမီယန်း တစ်ယောက် ဒီရာသီ ချန်ပီယံဆု အတွက် အားကောင်းနေတဲ့ အာဆင်နယ် အသင်းမှာ ကစားခွင့် ရရင် သိပ်ကောင်းမှာပဲလို့ မျှော်လင့် ဆုတောင်း နေလိမ့်မယ်လို့ သရော် သွားခဲ့ပါတယ် ။

အူဘာမီယန်း ဟာ အာဆင်နယ် အသင်း နောက်ဆုံး ရရှိခဲ့တဲ့ အက်ဖ်အေ ဖလား အောင်မြင်မှုမှာ အဓိက ကျခဲ့သူ ဖြစ်ပြီး ချန်ပီယံ ဖြစ်အောင် သူ့ရဲ့ သွင်းဂိုးတွေနဲ့ ကူညီ ပေးခဲ့သူပါ ။ဝင်ဘာလေ ကွင်းမှာ ဟီးရိုး ဖြစ်ခဲ့ပြီးနောက် အူဘာမီယန်း ဟာ အာဆင်နယ် အသင်း နဲ့ ကာလရှည် စာချုပ် ချုပ်ဆို ခဲ့ပါတယ် ။

ဒါပေမယ့်လည်း အူဘာမီယန်း ဟာ စာချုပ်သစ် ချုပ်ဆိုပြီး နောက်ပိုင်း ခြေစွမ်းပိုင်းရော ဂိုးသွင်းနှုန်းပါ ကျဆင်းလာတဲ့ အပြင် စည်းကမ်း ချိုးဖောက်မှုတွေအထိ ရှိလာခဲ့တာကြောင့် အာဆင်နယ် နည်းပြ အာတီတာ က ပွဲထွက်လူစာရင်းကနေ ဖယ်ရှားကာ အသင်း ခေါင်းဆောင်လက်ပတ်ကိုပါ ပြန်လည် ရုတ်သိမ်း ခဲ့ပါတယ် ။

အဲ့ဒီနောက် အာဆင်နယ် နဲ့ အူဘာမီယန်း တို့ဟာ နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်း ခဲ့ကြပြီး ဂါဘွန်သား ဟာ ဘာစီလိုနာ အသင်းကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ ပြောင်းရွှေ့ သွားခဲ့ပါတယ် ။ အူဘာမီယန်း ဟာ ဘာစီလိုနာ အသင်း မှာ ခြောက်လ ကစားပြီးနောက် ပြီးခဲ့တဲ့နှစ်နွေရာသီမှာ ချဲလ်ဆီး အသင်းကို​ ပြောင်းရွှေ့ လာခဲ့ပါတယ် ။

အူဘာမီယန်း ဟာ ချဲလ်ဆီး အသင်းမှာ ၁၇ ပွဲ ကစားထားပြီး ၃ ဂိုး သွင်းယူထားပါတယ် ။ ဒါပေမယ့် အူဘာမီယန်း ရဲ့ ၃ ဂိုးစလုံးဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက သွင်းယူ ခဲ့တာ ဖြစ်ပါတယ် ။ ပီတစ် ကတော့ အူဘာမီယန်း တစ်ယောက် အသင်းဖော်ဟောင်းတွေကို မနာလို ဖြစ်နေလောက် တယ်လို့ Sporting post မှာ ပြောကြား သွားခဲ့ပါတယ် ။

“ရာသီ အစမှာတုန်းက ချဲလ်ဆီး အသင်း အူဘာမီယန်း ကို ခေါ်လိုက်တာကို panic buy လို့ ကျနော် ပြောခဲ့ပါတယ် ။ အူဘာမီယန်းက quality striker တစ်ဦး အဖြစ် ရှိနေဆဲပါ ၊ ဒါပေမယ့် သူက အရင်ကလို မဟုတ်တော့ပါဘူး ။ ကျနော့် အထင် သူ့မှာ passion မရှိတော့ပုံပါပဲ ။ ”

” အာဆင်နယ် က အမှန်တကယ် စွမ်းဆောင်ပြနေတာ ၊ ဂျေးဇု နဲ့ အန်ကီးတီးယား တို့ နှစ်ဦးနဲ့ အလုပ် ဖြစ်နေတာကို သူမြင်ပီး နောင်တ ရနေလောက်ပါပြီ ။ သူ သာ စိတ်ဓတ် ခံယူချက် ကောင်းခဲ့ရင် ဒီ အသင်းရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် ဆက်လက် ပါဝင်ခွင့်ရမှာလို့ တွေးနေမိမှာ အသေအချာပါပဲ ။ ”

” ချဲလ်ဆီးမှာ က ဒရော့ဘာ က လွဲလို့ တခြား တိုက်စစ်မှူးတွေ ကျိန်စာ မိနေကြသလိုပါပဲ ။ အသင်း တစ်သင်းလုံးက အလုပ် မဖြစ်ပါဘူး ၊ လက်ရှိ အချိန်မှာ တစ်ခုခုတော့ မှားယွင်းနေပြီလို့ ထင်ပါတယ် ၊ ချဲလ်ဆီး အသင်းအတွက် ကောင်းကောင်း ကစားထားနိုင်တဲ့ ကစားသမား များများစားစား မရှိ ဖြစ်နေပါတယ် ၊ မေဆင်မောင့်တောင်မှ လက်ရှိအချိန်မှာ သုံးစားမရပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။

SM