အာဆင်နယ် ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်တဲ့ ဘာစီလိုနာ အသင်း ရဲ့ ပစ်မှတ် ဆိုစီဒက် ကွင်းလယ်လူ

ဆိုစီဒက် အသင်း ရဲ့ ကွင်းလယ်လူ ဇူဘီမန်ဒီ ဟာ ရာသီကုန်မှာ စပိန် လာလီဂါ အမှတ်ပေး ဇယား ဦးဆောင်သူ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ဖို့ထက် ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းကို ပြောင်းရွှေ့ဖို့ စိတ်ပိုင်း ဖြတ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ် ။

ဘာစီလိုနာ အသင်းဟ နွေရာသီမှာ စာချုပ် သက်တမ်းကုန်ဆုံးတော့မယ့် ဘူးစကွက် နေရာ အစားထိုးဖို့ရာ ဇူဘီမန်ဒီ ကို ခေါ်ယူ ချင်နေတာ ဖြစ်ပါတယ် ။ ဒါပေမယ့် ဘာစီလိုနာ အသင်းဟာ အာဆင်နယ် နဲ့ ငွေကြေး ပိုင်ဆိုင်ရာ မယှဉ် နိုင် ဖြစ်နေပြီး ကစားသမား ကလည်း လာလီဂါ မှာ ဆက်နေဖို့ထက် နယ်မြေသစ်ကို ပြောင်းရွေ့ကစားဖို့ စိတ်အား ထက်သန် နေပါတယ် ။

အာဆင်နယ် အသင်း ဟာ ဒီဇန်နဝါရီ မှာ ဇူဘီမန်ဒီ ရဲ့ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၅၂.၅ သန်း ကို ပေးချေဖို့ ဆိုစီဒက် အသင်း နဲ့ သဘောတူညီမှု ရရှိ ခဲ့ပါတယ် ။ ဒါပေမယ့် ကစားသမားဟာ ရာသီဝက်မှာ သူ့ရဲ့မွေးရပ်မြေ အသင်းကနေ ထွက်ခွာဖို့ ဆန္ဒမရှိတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက် ခဲ့ခြင်းတော့ မရှိပါဘူး ။

ရာသီကုန်မှာတော့ အပြောင်းအရွှေ့ ဖြစ်မြောက်လာနိုင်ချေ ရှိနေပါတယ် ၊ ဇူဘီမန်ဒီ ဟာ ပရီးမီးယားလိဂ် မှာ ကစားချင်တဲ့ သူ့ရဲ့ သဘောထားကို မကွယ်မဝှက် ထုတ်ပြောထားတဲ့ သူ ဖြစ်ပြီး ဆိုစီဒက် နဲ့ စာချုပ် သစ် ချုပ်ဆို ခဲ့စဉ်တုန်းက စာချုပ် ဖျက်သိမ်းကြေး ကို တိုးမြှင့်ဖို့ ငြင်းဆန် ခဲ့သူလည်း ဖြစ်ပါတယ် ။

ဇူဘီမန်ဒီ တစ်ယောက် ရာသီဝက်ကာလမှာ ဆိုစီဒက် အသင်းကနေ မထွက်ခွာချင်တဲ့ အကြောင်းအရင်း တစ်ခုက ဆိုစီဒက် ရဲ့ ဒီရာသီ အမြင့်ပျံသန်းနေမှုကြောင့်ပါ ။ ဆိုစီဒက် ဟာ ဒီရာသီ လာလီဂါ မှာ အဆင့် ၃ ရောက်နေပြီး ပြည်တွင်း ဖလား ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ် အဆင့်ထိ ရောက်နေတာကြောင့်ပါ ။ ဒါ့အပြင် ဇူဘီမန်ဒီ ရဲ့ဆိုစီဒက် အသင်းဟာ ယူရိုပါလိဂ် ၁၆ သင်း အဆင့်ကိုလည်း တက်ရောက် ထားနိုင်ပါတယ် ။

ဘာစီလိုနာ အသင်း နည်းပြ ဇာဗီ ကလည်း မနက်ဖြန် နံနက်မှာ ကစားမယ့် ဆိုစီဒက် နဲ့ ပွဲမတိုင်မှီ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဇူဘီမန်ဒီ နဲ့ ပတ်သက်ပြီး ” သူက ထိပ်တန်း ကစားသမား တစ်ဦးပါ ။ ဒါပေမယ့် ဘူးစကွက် နဲ့ သူ့ကြားမှာ ခြားနားမှုတွေ ရှိပါတယ် ။ ဇူဘီမန်ဒီ က ကြံ့ခိုင်မှု ပိုကောင်းတယ် ၊ ပိုမြန်ပါတယ် ၊ ဘူးစကွက် ကတော့ နည်းစနစ်ပိုင်း ပိုကျေညက်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဇူဘီမန်ဒီ ကလည်း သူ့ကို ဘူးစကွက် နဲ့ နှိုင်းယှဉ်မှုတွေ ရှိနေတဲ့ အပေါ် ” ဘူးစကွက် က holding midfielder ထဲမှာ တစ်မူ ထူးခြားသူ တစ်ဦးပါ ။ သူ့ရဲ့ ဖိန့်လုံးတွေ ၊ ကြားဖြတ်ရယူမှုတွေ ၊ ဘောလုံး ဆုံးရှုံး သွားချိန်မှာ ရှေ့ကို ဦးတည်ပြီး ဖိအားပေးပုံတွေက သိပ်ကောင်းပါတယ် ၊ဒါပေမယ့် ဘူးစကွက် အတွက် နောက်ကို ပြန်ပြေးရတာက အခက်အခဲ ရှိပါတယ် ။ ”

” ဒါက သူ နဲ့ ကျနော်ကြားက ကွာခြားချက်ပါပဲ ၊ ကျနော် က ဘောလုံး ဆုံးသွားတာနဲ့ နောက်ကို တန်းပြေးပီး cover လုပ်နိုင်သူပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။ နောက်လဆို အသက် ၂၄ နှစ် ပြည့်တော့မယ့် ကွင်းလယ် ခံစစ် ကစားသမား ဇူဘီမန်ဒီ ဟာ ဒီရာသီမှာ ဆိုစီဒက် အတွက် ၁၇ ပွဲ ကစား ၁ ဂိုး သွင်း ၊ ၂ ဂိုး ဖန်တီး ပေးထားပါတယ် ။

SM