အာဆင်နယ်နဲ့ ရှုံးပွဲအပြီး အသင်းသားတွေကို ဘာတွေပြောထားခဲ့သလဲဆိုတာ ဖွင့်ဟလိုက်တဲ့ တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ညမှာတော့ ကာရာဘောင်း ဖလား ပြိုင်ပွဲရဲ့ ဆီမီး ဖိုင်နယ် ၊ ပထမ အကျော့ ပွဲစဥ်အဖြစ် the city ground ကွင်းထဲ မှာ နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ ရင်ဆိုင် ကစားသွားရဖို့ ရှိနေပါတယ် ။

ဒီပွဲမတိုင်မီမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အမ်းမရိတ်ကွင်းထဲမှာ အာဆင်နယ် အသင်းနဲ့ ရင်ဆိုင်် ကစားခဲ့ရပြီး 3 – 2 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်ထားခဲ့တာပဲ ဖြစ််ပါတယ် ။ ဒါဟာ ယူနိုက်တက် အတွက် ကမ္ဘာ့ ဖလား ပြိုင််ပွဲပြီးနောက် ပထမဆုံးရှုံးပွဲ ဖြစ်သွားခဲ့ရပါတယ် ။

အဆိုပါ ရှုံးပွဲအပြီးမှာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က အသင်းရဲ့ တွေရဲ့ အပြုအမူတွေ ၊ အန်ကီးတီးယား ကို နှစ်ဂိုး ရရှိစေမှု နဲ့ ဆာကာ ရဲ့ အဝေးကန်ချက်ကို ကန်ခွင့် ပြုပေးမှုတွေနဲ့ ပတ်သက်လို့ အသင်းသာတွေပေါ် အလိုမကျ ဖြစ်ခဲ့ရပါတယ် ။

အခုတော့ အာဆင်နယ် ၊ ခရစ္စတယ် ပဲလေ့စ် အသင်း နဲ့ ပွဲစဥ်တွေမှာ အမှတ်လျော့ခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက်် အသင်းဟာ ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ် ပွဲစဥ် နှစ်ကျော့ကို နော်တင်ဟမ် ဖောရက်စ် အသင်း နဲ့ ရင်ဆိုင် ကစားရပါတော့မယ် ။

အမှားခံလို့ မရနိုင်တဲ့ ဒီလို ဖလားပွဲ မတိုင်မီမှာတော့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ် က ရမှတ်တွေ လျော့ခဲ့တာနဲ့ ပတ်သက်လို့ အတိတ်မှာ ချန်ထားခဲ့ပြီ ဖြစ်ကြောင််း ၊ သူ့ရဲ့ ကစားသမားတွေကို ဘာတွေ ပြောထားခဲ့သလဲ ဆိုတာတွေကို ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” အဲ့တာတွေကို အနောက်မှာချန်ထားခဲ့ပါပြီ ။ ကျွန်တော်တို့ မှန်ကန်တဲ့ နိဂုံး တစ်ခုကို ချုပ်ခဲ့ကြပြီး အရှေ့ကို ဆက်ဖို့ ပြောဆိုခဲ့ပြီးပါပြီ ။ မနက်ဖြန်မှာ ကျွန်တော်တို့ ပွဲကြီးပွဲကောင််းတစ်ပွဲ ကစားရဖို့ရှိနေသေးတာကြောင့် ဒီပွဲအပေါ်ပဲ အာရုံစိုက်နေခဲ့ကြပါတယ် ”

” ပွဲစဥ်အတော်များများမှာ ကျွန်တော်တို့ ခံစစ်ပိုင်းကစားပုံံ ကောင်းမွန်ခဲ့တယ်လို့ ထင်မိပါတယ် ။ ကျွန်တော်တို့ ဂိုး မပေးရတဲ့ပွဲ အများကြီး ပိုင်ဆိုင်ခဲ့ပြီး မန်စီးတီး ကိုလည်း ကောင်းကောင်း ခုခံနိုင်ခဲ့ကြပါတယ် ။ ယေဘုယျအားဖြင့် ပြောရရင် အာဆင်နယ်နဲ့ ပွဲမှာလည်း ကျွန်တော်တို့ခံစစ် ကောင်းခဲ့ပါတယ် ”

” သူတို့ ဂိုးပေါက်ကန်ဖို့ အခွင့်သာခဲ့တာမျိုး မရှိခဲ့ကြဘူးလို့ ထင်ပါတယ် ။ ဖရီးကစ် ကန်တဲ့ တစ်ကြိမ်လောက်ပဲ စိတ််တိုင်းကျ ဂိုးပေါက် ကန်ခွင့် ရခဲ့ကြတာပါ ။ ကျန်တာက အလျင်းသင့်သလို ကန်လိုက်တာမျိုးချည်းပါပဲ ။ ခံစစ်မှူး ၊ ဘောလုံးနဲ့ ဂိုးပေါက်ကြား ဝေးကွာတဲ့ ခြားနားချက်ကနေ ဂိုးသွင်းခဲ့ကြတာပါပဲ ”

” ဒါ့ကြောင့် သူတို့ရဲ့ သွင်းဂိုးတိုင်း ရှောင်ရှားလို့ ရနိုင်ခဲ့တယ်လို့ ကျွန်တော် ပြောခဲ့တာပါ ။ ဒါမျိုး မဖြစ်သင့်ဘူးလို့ ကျွန်တော် ပြောခဲ့ပါတယ် ။ အဖြစ်ကို မခံနိုင်တဲ့ သွင်းဂိုးတွေပါပဲ ။ ပွဲကြီးပွဲကောင်းမှာ 3 ဂိုး ပေးရပြီဆိုတာနဲ့ နိုင်ဖို့ မလွယ်တော့ပါဘူး ”

” ကျွန်တော်တို့ ပြောခဲ့တဲ့ နိဂုံးက အဲ့တာပါပဲ ။ ဒါမျိုး မဖြစ််ခံသင့်ပါဘူး ။ ကျွန်တော်တို့ အဲ့ဒီ အကြောင်း ပြောခဲ့ကြပြီး ဘာတွေ သင်ယူကြမလဲဆိုတာတွေကို ဆွေးနွေးခဲ့ကြရပါတယ် ” လို့ တန်ဟတ် က ပြောကြားသွားခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar