လက်သွက်ခြေသွက်နေတဲ့ စပါး ၊ ဗိုလ်လုပွဲ တဘက်နင်းတဲ့ နယူးကာဆယ် ၊ စိတ်ဝင်စားဖွယ် အပြောင်းအရွှေ့တွေနဲ့ . . . နံနက်ခင်း အားကစားသတင်းများ

ဇန်နဝါရီ အပြောင်းအရွှေ့ ပိတ်ဖို့ နီးကပ် လာတာနဲ့အမျှ အပြောင်းအရွှေ့ တွေ ပိုပြီး စိပ်လာကြ ပါတယ် ။ ပရီးမီးယားလိဂ် ထိပ်သီး တော့တင်ဟမ် ဟော့စပါး အသင်းကတော့ အဲဗာတန် ကို ရောက်ဖို့ အလုံးစုံ သဘောတူညီမှု ရယူထားပြီး ဖြစ်တဲ့ ဗီလာရီးရဲ တောင်ပံ ကစားသမား ဒမ်ဂျူးမား ကို ကြားဖြတ် ဝင်ရောက် ခေါ်ယူ ခဲ့ပါတယ် ။

ဒမ်ဂျူးမား ဟာလည်း စပါး ရဲ့ ကမ်းလှမ်းချက် ကို နားထောင် အပြီးမှာ လန်ဒန် ကလပ်ဆီ ပြောင်းရွှေ့ဖို့ သဘောတူကာ ဒီကနေ့မှာ စပါး အသင်းနဲ့ ဆေးစစ်မှု ပြုလုပ် သွားမယ်လို့ သိရှိရ ပါတယ် ။

ဒါ့အပြင် စပါး ဟာ စပို့တင်း လစ္စဘွန်း ညာနောက်ခံလူ ပက်ဒရို ပေါ်ရို ကိစ္စတွေကိုလည်း ဒီကနေ့ မှာ ညှိနှိုင်းမှုတွေ အပြီးသတ် နိုင်မယ်လို့ မျှော်လင့်ထားကြောင်း ကြားသိရ ပါတယ် ။

မနေ့ ညက ကစားခဲ့တဲ့ ခါရာဘောင် ဖလား ဆီမီးဖိုင်နယ် ပထမ အကျော့ မှာတော့ နယူးကာဆယ် ဟာ ဆောက်သမ်တန် အသင်းကို အဝေးကွင်းမှာ ၁-၀ နဲ့ အနိုင် ရရှိကာ ဗိုလ်လုပွဲဆီကို ခြေတဘက် လှမ်းနိုင်ခဲ့ ပါတယ် ။ နယူးကာဆယ် အတွက် တလုံးတည်းသော ဂိုးကိုတော့ တိုက်စစ်မှူး ဂျိုး လင်တွန် က သွင်းယူ ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

အီတလီ စီးရီးအေ မှာတော့ လာဇီယို အသင်းဟာ အေစီမီလန် အသင်းကို အိမ်ကွင်းမှာ ၄-၀ နဲ့ ဂိုးပြတ် အနိုင် ကစားသွားခဲ့ ပါတယ် ။

ဂျာမန် ဘွန်ဒစ်လီဂါ မှာတော့ ဘိုင်ယန်မြုးနစ် အသင်း ဟာ အိမ်ကွင်းမှာ ကိုလုံး အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့ ပါတယ် ။ ဒီပွဲမှာ ဧည့်သည် အသင်းဟာ ပွဲအစ ၄ မိနစ်မှာတည်းက ဦးဆောင်ဂိုး သွင်းယူ ထားနိုင်ခဲ့တာ ဖြစ်ပြီး ဘိုင်ယန် ဘက်က ကင်မစ်ချ် က မိနစ် ၉၀ အရောက်မှ ချေပဂိုး ပြန်သွင်းယူ နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်းဟာ မာလို ဂူစတို အတွက် ဈေးကို ပေါင် သန်း ၃၀ အထိ တိုးကာ ကမ်းလှမ်း ခဲ့ပေမယ့် လိုင်ယွန် အသင်းကတော့ သူတို့ရဲ့ ၁၉ နှစ်သား ညာနောက်ခံလူကို ဆက်လက် ထိန်းထား လိုတယ်လို့ သိရပါတယ် ။

အဲဗာတန် အသင်း ပိုင်ရှင် မိုရှီရီ ဟာ အသင်းကို ပေါင် သန်း ၅၀၀ နဲ့ ရောင်းထုတ်တော့မယ်လို့ သတင်း တပုဒ် မနေ့ညပိုင်းက ပေါ်ထွက် လာခဲ့ ပါတယ် ။ ဒါပေမယ့် အဲဗာတန် အသင်း ဘက်ကတော့ ဒီသတင်းကို ငြင်းဆန် ခဲ့တယ်လို့ သိရပါတယ် ။

အဲဗာတန် ဟာ နည်းပြသစ် ရှာဖွေနေပြီး ဆောက်သမ်တန် နည်းပြဟောင်း ဟတ်ဆန်ဟော့ ကို ခန့်အပ်ဖို့ စိတ်ကူး ရှိနေတယ်လို့လည်း ကြားသိရ ပါတယ် ။

ပေါ်တူဂီ လက်ရွေးစင် နည်းပြဟောင်း ဖာနန်ဒို ဆန်းတိုစ့် ကတော့ ပိုလန် လက်ရွေးစင် အသင်း နည်းပြ ရာထူးကို မနေ့က ရယူ သွားခဲ့ ပါတယ် ။

စပါး ကို ပြောင်းမယ်လို့ သတင်းကြီး နေတဲ့ ရိုးမား တောင်ပံ ကစားသမားလေး နီကိုလို ဇာနီယိုလို ဟာ အခုချိန် မှာတော့ အေစီမီလန် အသင်းဆီကို ပိုမို စိတ်ဝင်စား သွားပြီလို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

အေစီမီလန် တိုက်စစ်မှူးကြီး အိုလီဗာ ဂျီရူး က သူဟာ အမေရိကန် မေဂျာလိဂ် ကို နှစ်သက်သူ တယောက် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့တာကြောင့် မေဂျာလိဂ် ကို ပြောင်းရွှေ့ နိုင်မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ် လာခဲ့ ပါတယ် ။

ယူဗင်တပ် အသင်းဟာ ရာသီ အကုန်မှာ လက်ရှိ နည်းပြ အယ်လီဂရီ နဲ့ လမ်းခွဲဖို့ အလားအလာ ရှိနေပြီး ဘရိုက်တန် နည်းပြ ဒီဇာဘီ ကို နည်းပြသစ် နေရာ အတွက် စိတ်ကူး နေတယ်လို့ ကြားသိရ ပါတယ် ။

 

SPORTS MYANMAR