ယာယီကစားသမားအဖြစ် သတ်မှတ်ထားကြတဲ့ သူ့ရဲ့ ရည်မှန်းချက်ကို ထုတ်ပြောလိုက်တဲ့ ယူနိုက်တက် တိုက်စစ်မှူး ဝဂ်ဟော့စ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကာလတို တိုက်စစ််မှူး ဖြစ်တဲ့ ဝေါက် ဝဂ်ဟော့စ် က ဒီအသင်းရဲ့ အမြဲတမ်း ကစားသမား ဖြစ်နိုင်ရေးအတွက် နည်းပြ အဲရစ်တန်ဟတ် သဘောကျလောက်တဲ့ အထိ အစွမ်းကုန် ကြိုးစားသွားဖို့ ရှိနေကြောင်း ထုတ်ပြောခဲ့လိုက်ပါတယ် ။

ဘန်လေ အသင်းရဲ့ တိုက်စစ်မှူး ဖြစ်တဲ့ ဝဂ်ဟော့စ် ဟာ ဒီဆောင်းရာသီ စျေးကွက်အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရာသီကုန်အထိ ကစားပေးဖို့ စာချုပ်တို နဲ့ ရောက်လာခဲ့တာဖြစ်ပြီး ဒီအတွက် ယူနိုက်တက်တို့ ဘက််ဆစ်တပ်ကို စာချုပ် ဖျက်သိမ်းကြေး ပေးခဲ့ရပါသေးတယ် ။

သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားပေးခဲ့ရတဲ့ အချိန််တွေတုန်းက ခြေစွမ်းကောင်းတွေ မပြသထားနိုင်ခဲ့ပေမဲ့ အငှားထွက် ကစားတဲ့ အချိန်တွေမှာတော့ ဂိုးသွင်း စွမ်းရည််တွေ အပြင် တိုက်စစ်မှူးကောင်း တစ်ဦး ဖြစ်ကြောင်းပါ ပြသထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီးမှာလည်း သူဟာ နယ်သာလန် လက်ရွေးစင် အသင်းအတွက် ပုံစံကောင်း ပြသရင်း ဂိုးတွေလည်း သွင်းယူနိုင်ခဲ့ပါသေးတယ် ။ ဒါ့ကြောင့်လည်း အဲ့ရစ် တန်ဟတ် က တစ်နိုင်ငံတည်းသား ဖြစ်သူကို ခေါ်ယူလိုခဲ့တာပဲ ဖြစ်ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေဖက်မှ ကာလတိုစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ ယာယီ တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားခဲ့ရတဲ့ ဝေါက် ဝဂ်ဟော့စ်က သူ့ရဲ့ ရည်မှန်းချက်ဟာ အသင်းရဲ့ အမြဲတမ်း တိုက်စစ်မှူး ဖြစ်နိုင််ရေးပဲ ဖြစ်ကြောင်း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။

” တိုက်စစ်မှူး တစ်ဦးရဲ့ စွမ်းဆောင်ရည်ဟာ ရိုးရှင်းလွန်းလှပါတယ် ။ အချိန်တန်ရင် လူတွေက သူ့ကို သွင်းဂိုးတွေနဲ့ပဲ ချိန်ထိုးကြတာပါ ။ အဲရစ် တန်ဟတ် အတွက် တိုက်စစ််မှူး ခေါ်ရခြင်းက ရည်ရွယ်ချက် ရှိလှပါတယ် ။ သူ့ဖက်က တိုက်စစ်မှူးတွေကို ကစားကွက်ထဲ အကောင်းဆုံး ဖြစ်အောင် ပါဝင်စေချင်တာလေ ”

” ကျွန်တော့်အနေနဲ့ သူ့လက်အောက်မှာ ပွဲကစားချိန်မိနစ််တွေ ပိုမို ရရှိနိုင်ဖို့ သူ့ကို တွန်းအားပေးနိုင်အောင် ကြိိုးစားရပါ့မယ် ။ ကျွန်တော့် ကစားသမား ဘဝမှာ အမြဲတမ်း လုပ််နိုင်ခဲ့တာ တစ်ခု ရှိခဲ့ပါတယ် ။ အဲ့တာက ဂိုးတွေ အမြဲလို သွင်းယူပေးခြင်းပါပဲ ”

” ကျွန်တော်တို့ ပွဲကောင်းနှစ်ပွဲ ကစားရဖိုက ရှိနေပါတယ် ။ ဒီပွဲတွေမှာ အခွင့်အရေးတွေကို လွဲချော်ခဲ့ရင်တော့ ကျွန်တော့်ကို ကျွန်တော် စတင် စိုးရိမ်သင့်ပါပြီ ။ ဒါပေမဲ့ ကျွန််တော် ဂိုးတွေသွင်းယူနိုင်တယ်ဆိုတဲ့အပေါ်တော့ ယုံကြည််ချက် အပြည့်အဝရှိနေပါတယ် ။ ကျွန်တော် အဆင်ပြေမှာပါ ”

” ဒီမှာ နေရတာ အံ့ဖွယ်ပါပဲ ။ ဒီက ပရိသတ်တွေ အံ့ဖွယ်ပါပဲ ။ ကျွန်တော် ဒီကို ရောက်လာခဲ့တာ တစ်ပါတ် ရှိပါပြီ ။ ဒီအချိန်အတွင်း အရာရာကောင်းမွန်ခဲ့ပါတယ်။ သေချာတာပေါ့ ၊ ကျွန်တော် ဒီမှာဆက်နေချင်တယ်လေ ။ ဒီအတွက်် အသင်းနဲ့ ပရိသတ်တွေ တန်ဖိုးထားရတဲ့ ကစားသမား ဖြစ်အောင် ကြိုးစားပါ့မယ် ” လို့ ဝဂ်ဟော့စ်က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar