အာဆင်နယ် နှင့် ဒေါ့မွန် နှစ်သင်းမှာ ဘယ်အသင်းကို ပြောင်းမလဲ ဆိုတာ ဆုံးဖြတ်လိုက်ပြီ ဖြစ်တဲ့ ဖရက်စ်နီဒါ

ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မွန် အသင်းဟာ ဗလာဒိုးလစ် အသင်း ရဲ့ နောက်ခံလူ ဖရက်စ်နီဒါ ကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေပြီး အာဆင်နယ် အသင်းထက် အသာစီး ရနေတယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။

အာဆင်နယ် နှင့် ဒေါ့မွန် နှစ်သင်းစလုံးဟာ ဗလာဒိုးလစ် နောက်ခံလူ ဖရက်စ်နီဒါ ကို ပေါင် ၁၃.၂ သန်းနဲ့အပြီးသတ် ခေါ်ယူဖို့ သဘောတူညီမှု ရထားကြပြီး ရာသီကုန်အထိ ဗလာဒိုးလစ် အသင်းထံ အငှားပြန်ချပေးရမှာ ဖြစ်တယ်လို့ မနေ့က သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ် ။

အာဆင်နယ် နဲ့ ဒေါ့မွန် နှစ်သင်းထဲက ဘယ်အသင်းကို ရွေးမလဲ ဆိုတာ ဖရက်စ်နီဒါ ကိုယ်တိုင် ဆုံးဖြတ်မှာပါ ။ စပိန် နာမည်ကျော် သတင်းစာ တစ်စောင် ဖြစ်တဲ့ Marca ကတော့ ဗလာဒိုးလစ် ရဲ့ နောက်ခံ အစွန်လူဟာ ဂျာမနီမြေကို ပြောင်းရွှေ့ကစားဖို့ စိတ်အား ထက်သန် နေတယ်လို့ သိရပါတယ် ။

Marca ရဲ့ ဖော်ပြချက်အရ ဖရက်စ်နီဒါ ဟာ ဘယ်အသင်းက သူ့ကို ပိုက်ဆံ ပိုပေးသလဲ ဆိုတာထက် အသင်းကြီးမှာ ပွဲထွက် ကစားခွင့် အာမခံချက် ပေးနိုင်တဲ့ အသင်းကို အဓိက ကြည့်ပီး ရွေးချယ် ဆုံးဖြတ်တာ ဖြစ်တယ်လို့ သိရပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာတော့မယ့် ဆစ်ဒရစ် နေရာ အစားထိုးဖို့ရာ ဖရက်စ်နီဒါ ကို ခေါ်ယူ ချင်နေတာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်း ရဲ့ ညာနောက်ခံလူ နေရာမှာ ဆစ်ဒရစ် အပြင် တိုမီယာဆု နှင့် ဘန်ဝှိုက် တို့ ရှိနေကြပီး ဒီရာသီမှာ ပုံမှန် ပွဲထွက် ကစားနေတာကတော့ ဘန်ဝှိုက် ပါ ။

Marca က အာဆင်နယ် အသင်းဟာ ဖရက်စ်နီဒါ ကို ပွဲထွက်ခွင့် အာမခံချက် ပေးမယ်ဆိုတဲ့ အချက်ကို ထည့်သွင်း ကမ်းလှမ်း ခဲ့ခြင်း မရှိတာကြောင့် ဒေါ့မွန် အသင်းဟာ အာဆင်နယ် အသင်းထက် ပိုပြီး အခြေအနေ ကောင်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီဇန်နဝါရီ အပြောင်းအရွှေ့ကာလ မှာ ကစားသမား နှစ်ဦး အထိ ခေါ်ယူ ထားပြီး ဖြစ်ပါတယ် ။ အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ် က ဇန်နဝါရီ ပထမဆုံး ခေါ်ယူမှု အဖြစ် ဘရိုက်တန် အသင်း ရဲ့တောင်ပံ ကစားသမား ထရောဆက်ဒ် ကို ပေါင် ၂၁ သန်း + အပိုဆုကြေး ပေါင် ၆ သန်း နဲ့ ခေါ်ယူ ခဲ့ပါတယ် ။

ဒါ့အပြင် အာဆင်နယ် အသင်းဟာ မနေ့က ဇန်နဝါရီ အပြောင်းအရွှေ့ရဲ့ ဒုတိယမြောက် ခေါ်ယူမှု အဖြစ် စပီဇီယာ အသင်းရဲ့ပိုလန်လက်ရွေးစင် နောက်ခံလူ ယာကု ခီဗီယော ကို ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း + အပိုဆုကြေး ၅ သန်း နဲ့ ထပ်မံ ခေါ်ယူ ခဲ့ပါတယ် ။

SM