အာဆင်နယ်နဲ့ ရှုံးပွဲအပြီး ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ်ကို အထူးအမွှမ်းတင် ချီးကျူးလိုက်တဲ့ အွန်နရီ

အာဆင်နယ် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်သူ သီယာရီ အွန်နရီ ကတော့ လက်ရှိ မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်တဲ့ အဲရစ် တန်ဟတ် ဟာ 1 နှစ် အတွင်းမှာ ဆာ အဲလက်စ် ဖာဂူဆန် ထက် ပိုပြီးစွဲမက်ဖွယ် ကောင်းတဲ့ ကစားဟန်ကို ယူဆောင်လာလိမ့်မယ်လို့ ဟောကိန်းထုတ် ချီးကျူးခဲ့လိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ တနဂ်နွေနေ့တုန်းက အမ်းမရိတ် ကွင်းထဲမှာ အာဆင်နယ် အသင််း နဲ့ ရင်ဆိုင်ကစားခဲ့ရပြီး 3 – 2 ဆိုတဲ့ ရလဒ် ထွက်ပေါ်ခဲ့ကာ ကမ္ဘာ့ ဖလား ပြိုင်ပွဲကြီး ပြီးဆုံးသွားတဲ့နောက် ပထမဆုံး ရှုံးပွဲ ကြုံတွေ့သွားခဲ့ရပါတယ် ။

ဒီပွဲစဥ်ရဲ့ ပထမပိုင်းမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အာဆင်နယ် အသင်းနဲ့ သူတင်ကိုယ်တင် ယှဥ်ပြိုင် ကစားသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ပွဲချိန် ဒုတိယပိုင််းမှာတော့ အာဆင်နယ် အသင်းကချည်း ဖိအားပေးရင်း ပွဲစဥ်ကို လွှမ်းမိုးသွားနိုင်ခဲ့ပါတယ် ။

ဘယ်လိုပဲ ဖြစ်ပါစေ ၊ အာဆင်နယ် ဂန္တဝင် ကစားသမားဟောင်း ဖြစ်တဲ့ အွန်နရီ ကတော့ 3 နှစ်လောက် အချိန်ယူ ပြင်ဆင်ခဲ့တဲ့ အာတီတာ ရဲ့ အသင်းကို 6 လ မျှသာ ကိုင်တွယ််ရသေးတဲ့ တန်ဟတ် ရဲ့ ယူနိုက်တက် အသင်းဖက်မှ ကောင်းကောင်း ယှဥ်ကစားနိုင်ခဲ့ကြောင်း ပြောခဲ့လိုက်ပါတယ် ။

ဒါ့အပြင် တစ်ပါတ်လောက် နားခွင့် ရရှိထားခဲ့တဲ့ အာဆင််နယ် အသင်းကို ခုရက်ပိုင်း 3 ရက် တစ်ပွဲနှုန်း ကစားခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းမှ အခုလို ယှဥ်ပြိုင်် ကစားနိုင်ခဲ့တာက ချီးကျူးဖို့ ထိုက်တန်ကြောင်း ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

” အာဆင်နယ် နိုင်လို့ ကျွန်တော် ပျော်ပါတယ် ။ သူတို့ရဲ့ ဒုတိယပိုင်း ကစားပုံက အနိုင် ရလဒ် ရရှိဖို့ ထိုက်တန်ခဲ့တယ််လေ ။ ဒါပေမဲ့ ကောင်လေးတို့ရေ ၊ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဲရစ် တန်ဟတ်ရဲ့ လက်အောက်မှာတော့ လုံးဝ ပြောင်းလဲသွားခဲ့ပြီနော် ”

” ကျွန်တော် ရိုးရိုးသားသား ပြောပါရစေ ၊ ကျွန်တော်က တန်ဟတ်ရဲ့ ပရိသတ် တစ်ယောက်ပါ ။ ကျွန်တော် သူ့ကို အရမ်းပဲ သဘောကျပါတယ် ။ ဘာကာတို့ ကိုးမန်းကို ထုတ််လိုက်တုန်းက တန်ဟတ်ကို ခေါ်ပါလို့တောင် ကျွန်တော် လာပေါ်တာ (ဘာကာ ဥက္ကဌ) ကို တိုက်တွန်းခဲ့ဖူးပါသေးတယ် ။ သူဟာ genius တစ်ယောက်ပါ ”

” ဒီနေ့တော့ ကျွန်တော်တို့ဟာ 3 နှစ် အတွင်း တိုးတက်လာခဲ့တဲ့ အသင်းနဲ့ 6 လအတွင်း တိုးတက်လာခဲ့တဲ့ အသင််းတွေကို မြင်တွေ့ခဲ့ရပါတယ် ။ ပြီးတော့ တစ်ပါတ်လောက်် အနားယူခဲ့ရတဲ့ အသင်းနဲ့ 2 ရက်မျှ အနားယူခဲ့ကြရတဲ့ အသင်းတို့ ရင်ဆိုင်ခဲ့ကြတာပါ ”

” ဒါတောင် မန်ချက်စတာ ယူနိုက်တက် အသင်းက အာဆင်နယ် အသင်းကို အဝေးကွင်းမှာ သူတင်ကိုယ်တင် ယှဥ်ပြိုင်ကစားသွားနိုင်ခဲ့ပါတယ် ။ ဒါက ကျွန်တော့်အတွက်တော့ အံ့ချီးဖွယ်ပါပဲ ။ ဒီပွဲမှာ အာဆင်နယ်ဟာ အဖက်ဖက််မှာ သာနေလိမ့်မယ်လို့ ကျွန်တော် တွေးခဲ့ပါတယ် ”

” ယူနိုက်တက်ကတော့ ခံစစ် ကစားမယ်ပေါ့ ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အတွေးတွေ လုံးဝလွဲမှားသွားခဲ့ရပါတယ် ။ ပထမပိုင်းမှာဆိုရင် ယူနိုက်တက်ကို ဘောလုံး ထိန်းချုပ် ကစားတာ ပိုပြီးတော့တောင် ကောင်းမွန်ခဲ့ပါသေးတယ် ။ ခင်ဗျားတို့ သူ့ကို အချိန် တစ်နှစ်ပေးပြီး စျေးကွက်ထဲမှာ ထောက်ပံ့ပေးလိုက်သင့်ပါတယ် ”

” ဆာ အဲလက်စ် ကို မလေးမစား လုပ်တာတော့ မဟုတ်ပါဘူး ။ အကယ်လို့ တန်ဟတ်သာ လိုချင်တာတွေ ရသွားရင် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆာ အဲလက်စ် လက်အောက်မှာ ကစားခဲ့တာထက် ပိုကောင်းတဲ့ ကစားပုံကို ပြနိုင်ပါလိမ့်မယ် ” လို့ အွန်နရီ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar