လီဗာပူးကို ထိခိုက်မှု ရှိစေခဲ့သူ ၂ ဦးနဲ့ ထိပ်တန်း ပစ်မှတ်တွေကို the Reds တို့ ဆွဲဆောင်နိုင်စွမ်း ရှိနေသေးတဲ့ အကြောင်းရင်းကို ပြောပြလိုက်တဲ့ ကတ်ကာရီနို

ချဲလ်ဆီး ကစားသမားဟောင်း ဖြစ်သူ တိုနီကတ်ကာရီနိုက လီဗာပူး အသင်းဟာ လာမည့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့် မရခဲ့ဘူးဆိုရင်တောင် သူတို့ အလိုရှိတဲ့ ကစားသမားတွေကို ခေါ်ယူနိုင်စွမ်း ရှိနေတဲ့ အကြောင်းရင်း နဲ့ လီဗာပူးကို များစွာ ထိခိုက်မှု ရှိစေခဲ့တဲ့ ကစားသမား ၂ ဦးကိုလည်း ပြောပြသွားခဲ့ပါတယ်။ လီဗာပူး အသင်းဟာ ဒီိရာသီမှာ top 4 ဝင်နိုင်ဖို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ယာဂန်ကလော့ရဲ့ အသင်းဟာ ရာသီဝက်ကျိုးချိန်မှာ နိုင်ပွဲ ၈ ပွဲသာ ရရှိထားခဲ့ပြီး top 4 နေရာက အသင်းနဲ့ ၁၀ မှတ်ထိ ကွာဟလျက်ရှိနေပါတယ်။ လီဗာပူးဟာ လာမည့်နွေရာသီမှာ ကီတာ ချိန်ဘာလိန် မီနာ တို့ကို လက်လွှတ်သွားရတော့မှာ ဖြစ်တဲ့အပြင် ဟန်ဒါဆန် တီယာဂိုအယ်ကန်တာရာ ဖာဘင်ညို တို့ကလည်း အကျပိုင်းကို ရောက်လာပြီ ဖြစ်တာကြောင့် လီဗာပူး ကွင်းလယ်ပိုင်းဟာ ဒီိရာသီမှာ အတော် ရုန်းကန်နေရပါတယ်။

လီဗာပူး ဂျူ့ဘယ်လင်ဟမ် မက်သီးယပ်နူးနက် ရူဘက်နီဗက်စ် ကိုင်ဆီဒို တို့နဲ့ အပြောင်းအရွေ့ သတင်းတွေ ထွက်ပေါ်နေပြီး လူတော်တော်များများကတော့ လီဗာပူး အနေနဲ့ လာမည့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရဘူးဆိုရင် လိုချင်တဲ့ ပစ်မှတ်ကစားသမားတွေ ရနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ထားပါတယ်။ ဒါပေမယ့်လည်း ကတ်ကာရီနိုက ဒီယူဆချက်ကို သဘောမတူခဲ့ပါဘူး။

ဒါ့အပြင် ချဲလ်ဆီး ကစားသမားဟောင်းက မာ‌နေးနဲ့ ဝိုင်နယ်ဒန် တို့လို ကစားသမားတွေကို ဆုံးရှုံးခဲ့ရခြင်းဟာ လီဗာပူးကို ထိခိုက်မှု ရှိစေတယ်လို့ သုံးသပ်လိုက်ပြီး ယာဂန်ကလော့ ရှိနေတာကြောင့် ကလပ်ဟာ ထိပ်တန်း ကစားသမားတွေကို ဆွဲဆောင်နိုင်စွမ်း ရှိနေအုံးမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ကတ်ကာရီနိုက “ကျနော်ကတော့ လီဗာပူး အသင်းပိုင်ရှင်တွေဟာ လိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူနိုင်ဖို့အတွက် ယာဂန်ကလော့ကို လုံလောက်တဲ့ ငွေကြေးပမာဏ ထုတ်ပေးလိမ့်မယ်လို့ ထင်ပါတယ်။ သူ့အတွက်လည်း ဒါဟာ လိုအပ်နေတယ်လို့ ကျနော် ခံစားမိနေပါတယ်။ ပေးဆပ်သွားရမယ့် အရာကတော့ ရှိနေမှာပါ။ လီဗာပူး အနေနဲ့ အသင်းရဲ့ ကစားသမား တစ်ချို့ကို ရောင်းချပြီး ငွေကြေးရှာဖွေသွားဖို့လည်း လိုအပ်ပါတယ်။ လီဗာပူးဟာ နူးနက်ကို ခေါ်ယူနိုင်ဖို့အတွက် မာနေးကို ဈေးနှုန်းတစ်ခုနဲ့ ရောင်းချခဲ့ပါတယ်။ ဝိုင်နယ်ဒန် ကိုတော့ သူတို့ free လက်လွှတ်ခဲ့ရပြီး တီယာဂိုအယ်ကန်တာရာကို ဈေးသက်သက်သာသာနဲ့ ခေါ်ယူခဲ့ပါတယ်။

လာမည့်ရာသီမှာ လီဗာပူးရဲ့ လူစာရင်းမှာ အပြောင်းအလဲ တစ်ချို့ကို မြင်တွေ့ရလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ တိုက်စစ်ပိုင်းမှာ လူးဝစ်ဒီယက်နဲ့ ဂျိုတာ တို့ကို ပြန်ရခဲ့မယ်ဆိုရင် လီဗာပူး front line ဟာ အများကြီး တောင့်တင်းသွားမှာပါ။ ဒါပေမယ့်လည်း လာမည့်ရာသီမှာ ဒဏ်ရာပြသနာတွေကတော့ ရှိနေအုံးမှာပါ။ ဒဏ်ရာပြသနာ လုံးဝကင်းမဲ့တဲ့ ရာသီဆိုတာ မရှိနိုင်ပါဘူး။ လာမည့် နွေရာသီ အပြီးမှာ လီဗာပူးရဲ့ အနေအထားနဲ့ ပက်သက်ပြီး ကျနော် အကောင်းမြင်ထားပါတယ်။

လီဗာပူး နဲ့ ချဲလ်ဆီး တို့ဟာ လာမည့်ရာသီမှာ မန်စီးတီး အာဆင်နယ် မန်ယူနိုက်တက် တို့နဲ့အပြိုင် ပရီးမီးယားလိဂ်ကို ပြန်လည် စိန်ခေါ်နိုင်မှာ ဖြစ်ပါတယ်။ ဒီ top 6 အသင်းတွေဟာ ဒီအချိန်မှာ တအားကို ပါဝါကြီးမားလွန်းပါတယ်။”

ဆက်လက်ပြီး ကတ်ကာရီနိုက “ပြီးခဲ့တဲ့နှစ်တွေက လီဗာပူးတို့ ဘာတွေ လုပ်ပြခဲ့သလဲဆိုတာ ခင်ဗျား ကောင်းကောင်း မြင်တွေ့ခဲ့မယ်ဆိုရင် ခင်ဗျားဟာ ‘ငါ ယာဂန်ကလော့ အတွက် ကစားပေးချင်တယ်’ ဆိုပြီး ဖြစ်နေမှာပါ။ ကစားသမားတွေ ဆာအဲလက်စ်ဖာဂူဆန် ဂျိုဆေးမော်ရင်ညို နဲ့ ပက်ဂွာဒီယိုလာ တို့ လက်အောက်မှာ ကစားချင်တဲ့ ပုံစံမျိူးပေါ့။ ဒီလိုမျိုးတွေရဲ့ လက်အောက်မှာ ကစားချင်တဲ့ ကစားသမားတွေ ဆိုတာ ရှိကြပါတယ်။ လီဗာပူးလည်း ဒီအတိုင်းပဲ ဆိုတာ သေချာပါတယ်။ ယာဂန်ကလော့ အတွက် ကစားပေးချင်တယ် ဆိုတဲ့ ကစားသမားတွေ ရှိနေပြီးသားပါ။” လို့ပြောသွားပါတယ်။

SM