မန်ယူနိုက်တက် flop ကို ခေါ်ယူခဲ့တဲ့ ဖရန့်လမ်းပတ်ကို ဝေဖန်လိုက်ပြီး ၎င်းကို ထုတ်ပယ်ခဲ့တာဟာ မှန်ကန်တယ်လို့ ဆိုလိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါက မန်ချက်စတာယူနိုက်တက်မှာ သုံးလို့မရ ဖြစ်နေတဲ့ ကစားသမားကို ဂွတ်ဒီဆင်ပက်ထံ ခေါ်ယူခဲ့တဲ့ ဖရန့်လမ်းပတ်ကို ဝေဖန်သွားခဲ့ပြီး ချဲလ်ဆီး ဂန္တဝင်ကစားသမားကို ထုတ်ပယ်ခဲ့တဲ့ အဲဗာတန်အသင်းရဲ့ ဆုံးဖြတ်ချက်က မှန်ကန်မှု ရှိတယ်လို့ ဆိုလိုက်ပါတယ်။ အဲဗာတန်ဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၁၀ ပွဲဆက် အနိုင်မရထားခဲ့တဲ့ အပြင် အမှတ်ပေးဇယားရဲ့ အဆင့် ၁၉ နေရာမှာ ရောက်နေတာကြောင့် ပြီးခဲ့တဲ့ တနင်္လာနေ့က လမ်းပတ်ကို ထုတ်ပယ်ရန် ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။

လမ်းပတ်ဟာ လွန်ခဲ့တဲ့ ၁ နှစ်က ရာဖေးဘင်နီတက်ဇ် နေရာမှာ အစားဝင်လာခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက လက်ကျန် တစ်ပွဲအလိုမှာ တန်းမဆင်းရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဗာတန်ဟာ ဒီိရာသီမှာ ရလဒ်တွေ ဆိုးရွားနေခဲ့တဲ့ အပြင် နောက်ဆုံး ပွဲစဉ် ၂ ပွဲမှာ တန်းဆင်းဇုန် ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ ဆောက်သမ်တန် ဝက်ဟမ်း တို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် အဲဗာတန်ဟာ လမ်းပတ်နဲ့ လမ်းခွဲရန် ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ကာရေဂါက အဲဗာတန်ရဲ့ ပြသနာတွေဟာ မန်နေဂျာ အပြောင်းအလဲ လုပ်ရုံနဲ့ မပြီးသေးဘဲ ဒီထက် အများကြီး ပိုမို နက်နဲတယ်လို့ ဆိုလိုက်ပေမယ့် ကလပ်ဟာ လမ်းပတ်ကို ထုတ်ပယ်ခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဒ့ါအပြင် ကာရေဂါက အဲဗာတန် အသင်းမှာ လမ်းပတ်ရဲ့ ‌လူခေါ်ယူမှုတွေ အပေါ် ဝေဖန်မှု လုပ်သွားခဲ့ပါတယ်။

ကာရေဂါက “အဲဗာတန် ပရိတ်သတ်တွေကတော့ မန်နေဂျာ အပြောင်းအလဲထက်စာရင် ဘုတ်အဖွဲ့ကို ပိုမို အပြောင်းအလဲ လုပ်စေချင်ကြတာပါ။ ဒါပေမယ့် လမ်းပတ်ကို ထုတ်ပယ်ခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ကျနော် ထင်နေဆဲပါ။ လမ်းပတ်ဟာ ဘင်နီတက်ဇ် ဒီလိုမျိုး ရလဒ်တွေနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် ဒီအလုပ်ကို ရခဲ့တာပါ။ လမ်းပတ် အနေနဲ့အရင် မန်နေဂျာတုန်းကလိုမျိုး ရလဒ်ဆိုးတွေ တောက်လျှောက် ကြုံနေရပြီဆိုရင် သူ့အနေနဲ့ ဒီလို ဆုံးဖြတ်ခံခဲ့ရတဲ့ အပေါ် သိပ်ပြီး စောဒကတက်စရာ မရှိဘူးလို့ ထင်ပါတယ်။

အဲဗာတန်ဟာ ဒီအချိန်မှာ ဆောက်သမ်တန်နဲ့အတူ ဇယားအောက်ဆုံးမှာ ရှိနေပါတယ်။ ဖရန့်လမ်းပတ် အနေနဲ့ သိပ်ပြီး စောဒကတက်စရာ မရှိဘူးလို့ ကျနော် ထင်ပါတယ်။ အမှန်ပါပဲ။ အသင်းရဲ့ နောက်ကွယ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေ အပေါ် အဲဗာတန် ပရိတ်သတ်တွေက ကွင်းထဲက ကိစ္စတွေထက် ပိုပြီး စိတ်ပျက်လက်ပျက် ဖြစ်နေကြပါတယ်။ လမ်းပတ်ဟာ ငွေတွေ သိပ်အများကြီး မသုံးစွဲခဲ့ရပါဘူး။ သူတို့သာ ပြီးခဲ့တဲ့ရာသီက အသင်းရဲ့ အကောင်းဆုံး ကစားသမား ဖြစ်တဲ့ ရစ်ချာလဆင်ကိုလည်း ဆုံးရှုံးခဲ့ပါတယ်။

သူ့ရဲ့ နေရာမှာ ပြန်လည်အစားထိုးရန် သူတို့ ကြိုးစားခဲ့ပါတယ်။။ ဒါပေမယ့်လည်း ဒါဟာ အရမ်းကို ခက်ခဲတဲ့ အလုပ်ပါပဲ။ ဒါပေမယ့် လမ်းပတ် ဝယ်ယူခဲ့တဲ့ တိုက်စစ် ကစားသမားတွေကို ခင်ဗျားတို့ ကြည့်လိုက်ပါ။ သူဟာ စစရောက်ခြင်းမှာပဲ ဒယ်လီအလီကို ဝယ်ယူခဲ့ပြီး ဗန်ဒီဘိကို မန်ချက်စတာယူနိုက်တက် ကနေ အငှား ခေါ်ယူခဲ့ပါတယ်။

ဒါတွေဟာ အလုပ် မဖြစ်ခဲ့ဘဲ အောင်မြင်မှုလည်း မရခဲ့ပါဘူး။ ဒါ့အပြင် ဒီိရာသီမှာလည်း ကလာဗန်လီဝန်ရဲ့ ဒဏ်ရာပြသနာတွေကြောင့် လမ်းပတ်ဟာ နေးလ်မူပေးကို ခေါ်ယူခဲ့ပါတယ်။

ဘန်လေကနေ ဒွိုက်မက်နေး ရောက်လာခဲ့ပါတယ်။ မက်နေး အတွက် ပေါင်သန်း ၂၀ ၊ မူပေးအတွက် ပေါင် ၁၅ သန်း ဖြစ်တာကြောင့် ဒါဟာ ကြီးမားတဲ့ ပြောင်းရွေ့ကြေးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီကစားသမားတွေဟာ ကလပ်မှာ ဘာကိုမှ မလုပ်ပြထားခဲ့ပါဘူး။ ခံစစ်ပိုင်းအတွက် သူတို့ ခေါ်ယူခဲ့တဲ့ ကစားသမားတွေဟာ အိုကေတယ်လို့ ဆိုနိုင်ပါတယ်။ ဥပမာ တာကောစကီး နဲ့ ကော်နာကိုဒီ တို့ပေါ့။ ဒါပေမယ့် တိုက်စစ်ပိုင်းအတွက် သူ ဝယ်ယူခဲ့တဲ့ ကစားသမားတွေကတော့ အသင်းအတွက် လုံလောက်တဲ့ စွမ်းဆောင်ရည် ဘာတစ်ခုမှ မလုပ်ထားခဲ့ပါဘူး”

SM