ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပွဲစဥ်မတိုင်မီ အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေနဲ့ ဆုဖလား ဆွတ်ခူးရေး အကြောင်း ထုတ်ပြောလိုက်တဲ့ အဲရစ် တန်ဟတ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကြားရက်မှာ ကာရာဘောင် ဖလား ဆီမီး ဖိုင်နယ် ပွဲစဥ် အဖြစ် နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ ရင်ဆိုင် ကစားသွားရဖို့ ရှိနေပါတယ် ။ ဒီပွဲမှာတော့ အသင်းသား သုံးဦး ပါဝင် ကစားပေးမှာ မဟုတ်သေးဘူးလို့ တန်ဟတ် က ပြောခဲ့လိုက်ပါတယ် ။

ယူနိုက်တက် ညာနောက်ခံလူ ဒီယိုဂို ဒါးလော့ဟာ ကြွက််သား ဒဏ်ရာ ရရှိနေခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ပွဲစဥ် 3 ပွဲမှာ ပါဝင်် ကစားပေးနိုင်ခြင်းမရှိခဲ့ပါဘူး ။ ဒါ့အပြင် အန်သိုနီ မာရှယ်ဟာလည်း ခရစ္စတယ်ပဲလေ့စ် ၊ အာဆင်နယ် အသင်းနဲ့ ပွဲတွေမှာ ဒဏ်ရာကြောင့် မကစားပေးနိုင်ခဲ့ပါဘူး ။

အခြားတဖက်မှာတော့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချိုဟာ အောက်တိုဘာ 22 တုန်းက ချဲလ်ဆီး အသင်းနဲ့ ပွဲစဥ်ပြီးကတည်းက အသင်းအတွက် ပါဝင်် ကစားပေးနိုင်ခြင်း မရှိခဲ့တာပဲ ဖြစ်ပါတယ် ။ အခုလဲ သူတို့ 3 ဦး ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိလိုက်ရပါတယ် ။

” အာဆင်နယ် နဲ့ ပွဲစဥ်မှာ မပါဝင်နိုင်ခဲ့တဲ့ သူတိုင်း ဒီပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်သေးပါဘူး ။ ဟုတ်တယ် ၊ ဒါးလော့ ၊ ဆန်ချို နဲ့ မာရှယ် တို့ မနက်ဖြန် ပွဲစဥ်မှာ ပါဝင်နိုင်ကြဦးမှာ မဟုတ်သေးပါဘူး ” လို့ တန်ဟတ် က ပြောခဲ့လိုက်ပြီး ကာရာဘောင် ဖလား ဆွတ်ခူးရေးနဲ့ ပတ်သက်လို့…

” ယူနိုက်တက် ဒီအဆင့်မှာ ကစားခဲ့တာ အတော့်ကို ကြာခဲ့ပါပြီ ။ အားပေးသူ ပေါများလှတဲ့ နေရာမှာ ကစားရတာ ကောင်းလွန်းလှပါတယ် ။ ဒီလို ပွဲစဥ်တွေ ၊ နေရာတွေက ကစားသမားတွေကို စိတ်ဓါတ် တက်ကြွစေမယ်လို့လည်း ထင်မိပါတယ် ။ ကျွန်တော်တို့ အဆင်သင့်ရှိနေဖို့ လိုအပ်ပါတယ် ”

” ကျွန်တော်တို့ ကောင်းမွန်တဲ့ လမ်းကြောင်း တစ်ခုပေါ်မှာ ရှိနေကြပါတယ် ။ ဇန်နဝါရီပဲ ရှိသေးတာမိုး အောင်မြင််မှု အကြောင်း ပြောလို့ မရနိုင်သေးပါဘူး ။ ဖေဖော်ဝါရီ ရောက်မှ ဖလားရနိုင် မရနိုင် စ,သိမှာလေ ။ ကျွန်တော်တို့ အဲ့တာလုပ်ရမယ်လို့ ရည်မှန်းချက်ထားပြီး ရှေ့ဆက်ရပါ့မယ် ”

” အဲ့တာထက် ပိုပြီး အရေးကြီးတာက ဧပြီလမှာ အခြေ အနေ ကောင်းနေဖို့ပါပဲ ။ ဖလား တစ်လုံးလောက် ဆွတ်ခူးပြီိး အဲ့လိုအချိန်မှာ ရှေ့ဆက်ရတာ ပိုကောင်းတယ်လေ ။ ကျွန်တော့် ဘဝမှာ ဖလားဆွတ်ခူးဖို့ ကံပါခဲ့ပါတယ် ။ ဒါဟာ ပရိသတ်တွေအတွက် ထူးကဲလွန်းတယ်လေ ”

” ဒီမှာရှိတဲ့ အသက်ကြီးတဲ့ လူတွေက အဲ့ဒီ အတွေ့အကြုံ ပိုင်ဆိုင်ထားခဲ့သူတွေပါ ။ အခု အပိုင်းအခြလေးမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဆုဖလားတွေ မရယူနိုင်ခဲ့သေးပါဘူး ။ မရတာ ကြာခဲ့ပြီလေ ။ အဲ့တာကို ကျွန်တော်တို့ သိကြပြီး ဖလား ပြန်လည် ဆွတ်ခူးပြနိုင်ဖို့ အလေးအနက်ထားနေကြပါတယ် ” လို့ တန်ဟတ် က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar