အာဆင်နယ်နဲ့ ရှုံးပွဲမှ ယူနိုက်တက် စတားရဲ့ လုပ်ဆောင််ချက်အပေါ် ဝေဖန်ရင်း ကစားသမား နှစ်ဦးကို ချီးကျူးလိုက်တဲ့ ပေါလ် စခိုးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ကစား သမားဟောင်း တစ်ဦးဖြစ်သူ ပေါလ် စခိုးလ် က အာဆင်နယ် အသင်းကို 3 – 2 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ပွဲစဥ်မှ ဂိုးသွင်းခဲ့တဲ့ ဆာကာကို မထိန်းနိုင်ခဲ့တဲ့ အဲရစ်ဆင်ကို ဝေဖန််ထိုးနှက်သွားခဲ့လိုက်ပါတယ် ။

အဆိုပါ သွင်းဂိုးမှာ အာဆင်နယ် ကြယ်ပွင့် ကစားသမားလေး ဖြစ်တဲ့ ဘူကာယို ဆာကာ က ဒိန်းမတ် လက်ရွေးစင်ဟောင်းကို ကျော်ဖြတ်ပြီး ဂိုးသွင်းယူသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီလို အနေအထားမှာ အဲရစ်ဆင် က ဆာကာကို အလွယ်တကူ ကျော်ဖြတ်ခွင့် ပေးခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် နေရာလွတ် ရရှိသွားခဲ့တဲ့ ဆာကာဟာ 25 ကိုက်် အကွာမှ ဂိုးပေါက် ကန်သွင်းခဲ့ပြီး အိမ်ရှင် တို့ကို 2 – 1 ဆိုတဲ့ ရလဒ် နဲ့ ဦးဆောင်ခွင့် ရရှိသွားစေခဲ့တာပဲ ဖြစ်ပါတယ်် ။ ဒီအတွက် စခိုးလ်က အဲရစ်ဆင် အနေနဲ့ ဒီထက်ပိုပြီး ကြိုးစားခဲ့သင့်တယ်လို့ ဝေဖန်ခဲ့ပါတယ် ။

 

အဲ့ဒီနောက် ပေါလ် စခိုးလ်က ယူနိုက်တက် ဘယ်နောက််ခံလူ လုခ်ရှော ကို ချီးကျူးသွားခဲ့လိုက်သလို အဲရစ်ဆင် အားနည်းခဲ့ပေမဲ့ ဆာကာရဲ့ အဝေး ကန်ချက်ဟာလည်း အရမ်းကို ကောင်းမွန်လွန်းခဲ့ကြောင်း အမွှမ်းတင်သွားခဲ့လိုက်ပါတယ် ။

” တချို့အချိန်တွေမှာ တွေးလိုက်ရင် ဒီဂိုးကို ပေးလိုက်ရတာ အရမ်းကို လွယ်ကူခဲ့တယ်လို့ ခံစားရပါတယ် ။ ဒါပေမဲဲ့ ဒီဂိုးမှာ ဆာကာရဲ့ ကန်ချက်ဟာလည်း တကယ့်ကို ထူးကဲ ကောင်းမွန်လွန်းခဲ့ရပါတယ် ။ ဒီနေရာမှာ ပိုကောင်းမွန်အောင် ကစားခဲ့သင့်တာက အဲရစ်ဆင်ပဲလို့ ထင်မိပါတယ် ”

” သူဟာ ဆာကာကို ဘယ်ဖက် အခြမ်းထဲ အလွယ်တကူ ထိုးဖောက်ခွင့် ပေးဆောင်သွားခဲ့ပါတယ် ။ အခြားတဖက်မှာတော့ လုခ်ရှော ဖက်က ဆာကာကို ကောင်းကောင်း ကိုင််တွယ် ပြသွားနိုင်ခဲ့တယ်လို့လည်းထင်မိပါတယ် ။ သူက ဆာကာကို အလွတ်မပေးခဲ့ပါဘူး ”

” ပြိုင်ပွဲရဲ့ ဘယ်ဖက် အခြမ်းကို ကြည့်လိုက်ရင် သူဟာ အမြဲလို သက်ဝင်လှုပ်ရှားနေခဲ့ပါတယ် ။ ဒါပေမဲ့ အမှား တစ်ခု ၊ အသေးအမွှားသော အမှားလေးက ဂိုး တစ်ဂိုးကို ဖြစ်သွားစေနိုင်တယ်လေ ” လို့ စခိုးလ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက်တို့ဟာ ဆာကာရဲ့ ဂိုးကို ပြန်လည်် ခြေပနိုင်ခဲ့ပေမဲ့ မိနစ် 90 ကျော်မှ အန်ကီးတီးယား ရဲ့ သွင်းဂိုးကြောင့် ကမ္ဘာ့ ဖလား ပြိုင်ပွဲပြီးနောက် ပထမဆုံး ရှုံးပွဲကို ကြုံတွေ့သွားခဲ့ရပြီး အဆင့် 4 နေရာကို ဆင်းပေးခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

#Sports_Myanmar